Tuesday, 17 November 2015

:::::::မိန်းမကိုလာပိုးသည့် အမျိုးသားကို ခင်ပွန်းက ဓားဖြင့်ခုတ်

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - Google Images      မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ပန်းပင်ကျေးရွာတွင် ဇနီးဖြစ်သူအား လာရောက် ပိုးပန်းသည်ဟုထင်၍ ခင်ပွန်းမှ ဓါးဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

      ဖြစ်စဉ်မှာ နိုဝင်ဘာလ(၂)ရက်နေ့၊ ည(၁၀) နာရီအချိန်က သပိတ်ကျင်းမြို့ နယ်၊ . . . . . ကျေးရွာနေ ဦး. . . . .(၃၀) နှစ်သည် ဇနီး မ. . . . . . .(၃၆)နှစ်နှင့်အတူ နေအိမ်၌ အိပ်နေစဉ် တစ်ရွာတည်းနေ ကြည်ရွှင် (၄၀)နှစ်မှ နေအိမ်အတွင်း တိတ်တဆိတ် ၀င်ရောက်လာသည်ကို ဇနီးဖြစ်သူအား လာရောက်ပိုးပန်းသည်ဟု ထင်မှတ်၍ အရိုးအသွား (၂၄)လက်မခန့်ရှိ ဓားဖြင့်ခုတ်ခဲ့ရာ ကြည်ရွှင်၏ ယာခြေသလုံး ပြတ်ရှဒဏ်ရာရရှိပြီး တွင်းငယ် တိုက်နယ်ဆေးရုံသို့ ပို့အပ်စဉ် လမ်းတွင် သွေးထွက်လွန်၍ ရရှိဒဏ်ရာဖြင့် သေဆုံးသွားခြင်း ဖြစ်သည်။

           အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ အကိုက တိုင်တန်း၍ ကျော်ဆန်းဦးအား သပိတ်ကျင်း မြို့မရဲစခန်းတွင် (ပ)၁၇၄/ ၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

The Messenger Media

No comments:

Post a Comment