Sunday, 23 November 2014

Gandhi ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းရှိတယ် 

" ကျွန်ုပ် ရဲ့ စိတ် ကို သူတစ်ပါးရဲ့ ညစ်ပေတဲ့ ခြေထောက်တွေနဲ့ ဖြတ်သန်း လျှောက်လှမ်းသွားမှာကို ခွင့်မပြုပါဘူး " တဲ့  တခါတလေ ကိုယ့်စိတ်ထဲက နှလုံးသား အဖြူရောင်ဟာ  တစ်ပါးသူရဲ့ ညစ်ပေမည်းညစ်တဲ့ အပြုအမူ ၊ စိတ်ဓါတ်တွေကြောင့်  ညစ်ပေသွားတတ်တယ် သူတစ်ပါးရဲ့ လုပ်ရပ်တွေကြောင့် သင့်စိတ်ကို ဒေါသထွက်ခွင့်မပြုပါနဲ့  သူတစ်ပါးရဲ့ ရက်စက်မှုကြောင့် သင့်စိတ်ကို ပူလောင်ခွင့်မပြုပါနဲ့  သူတစ်ပါးရဲ့ လှောင်ရယ်မှုကြောင့် သင့်စိတ်ကို ညှိုးနွမ်းခွင့်မပြုပါနဲ့ သူတစ်ပါးရဲ့ နှိမ့်ချမှုကြောင့် သင့်စိတ်ကို နိမ့်ကျခွင့်မပြုပါနဲ့  နောက်ဆုံး သူတစ်ပါးရဲ့ ယုတ်ညံ့တဲ့ ခြေထောက်တွေရဲ့နင်းဖြတ်မှုကြောင့် သင့်ရဲ့ဖြူစင်တဲ့နှလုံးသားတွေ ညစ်ပေခွင့်မပြုပါနဲ့ ။  credit-Original writer

No comments:

Post a Comment