Sunday, 23 November 2014

ရေတစ်ပေါက်လို လူ

*************** လူတစ်ယောက်ဟာ အခြားသူကို ပြောင်းလဲပေးမယ်ဆိုတဲ့စိတ် ရှိတယ်ဆိုရင် မိမိကိုယ်ကို အရင်ဆုံး ပြောင်းလဲပစ်ရပါတယ်။ ဒါမှလည်း ကိုယ့်ရဲ့အတွေ့ အကြုံ၊ ဖြစ်ပျက်မှုကို အခြေခံပြီး အခြားသူတွေကိုလည်း ကောင်းကောင်းပြောင်းလဲနိုင်မှာ ဖြစ်ပါ တယ်။ သူများတွေ ဘယ်လိုပဲ အမှားဘက်ကို လမ်းလွဲနေနေ ကိုယ်က အမှန်တရားကို ချစ်တတ်ဖို့ ပဲ လိုပါတယ်။ ငါတစ်ယောက်လည်း ကောင်းနေတော့လည်း အလကားပါပဲ။ အခြားသူတွေကြားမှာ ငါပဲ ဘေးထွက်နေတော့မှာပေါ့။ ငါလည်း ရေလိုက် ငါးလိုက် နေ လိုက်တာကောင်းပါတယ်ဆိုတဲ့ အတွေးမျိုး မထားပါနဲ့ ။ ရေတစ်ပေါက်ဟာ ခန္ဓာကိုယ်ကြီးမားတဲ့ သတ္တ၀ါတွေအတွက် မပြောပလောက်ပေမယ့် သေးငယ်တဲ့ ပုရွဲဆိတ်လို သတ္တ၀ါမျိုးတွေ အတွက် အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးကို ဖြစ်စေပါတယ်။ ဒီရေပေါက်လေးတွေ အများကြီး စုရာကနေ မြစ်တွေ၊ချောင်းတွေ ဖြစ်သွား တာကိုလည်း အမှတ်ယူသင့်ပါတယ်။ ထိုနည်းတူ လူတစ်ယောက်ကို ငါကောင်းလည်း တပါးသူတွေကမှ မကောင်းတာ နောက်ဆုံး ငါပဲ အရှုံးဖြစ်တာပဲလို့ မတွေးပါနဲ့ ။ တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံးကို မပြောင်းလဲနိုင်သေးပေမယ့် ကိုယ့်ရဲ့ မိသားစု၊ကိုယ့်ပတ်ဝန်းကျင်ကိုတော့ ကောင်းကောင်းပြောင်း လဲနိုင်မှာ ဖြစ်ပါတယ်။ မိသားစုနဲ့ ပတ်ဝန်းကျင်ဟာ မိမိကို တန်ဖိုးရှိတဲ့ လူတစ်ယောက် အဖြစ် သတ်မှတ်ပါလိမ့်မယ်။ ဒါကြောင့် မိမိကိုယ်ကို ရေတစ်ပေါက်လို လူ အဖြစ် ခံယူပြီး ကောင်းရာတွေ မိမိနဲ့ အတူ စုလာအောင် ကြိုးစားပါ။ အချိန်တွေများများ ရင်းလိုက်တဲ့ အခါ မြစ်တွေ၊ချောင်းတွေရဲ့ ရေပမာဏနဲ့ တူညီတဲ့ လူ့ ပတ်ဝန်းကျင်ကြီးကို စည်းရုံးနိုင်ပါလိမ့်မယ်။ မိမိကိုယ်ကိုကောင်း အောင် ဆောက်တည်ပါ၊ ရေတစ်ပေါက်လို လူဖြစ်ပါစေ။ True Man https://www.facebook.com/zarnibwar427

No comments:

Post a Comment