Monday, 3 November 2014

Air Force One လေယာဉ် တောင်ပံ ချွတ် ယွင်း မှု ကြောင့် သမ္မတ အိုဘားမား လေယာဉ် ခရီးစဉ် ပြောင်းလဲခဲ့ရ

အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ၎င်း၏ အဖွဲ့ဝင်များသည် Air Force One လေယာဉ်ဖြင့် ဝါရှင်တန်မြို့သို့ အောက်တိုဘာ ၂ရက်တွင် ထွက်ခွာရန် စီစဉ် ထားသော်လည်း ၎င်းလေယာဉ်၏ တောင်ပံ အနည်းငယ် ချွတ်ယွင်းမှုကြောင့် အခြားလေယာဉ်တစ်စင်းသို့ ပြောင်းလဲစီးနင်း ခဲ့ရကြောင်း သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ အီရစ်ရှူလစ်က ပြောကြား ခဲ့သည်။ သမ္မတ အိုဘားမားသည် နိုဝင်ဘာ ၄ရက်တွင် ကျင်းပမည့် နှစ်လယ်ရွေးကောက်ပွဲ မတိုင်မီ စည်းရုံး လှုံ့ဆော်မှုများ လုပ်ဆောင်ရန်အတွက် ကွန်နယ်တီကပ် ပြည်နယ် သို့ သွားရောက်ပြီး ပန်ဆယ်ဗေးနီးယား ပြည်နယ်သို့ ပျံသန်းနေစဉ် လေယာဉ်ခရီးစဉ်ကို ပြောင်းလဲခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါတွင် Air Force One လေယာဉ်ကို သက်ဆိုင်ရာက ပြုပြင် ထိန်းသိမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ မြ၀တီ

No comments:

Post a Comment