Wednesday, 11 November 2015

(၁၄) နှစ်အရွယ် ကလေးငယ်ကို ပထွေးဖြစ်သူမှ အကြိမ်ကြိမ် အဓမ္မပြုကျင့်

      တန့်ဆည်မြို့နယ် ဇီးဖြူကုန်း ကျေးရွာတွင် အသက်(၁၄)နှစ်အရွယ် အသက် မပြည့်သေးသည့် အမျိုးသမီးတစ်ဦးအား ပထွေးဖြစ်သူမှ အဓမ္မကျင့်ရာ ကိုယ်ဝန်ရမှ သိရှိခဲ့ရကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

      ပြီးခဲ့သည့် အောက်တိုဘာလ(၂၉ ) ရက်နေ့တွင် ဒေါ်.......... (၄၅)နှစ် ဆိုသူအား တစ်ရွာတည်းနေသူ ဒေါ်. . .မှ ၎င်း၏ သမီးဖြစ်သူအား ကြည့်ကာ “ခါးတုတ်နေတယ်၊ နင့်သမီး မေးကြည့်စမ်း ဘာဖြစ်လို့လဲမသိဘူး မူမမှန်ဘူး”ဟုပြော၍ သမီးဖြစ်သူအား မေးကြည့်ရာ ပထွေးဖြစ်သူမှ အဓမ္မ ကျူးလွန်ခဲ့သည့် အတွက် ကိုယ်ဝန်ရှိခဲ့ကြောင်း ပြောပြခဲ့သည်ဟု ပထမ သတင်းပေးချက်အရ သိရသည်။

      ပြီးခဲ့သည့် မေလ(၂၀) ရက်နေ့က ပထွေးဖြစ်သူ ကို . . .နှင့် မ. . . (၁၄)နှစ်တို့ သည် အတူတကွ ၎င်းတို့ ယာတောအတွင်း ပဲစိုက်ရန် ထွန်ယက်သည့် နေရာသို့ အမှိုက်ကောက်သွားခဲ့စဉ် ပထွေးဖြစ်သူမှ အဓမ္မပြုကျင့်ခဲ့ပြီး ၎င်းနောက်တွင်လည်း မိခင်ဖြစ်သူ မရှိချိန် ပထွေးဖြစ်သူမှ သားမယားအဖြစ် အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြောင်း၊ “မည်သူမှမတိုင်နှင့် တိုင်ရင်သတ်ပစ်မယ်”ဟု ခြိမ်းခြောက်သဖြင့် ပြန်လည် ပြောပြခြင်း မရှိခဲ့ကြောင်းကို မိခင်ဖြစ်သူအား ပြန်လည် ပြောပြခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

      ယင်းသို့ အရွယ်မရောက်သေးသည့် သမီးဖြစ်သူအား ပထွေးဖြစ်သူမှ အကြိမ်ကြိမ် အဓမ္မပြုကျင့်ကာ ကိုယ်ဝန်ရရှိခဲ့သည့် အတွက် မိခင်ဖြစ်သူဒေါ်. . .မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တန့်ဆည်မြို့မရဲစခန်း အမှုကြီး အမှတ်စဉ်(၇/၂၀၁၅) (ပ)၁၄၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဆက်လက် သိရသည်။

The Messenger Media

No comments:

Post a Comment