သတင်းရန်နိုင်
Tuesday, 4 November 2014
တမန်တော် မိုဟာမက်ရဲ့ မြေး သေဆုံးခြင်း အထိမ်းအမှတ်အဖြစ် ဦးခေါင်းကို ဓားနဲ့ ထစ်ပေးပွဲပြုလုပ်
တမန်တော် မိုဟာမက်ရဲ့ မြေး သေဆုံးခြင်း အထိမ်းအမှတ်အဖြစ် ဦးခေါင်းကို ဓားနဲ့ ထစ်ပေးပွဲပြုလုပ် တမန်တော် မိုဟာမက်ရဲ့ မြေး သေဆုံးခြင်း အထိမ်းအမှတ်အဖြစ် Ashura နေ့လို့ခေါ်တဲ့ ပွဲတော်တစ်ရပ် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ် ပါတယ်။ ဒီပွဲတော်မှာ အိန္ဒိယ၊ ပါကစ္စတန်၊ လက်ဘနွန်၊ အာဖဂန်နစ္စတန် တို့မှာရှိတဲ့ ရှီးယိုက်မွတ်စလင်တွေ ပါဝင်ဆင်နွှဲကြတယ်လို့ သိရပါတယ်။ တမန်တော်မိုဟာမက်ရဲ့မြေးနာမည်က အီမန်ဟူစိန်ပါ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ လောက်က တိုက်ပွဲတစ်ခုမှာ ကျဆုံးသွားခဲ့သူဖြစ်ပါတယ်။ ပုံထဲမှာ ကလေးငယ်လေးတွေဟာ ဓားကြီးတွေ ကိုင်စွဲပြီး ပွဲတော်မှာ ပါဝင်ဆင်နွှဲနေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ တစ်ချို့ကလေးငယ်တွေဆိုရင်လည်း ဖခင်ဖြစ်သူကိုယ်တိုင်က ဦးခေါင်းကို ဓားနဲ့ ထစ်ပေးတာမျိုးတွေ တွေ့မြင်ရမှာဖြစ်ပါတယ်။ Ref:Daily Mail စည်သူကျော်စွာ News Watch Journal
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment