Monday, 24 November 2014

ရည်းစားနဲ့ပြတ်သွားလို့ လမ်းမှားမရောက်စေချင်ဖူး 

-----------———----------- တချို့တွေရှိတယ် ၊၊ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပစ်သွားလို့ စိတ်ညစ်ပြီး အရက်တွေသောက်ကြတယ် ၊၊ club တွေတက် , မကောင်းတာတွေအကုန်လုပ် , သောက်စားမူးရူးပြီး ရန်တွေဖြစ် , အဲ့လိုနဲ့ ကိုယ့်ဘဝကို အနစ်မွန်းခံကြတယ် ၊၊ တချို့ကျတော့လည်း တမှိုင်မှိုင် တတွေတွေနဲ့ , အလုပ်လည်းမလုပ်နိုင် မစားနိုင် မသောက်နိုင် မအိပ်နိုင်နဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်ကြတယ် ၊၊ တချို့ကျတော့လည်း ခံပြင်းလွန်းလို့ သူ့ထက်သာတဲ့လူရှာပြမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုမဆင်ခြင်ပဲပျက်စီးသွားတဲ့လူတွေလည်းရှိတယ် ၊၊ တကယ်တမ်းတော့ အဲ့ဒါတွေက တင်္ဒဂရူးသွပ်ခြင်းပဲ  အချစ် ဆိုတာ ဘဝမှာ အရေးမပါဖူးလို့မဆိုလိုဖူး ချစ်ပါ ကြိုက်ပါ ဒါပေမယ့် သတိလေးရှိကြပါ ကိုယ့်ချစ်သူနဲ့ပြတ်လို့ ကိုယ့်ဘဝပျက်မသွားအောင်တော့နေကြပါ ၊၊ ကိုယ့်ချစ်သူက ကိုယ့်ကိုထားသွားတယ်ဆိုပါတော့ .. အရင်ဆုံးအဖြေကိုရှာကြည့်ပါ  ဘာကြောင့်လဲ ?  ရုပ်ရည်ကြောင့်လား ကိုယ်ကအပြင်အဆင်မတတ်လို့လား ဒါဆို သူ့ဘက်က ကျေနပ်စေလောက်မယ့် အနေအထိုင် အပြင်အဆင်မျိုးကိုပြောင်းလဲကြည့်လိုက်ပါ  ဒါမှမဟုတ် ငွေရေးကြေးရေးကြောင့်လား ဒါဆိုရင် ကိုယ့်ဘက်က အများကြီးကြိုးစားလို့ရနေနိုင်တာပဲ အလုပ်တွေကြိုးစားလုပ် သူ့ကိုတင့်တောင့်တင့်တယ်ထားနိုင်ပြီ သူစိတ်ကျေနပ်စေနိုင်လောက်မယ့်အခြေအနေရောက်ပြီဆိုမှ သူ့ကိုပြန်ဖွင့်ပြောပြီးညှိနှိုင်းယူလို့ရတာပဲ အဲ့ဒါတွေမှမဟုတ်လို့ သူကအကြောင်းပြချက်မရှိပဲလမ်းခွဲသွားတာဆိုရင်တော့  မင်းဘက်က သစ္စာဆိုတာကိုမသိတဲ့လူကိုမေ့ပစ်ဖို့သင့်ပါပြီ ၊ မင်းဘက်ကမပြတ်သားနိုင်လို့ သူ့ကိုအတင်းလိုက်တွယ်ကပ်နေရင်လည်းတချိန်မှာ မင်းပဲပြန်ခံစားရလိမ့်ဦးမှာပဲ ..  မင်းကိုအပေါ်ယံချစ်ပြီး ခဏတာအပျော်တွဲသွားတဲ့လူမျိုးကိုမေ့ပစ်နိုင်အောင်ကြိုးစားပါ .. ပြီးတော့ ကိုယ့်ကိုယ်ကိုအရည်အချင်းရှိအောင်နေပြီး တချိန်မှာ လက်တွဲရမယ့် အနာဂတ်ကဖူးစာသစ်အတွက် (မင်းကိုဘယ်လိုမှလက်တွဲမဖြုတ်နိုင်ဖို့အတွက်) ကိုယ့်ဘက်ကအရည်အချင်းပြည့်ပြည့်ဝဝနဲ့ဘဝသစ်တခုကိုထူထောင်နိုင်ဖို့ကြိုးစားပါ .. မင်းရဲ့ကြိုးစားမှုက တချိန်ချိန်မှာ မင်းကိုရောင်ပြန်ဟပ်စေမှာပါ  Credit- Original writer

No comments:

Post a Comment