*********************************************************
ရန်ကုန်၊ နိုဝင်ဘာ ၁၁-ထိုင်းနိုင်ငံရှိ ပုစွန်ခွာစက်ရုံတစ်ရုံကို ဝင်ရောက် စစ်ဆေးရာ အသက်မပြည့်သေးသည့် အထောက်အထားမဲ့ မြန်မာကလေး ငယ် ၁၇ ဦးကို စစ်ဆေးတွေ့ရှိကာ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း စမွတ် စခွန်ခရိုင် မဟာချိုင်နယ်မြေအတွင်း ရှိ GIG ပုစွန်ခွာစက်ရုံသို့ လူပွဲစား များမှ လာရောက်ပို့ဆောင်ထား သည့် မြန်မာကလေးလုပ်သား ခိုင်းစေနေ သည်ဟု အဆိုပါစက်ရုံမှ ထွက်ပြေး လာသည့် မြန်မာလုပ်သား တစ်ဦး၏ သတင်းပေးချက် အရ ထိုင်းနိုင်ငံ၏အထူးစုံစမ်းရေးအဖွဲ့ DSI ၊ ထိုင်းစစ် တပ်၊ ထိုင်းရေတပ်၊ LPN လူကုန်ကူး မှုတိုက်ဖျက်ရေးအဖွဲ့၊ AAC (မြန်မာ အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်ကော်မတီ)အဖွဲ့တို့ ပူးပေါင်း ကာ နိုဝင်ဘာ ၉ ရက်တွင် ဝင်ရောက် စစ်ဆေးကာ ကယ်တင်နိုင်ခဲ့ခြင်းဖြစ် ကြောင်း AAC အဖွဲ့မှ သိရသည်။
''ဝင်ရောက်စစ်ဆေးနိုင်ခဲ့တာ ကြောင့် အထောက်အထားမဲ့ ၁၈ နှစ် အထက် လုပ်သားယောက်ျားလေးကိုး ဦးနဲ့ မိန်းကလေး ၁၀ ဦး၊ အထောက် အထားမဲ့ အသက် ၁၃ နှစ်ကနေ ၁၇ နှစ်အတွင်းရှိတဲ့ ကလေးငယ်ယောက်ျား လေးငါးဦးနဲ့ မိန်းကလေး ၁၂ ဦးတို့ ကို ကယ်တင်နိုင်ခဲ့ပါတယ်''ဟု AAC အဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆို သည်။
ကယ်တင်ရရှိသူများသည် ၎င်း စက်ရုံတွင် ည ၂ နာရီတွင် အလုပ် စတင်ဝင်ရောက်ရပြီး ည ၈ နာရီအထိ တစ်နေကုန် အလုပ်လုပ်ကြရ ကာ လုပ်အားခကို တစ်နေ့လျှင် ဘတ် ၈၀ မှ ၁၅၀ ကြားသာရရှိကြပြီး အချိန်ပို ကြေး၊ နားရက်များခံစားခွင့် မရှိကြ ဘဲ ထိုင်းနိုင်ငံသို့ပို့ဆောင်ပေးသည့် ပို့ဆောင်ခ စရိတ်ကြွေးများကျေရန် ဆပ်နေရကြောင်း AAC မှ စစ်ဆေး တွေ့ရှိချက်များကို ဆိုထားသည်။
ယင်းအပြင် တချို့သည် အလုပ် လုပ်ရင်းဖြင့် ပို့ဆောင်ခ စရိတ်များ ဆပ်နေရသည်မှာ ခုနစ်လကျော်ကြာ မြင့်သည့်တိုင် အကြွေးမကျေနိုင်ပဲ ဆက်လက် အလုပ်လုပ်နေရကြောင်း လွတ်မြောက်လာသည့် အလုပ်သမ တစ်ဦး၏ပြောပြချက်ကို ဗဗဃ က ဖော်ပြထားသည်။
ZCH
#Democracytoday
No comments:
Post a Comment