Friday, 21 November 2014

သစ်လုံးသယ်မော်တော်ယာဉ်သံကြိုးပြတ်၍ သစ်လုံးများ ပြုတ်ကျကာ အခြားယာဉ်ပေါ်ပိကျ

မိတ္ထီလာမြို့ ရန်ကုန်-မန္တလေး ကားလမ်း  မိုင်တိုင်အမှတ် (၃၃၆/ဝ) အနီးတွင် နိုဝင်ဘာ  ၁၉ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က သစ်လုံး သယ် မော်တော်ယာဉ်မှာ သံကြိုးပြတ်၍ သစ် လုံးများ ပြုတ်ကျကာ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ မိတ္ထီလာမြို့ တောင်ဘက် ရန်ကုန်- မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၃၃၆/ဝ) အနီးတွင် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ဇော်ဇော်အောင် (၃၃)နှစ် အမှတ်(၉) ရပ်ကွက် လပွတ္တာမြို့နေသူ မောင်းနှင်သည့် ယူဒီအမျိုးအစား အနက်ရောင် ၂၂ ဘီး မော်တော်ယာဉ် အမှတ် ၆ဂ/...ပေါ်တွင် တင်ဆောင်လာသော သစ်လုံးတန်ချိန် ၁၆ တန်ခွဲအား ချည်နှောင်ထားသည့် သံကြိုးပြတ်၍ ကားလမ်းဝဲဘက်ခြမ်းသို့ သစ်လုံးများပြုတ်ကျပြီး တိမ်းမှောက်စဉ် အဆိုပါလမ်းအတိုင်း ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှ ရဲအုပ်ကြည်ရှိန် မောင်းနှင်သည့် ဟာရီယာအမျိုးအစား အနက်ရောင် မော်တော်ယာဉ်အမှတ် 3D....ပေါ်သို့ သစ်လုံးသုံးလုံး ပိကျခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ရဲအုပ်ကြည်ရှိန်၊ ဇော်ဇော်အောင်နှင့် သစ်လုံးကားပေါ်တွင် လိုက်ပါလာသူ မခင်မြတ်ချို (၃၁)နှစ်၊ မောင်သူထက်နိုင်(၆)နှစ် တို့မှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။ The Mirror Daily

No comments:

Post a Comment