Friday, 21 November 2014

သတင်းသမားများအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအား အရေးမယူ ပစ်ထားခြင်းများ အဆုံးသတ်ရေးဆိုင်ရာ နိုင်ငံတကာနေ့တွင် ခွင့်ပြုချက်တင်၍ ဆူးလေစေတီ၌ဆုတောင်းသော သတင်းသမားများကို ပုဒ်မ ၁၉ ဖြင့် သက်ဆိုင်ရာက အမှုဖွင့်

Saturday, November 22, 2014 ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်တွင် မီဒီယာဖိနှိပ်ချုပ်ချုယ်မှု ရပ်တန့်ပေးရေးနှင့် သတင်းသမားများ မတရားသဖြင့် အရေးယူမခံရရေးအတွက် ခွင့်ပြုချက်တင်၍ ဆူးလေဘုရားတွင် ဆုတောင်းခဲ့သော သတင်းသမားများအား ကျောက်တံတားမြို့မရဲစခန်းမှ ပုဒ်မ-၁၉ ဖြင့် အမှုဖွင့်ခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။ “ယခုလအတွင်း ဆူးလေစေတီမှ ဆုတောင်းပွဲပြုလုပ်ခဲ့သူတွေကို ပုဒ်မ ၁၉ နှင့် အမှုဖွင့်ထားတာ ဟုတ်ပါတယ်။ အမှုကိုတော့ ကျောက်တံတားရဲစခန်းကပဲ မနေ့ကဖွင့်ခဲ့တာ ဖြစ်မယ်ထင်တယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းကြည်က နိုဝင်ဘာ ၂၁ ရက်တွင် The Daily Eleven သတင်းစာသို့ ဖြေကြားခဲ့သည်။ အဆိုပါဆုတောင်းပွဲကို နိုဝင်ဘာ ၂ ရက်တွင် ကျရောက်သည့် International Day To End Impunity (သတင်းသမားများအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအား အရေးမယူပစ်ထားခြင်းများ အဆုံးသတ်ရေးဆိုင်ရာ နိုင်ငံတကာနေ့တွင်) သတင်းသမားများအားလုံးအတွက် ပြည်တွင်းဂျာနယ်လစ်များနှင့် တက်ကြွလှုပ်ရှားသူ ၁၅၀ ခန့်က တီရှပ်အဖြူများ တူညီစွာဝတ်ဆင်၍ အော်ဟစ်ဆန္ဒထုတ်ဖော်ခြင်းမရှိဘဲ ဂျာနယ်လစ်များနှင့် တက်ကြွလှုပ်ရှားသူ ၁၅၀ ခန့်သည် သတင်းမီဒီယာအပေါ် ဖိနှိပ်မှု၊ ရာဇ၀တ်မှုများ ကျူးလွန်မှုများအတွက် တီရှပ်အဖြူများ တူညီစွာဝတ်ဆင်ကြပြီး ဆူးလေစေတီ တစ်ပတ်လှည့်လည်ကာ ဘုရားပေါ်တွင် ဆုတောင်းဝတ်ပြုခဲ့ကြခြင်းဖြစ်သည်။ “သတင်းထောက်တွေအများကြီး အသတ်ခံရတဲ့ နိုင်ငံတကာနေ့မှာ အစ်မတို့ သတင်းသမားတွေအနေနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ သတင်းထောက်တွေ ပူပင်ဒုက္ခတွေ ကင်းဝေးအောင်လို့ ဘုရားမှာ ဆုတောင်းမေတ္တာပို့တာပါ။ မြန်မာနိုင်ငံမှာလည်း သတင်းထောက်တွေ ဖမ်းဆီးထောင်ချခံနေရတယ်။ ဖမ်းဆီးထောင်ချခံရတဲ့ သတင်းထောက်မိသားစုဝင်တွေလည်း ပူဆွေးသောကရောက်ကြတယ်။ ဒီလိုအနေအထားတွေမှာ တရားဥပဒေဆိုတဲ့ အရာကလည်း မျှတတဲ့အနေအထားတွေ မရှိလာတဲ့အတွက် ယုံကြည်မှုတွေ မဲ့လာတယ်။ အခုလည်း ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒီလိုအခက်အခဲတွေရှိရင် ဘုရားမှလွဲပြီး ကိုးကွယ်ရာမရှိတဲ့အတွက် ဘုရားမှာဆုတောင်းတာကို တရားစွဲတယ်ဆိုတော့လည်း။ ထုံးစံအတိုင်း သတင်းထောက်တွေမို့လို့ အရေးယူတယ်လို့ ထင်မြင်မိပါတယ်” ဟု သမဂ္ဂသတင်းဂျာနယ်မှ သတင်းထောက်ချုပ် မရွှေမှုန်က ဆိုသည်။ ဆုတောင်းပွဲပြုလုပ်ရန်အတွက် သတင်းသမားများက သက်ဆိုင်ရာသို့ ခွင့်ပြုမိန့်တောင်းခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး မှတ်ချက်ဟုဆိုကာ မလျှောက်ထားသည့် တာမွေမြို့နယ်ရှိ ဟစ်တိုင်နေရာသာပေးခဲ့၍ သတင်းထောက်များမှ ဘုရားဝတ်ပြု ဆုတောင်းခြင်းသာ ပြုလုပ်မည်ဖြစ်သောကြောင့် မြို့တော်ခန်းမရှေ့၌သာ ခွင့်ပြုပေးရန် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ခွင့်ပြုခဲ့ခြင်းမရှိကြောင်း သိရသည်။  Eleven Media Group

No comments:

Post a Comment