Sunday, 29 November 2015

ရပ်ကွက်စာရေးမအား တုတ်ဖြင့်ရိုက်၍ သေဆုံး

          ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နာဂရာကျေးရွာတွင် ရပ်ကွက်စာရေးမ တစ်ဦးအား ယခုလ(၂၆) ရက်နေ့ ည (၇) နာရီ ခန့်အချိန်တွင် ရွာသားတစ်ဦးက တုတ်ဖြင့် ရိုက်သတ်လိုက်သည့် အတွက် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

          ဖြစ်စဉ်မှာ သေဆုံးသူ စာရေးမကြီး ဒေါ်.......... အသက် (၅၅) နှစ်မှာ နဂရာ ကျေးရွာဇာတိဖြစ်ပြီး အဆိုပါနေ့ည (၇) နာရီခန့်အချိန်တွင် နေအိမ်မှနေ၍ ဈေးဆိုင်သို့ ကွမ်းဝယ်ရန် သွားချိန်တွင် ရွာသားတစ်ဦးဖြစ်သူ ဦးအုန်းမောင် အသက် (၄၀) နှစ် က 4 × 2 သစ်စိပ်ဖြင့် နောက်မှနေ၍ ရိုက်သတ်လိုက်ရာ လည်ပင်းတွင်ထိပြီး ယင်းနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

          ““စာရေးမကြီး သေတာဟုတ်ပါတယ်။ လပြည့်နေ့ညက အသတ်ခံလိုက် ရတာပါ။ ဘာကြောင့်ဖြစ်တယ် ဆိုတာကိုတော့ မသိဘူး။ အခုသတ်တဲ့ သူကိုလည်း ဖမ်းဆီးထားပြီလို့ သိရပါတယ်။ သတ်တဲ့သူ ကလည်း အဲဒီရွာကပါပဲ။ သူ့ကိုသတ်တာကို မိန်းကလေး တစ်ယောက်က မြင်လိုက်တယ်။ ဘယ်သူဆိုတာ ကိုတော့ မသိဘူး။ ခန္ဓာကိုယ် ပုံစံတွေကို မှတ်မိတယ်။ သူပြောပြလို့ ဖမ်းဆီးနိုင် ခဲ့တယ်လို့ သိရပါတယ်””ဟု ဒေါ်...........တာဝန်ကျနေသည့် ညောင်ပင်လှကျေးရွာမှ ဦးမောင်ကျော်သာက ပြောသည်။

          လူသတ်မှုနှင့် ပတ်သက်၍ နဂရာ ကျေးရွာမှ သံသယရှိသူ တစ်ဦးဖြစ်သည့် ဦးအုန်းမောင်ကို ဖမ်းဆီးထားပြီး ဖြစ်ကာ ကျောက်တော်မြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေး လျက်ရှိကြောင်း သေဆုံးသူ ဒေါ်..............ကို (၂၈) ရက်နေ့တွင် သင်္ဂြိုဟ်မည် ဖြစ်ကြောင်း ကျောက်တော် မြို့မရဲစခန်းက သိရသည်။

massanger journal

No comments:

Post a Comment