Published on: November 26, 2014
ဝေဇယန္တာလမ်းမပေါ်တွင် အုပ်စုဖွဲ့မောင်းနှင်နေသည့် ဆိုင်ကယ်များကို နိုဝင်ဘာ ၂၅ ရက်ည ၁၀ နာရီဝန်းကျင်က
တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)


ရန်ကုန်မြို့အတွင်း ညဥ့်အချိန်၌ ဆိုင်ကယ်အစီး ၂၀ ကျော်နှင့် ပြိုင်ကားတစ်စီးတို့ အုပ်စုဖွဲ့ကာ မောင်းနှင်
နေမှုကို နိုဝင်ဘာ ၂၅ ရက် ညဥ့်ဦးပိုင်းက ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ပြိုင်ကားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်
။
ရန်ကုန်မြို့တွင်း ည ၉ နာရီဝန်းကျင်တွင် မော်ဒယ်မြင့် မော်တော်ဆိုင်ကယ်အစီး ၂၀ ကျော်နှင့် ပြိုင်ကားတစ်စီ
း၊ ကိုယ်ပိုင်ယာဉ်နှစ်စီးတို့သည် ဦးချစ်မောင်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ဝေဇယန္တာလမ်း၊ မြောက်ဥက္ကလာလမ်းမြ
ကီးနှင့် သုဓမ္မာလမ်းမကြီးတို့အား အုပ်စုဖွဲ့ကာ မောင်းနှင်နေမှုကို ပြည်သူတစ်ဦးက အရှေ့ပိုင်းရဲတပ်ဖွဲ့ဝင်
ရုံးသို့ သတင်းပေးခဲ့ရာမှ ယင်းအဖွဲ့ထဲမှ ပြိုင်ကားတစ်စီးအား ပိတ်ဆို့ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိတ်ဆို့ဖမ်းဆီးရမိခဲ့သော ပြိုင်ကားသည် အမှတ် (၃) လမ်းမကြီး မင်္ဂလာဒုံမြို့နယ် နီလာရိုးမ
စက်သုံးဆီဆိုင်ရှေ့အနီး၌ စက်ချို့ယွင်း၍ရပ်ခဲ့ရာမှ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်မှူးအပ
ါအ၀င် ရဲတပ်ဖွဲ့ဝင်များက ည ၁၀ နာရီ ၄၅ မိနစ်တွင် ပိတ်ဆို့ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြိုင်ကားအား ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်စီးဂျာကင်တစ်ထည်၊ ဆိုင်ကယ်ဦးထုပ်နှစ်လုံး၊ စကားပြောစက်တစ်လုံး၊ ဘက်
ထရီအပိုတစ်ခု၊ ၀ီးတက်တစ်ခု၊ ကားသော့တစ်ချောင်း၊ အချက်ပြမီးတုတ်တစ်ချောင်း၊ နီကွန်ကင်မရာကြီးတစ်
လုံး၊ ဖလပ်မီးနှစ်ခုနှင့် အားသွင်းခွက်သုံးခုတို့အား ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ
မြို့နယ်မှူးက ပြောကြားသည်။
အမှတ် (၃) လမ်းမပေါ်တွင် ဖမ်းဆီးရမိသော ပြိုင်ကားအား တာဝန်ရှိသူများက ရှာဖွေနေစဉ်
“ကားကတော့ လိုင်စင်ရှိတယ်။ ကားပေါ်မှာပါတာကတော့ နှစ်ယောက်ပါ။ သူတို့ကားက စက်ချို့ယွင်းလို့ ရပ်ခဲ့တဲ့အချိ
န်မှာ ဖမ်းဆီးရမိခဲ့တာပါ။ ရှေ့က ဆိုင်ကယ်အစီး ၂၀ ကျော်ကိုတော့ ဖမ်းဆီးရမိတဲ့ နှစ်ယောက်စီကနေတစ်ဆင့် ပြန်
ခေါ်ခိုင်းထားပါတယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲကိုတော့ အခုစစ်ဆေးနေတုန်းပါ။ အခု ဆိုင်ကယ်အဖွဲ့ထဲက
တစ်ယောက်ကိုတော့ခေါ်ပြီး ထောက်ကြန့်ရဲစခန်း အမှတ် (၄) နယ်မြေရဲကင်းမှာ စစ်ဆေးနေတယ်” ဟု မင်္ဂလ
ာဒုံမြို့မရဲစခန်းမှ မြို့နယ်မှူးက ပြောကြားသည်။
ယင်းဆိုင်ကယ်အဖွဲ့အား မျက်မြင်တွေ့ရှိသူတစ်ဦးက “ဒီအဖွဲ့တွေကို မြကျွန်းသာကန်ပေါင်မှာ တွေခဲ့တာပါ။ ဆို
င်ကယ်အကြီး ၂၀ လောက်နဲ့ ပြိုင်ကားလည်းပါတယ်။ နောက်ပြီး ဓာတ်ပုံတွေရိုက်နေကြတယ်။ သိပ်မကြာဘူး
ပြန်မောင်းထွက်သွားကြတယ်။ Rolling Stone Yangon group စာတမ်းပါ ဂျာကင်ဆင်တူ
ဝတ်ထားတွေ့ရပါတယ်” ဟု ပြောကြားသည်။
ဖမ်းဆီးရမိခဲ့သောပြိုင်ကားကို ထောက်ကြန့်အမှတ် (၄) နယ်မြေရဲကင်း၌ ယာယီထိန်းသိမ်းထားပြီး ကားပေါ်ပါနှစ်
ဦးမှာ တာမွေမြို့နယ်၌ နေထိုင်သူများဖြစ်ကြောင်း သိရသည
eleven
No comments:
Post a Comment