Tuesday, 17 November 2015

:::::::::::::::::::(၁၃) နှစ်သမီးကို ပထွေးက အဓမ္မကျင့်


      ကောလင်းမြို့နယ် ကျောက်ပြင်သာ ကျေးရွာတွင် ယခုလ (၁၅)ရက်နေ့၌ အရွယ် မရောက်သေးသည့် (၁၃)နှစ်အရွယ် အမျိုးသမီး တစ်ဦးအား ပထွေးဖြစ်သူမှ အကြိမ်ကြိမ် မဖွယ်မရာ ပြုလုပ်ပြီး။ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည့်အတွက် အမှုဖွင့် အရေးယူခံထားရကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

      အဆိုပါ ကျေးရွာနေ မ......... (၁၃)နှစ် သည် ဆော့ကစားရန်အတွက် လေတံခွန်အား နေအိမ် အိပ်ခန်းအတွင်း ရှာဖွေနေစဉ် ပထွေးဖြစ်သူ ဦးမိုးအောင် (၃၂)နှစ်မှ လေတံခွန်အား အကြောင်းပြကာ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ပထမ သတင်းပေးချက်အရ သိရသည်။

      ယင်းသို့ နေအိမ်အိပ်ခန်းအတွင်း လေတံခွန်အား ရှာဖွေနေစဉ် ပထွေးဖြစ်သူမှ ရောက်ရှိလာပြီး  “လေတံခွန် လိုချင်ရင် လာခဲ့လေ၊ မယူချင်ဘူးလား”ပြောဆိုကာ အခန်းအတွင်းရှိ အိပ်ရာပေါ်တွင် ပါးနမ်းခြင်း၊ ကိုင်တွယ်ခြင်းများ ပြုလုပ်ကြောင်း ၎င်းနောက် ညနေပိုင်းအချိန်တွင်လည်း အိမ်၌မွေးထားသည့် ကြက်များအား လိုက်လံဖမ်းဆီးစဉ် နေအိမ်ထရံ အကွယ်၌ အတင်းပွေ့ဖက် နမ်းခြင်းနှင့် မိန်းမအင်္ဂါများအား ကိုင်တွယ်ခြင်းများ ပြုလုပ်ပြီး ခါးတွင်ပါလာသည့် ဓားဦးချွန်အား ပြသကာ မည်သူ့မျှမပြောရန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ပထွေးဖြစ်သူ မရှိချိန်တွင် အဘွားဖြစ်သူနှင့် မိခင်ဖြစ်သူအား အကြောင်းစုံ ပြန်လည် ပြောပြခဲ့သည့်အတွက် ယခုကဲ့သို့ အမှုဖွင့်ခဲ့ပြီး ကောလင်းမြို့မရဲစခန်းမှ (ပ) ၃၆၇/၂၀၁၅ ပြစ်မှူပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဆက်လက်သိရသည်။

The Messenger Media
http://messengernewsjournal.com

No comments:

Post a Comment