Sunday, 23 November 2014
ပေါင်းစပ်နိုင်မှ ဘ၀လှမယ်
^^^^^^^^^^^^^^^
ယုံကြည်မှုနဲ့ ကြိုးစားအားထုတ်မှု ပေါင်းစပ်နိုင်မှ ခိုင်မာတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်လာပါလိမ့်မယ်။ ယုံကြည်မှုရှိသော်လည်း ကြိုးစား
မှုမပါခြင်းဟာအိပ်နေရင်း အိမ်မက် မက်တတ်တဲ့သူတစ်ယောက်လိုပဲ အိပ်ယာနိုးတာနဲ့ မေ့မေ့ပျောက်ပျောက်နေမိမှာပါ။ ယုံကြည်မှုက
ခံယူချက်ကောင်းနဲ့  ထပ်ပြီး ပေါင်းစပ်မှ မှန်ကန်တဲ့ ရည်မှန်းချက်တစ်ခု ဖြစ်သွားတာပါ။
ကြိုးစားအားထုတ်မှုရှိပေမယ့် မိမိကိုယ်ကို ယုံကြည်မှု မရှိခြင်းဟာ ဖိုးလမင်းကြီးဆီက ထမင်းဆီစမ်းနဲ့ ရွှေလင်ဗန်းကို ငိုယိုပြီးတောင်း
နေတဲ့ကလေးငယ် အဖြစ်လိုပဲ၊ ဘယ်လောက် ကြိုးစားပါစေဦး ဘာမှ ရလာမည်မဟုတ်ပေ။ ကြိုးစားမှုကို ခွန်းအားနဲ့ ပေါင်းစပ်ရတယ်။
ဒါမှ စွမ်းအားဆိုတာ ဖြစ်လာမှာပေါ့။
ဘ၀က သီးစုံဖျော်ရည်တစ်ခွက် လိုပါပဲ။ လိုအပ်တဲ့ အသီးပေါင်းစုံတွေ၊ သကြားတွေ အချိုးညီညီ ပေါင်းပြီး ဖျော်နိုင်မှ အရသာရှိတဲ့
ဖျော်ရည်တစ်ခွက်ဖြစ်လာတယ်။ ဒီလိုပဲ ယုံကြည်မှု၊ ကြိုးစားမှု၊ ခံယူချက်၊ ခွန်အား စတာတွေကို သူ့ နေရာနဲ့ သူ ညီမျှစွာ ပေါင်းစပ်
အသုံးပြုနိုင်မှ ကျေနပ်စရာကောင်းတဲ့ ဘ၀တစ်ခု ရလာမှာ ဖြစ်ပါတယ်။
True Man
https://www.facebook.com/zarnibwar427
Subscribe to:
Post Comments (Atom)
No comments:
Post a Comment