့
ကော့တောင်ကျွန်း ဗြိတိန်လူမျိုးနှစ်ဦး အ
သတ်ခံရတဲ့ ဖြစ်စဉ်မှာ မြန်မာနှစ်ဦးကို လူသတ်
သူအဖြစ် ထိုင်းရဲက ဖမ်း မတရား ညှင်းပန်းနှိပ်
စက်ပြီး အပြစ်ဝန်ခံခိုင်းခဲ့ကြောင်း လူငယ်နှစ်ဦး
က ပြောဆိုခဲ့ပါတယ်။
အမှုစဖြစ်ကာစမှာတော့ ထိုင်းရဲက သာမန်လို သဘောထားပြီး လုပ်နေကျအတိုင်း ထိုင်းနိုင်ငံ သိက္ခာမကျဖို့ဆိုပြီး မြန်မာနှစ်ဦးကို စွပ်စွဲလိုက်ပါတယ်။ ဒါပေမယ့် အမှုဟာ တဖြည်းဖြည်းနဲ့ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရတဲ့အမှုအပြင် ဗြိတိန်၊ ထိုင်း နဲ့ မြန်မာ သုံးနိုင်ငံ ဆက်ဆံရေး ထိခိုက်နိုင်တဲ့ အခြေအနေအထိ ဖြစ်လာခဲ့သလို မြန်မာလူငယ်နှစ်ဦးရဲ့ မိဘတွေက မြန်မာသံရုံး အကူအညီနဲ့ ထိုင်းလူ့အခွင့်အရေး ကော်မရှင်ဆီကို တိုင်ကြားခဲ့တဲ့နောက် အမှုကိစ္စထဲ မဖြစ်မနေ ထိုင်းလူ့အခွင့်အရေး ကော်မရှင်ပါလာခဲ့ရတယ်။
မြန်မာနှစ်ဦးကို ညှင်းပန်းနှိပ်စက်ပြီး မတရားဝန်ခံခိုင်းခဲ့တယ်ဆိုတာကို လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးဖို့ ထိုင်းရဲကို တရားဝင်ဆင့်ခေါ်ခဲ့တယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ ဂရုမစိုက်သလိုလုပ်ပြီး ၂ ကြိမ်ခေါ် ၂ ကြိမ်စလုံး လာမတွေ့တော့ တဖြည်းဖြည်း ထိုင်း ရဲ အပြင် လူ့အခွင့်အရေးကော်မရှင်ပါ နာမည်ပျက်မယ့်ကိန်းကြုံနေရပြီ။
ဒါပေမယ့် ထိုင်းလူ့အခွင့်အရေးကော်မရှင် NHRC ရဲ့ ဥက္ကဌ Niran Pitakwatchara ကတော့ “ကျနော်တို့ အနေနဲ့ နှစ်ဖက်စလုံးကို အကောင်းဆုံး ကူညီနေခဲ့ပါတယ်။
အထူးသဖြင့် ပြောင်းရွှေ့လုပ်သားတွေဖက်ကပေါ့။ သူတို့တွေ ကျနော်တို့နိုင်ငံထဲမှာ မတရား လုပ်ဆောင်ခံရမှု မရှိစေရေးအတွက်ပါ။ ဒီလို အလုပ်ခံနေရမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံကို ဘယ်လူမျိုးခြားကမှ လာရောက်တော့မှာ မဟုတ်ပါဘူး။” လို့ ပြောသလို တဖက်ကလည်း “NHRC က ရဲတပ်ဖွဲု့ မတရားလုပ်ခဲ့တယ်လို့ စွပ်စွဲနေတာ မဟုတ်ပါဘူး။ အချက်အလက် လိုချင်ယုံပါပဲ၊ ကြားနာမှုတွေဟာ သဲလွန်စနဲ့ အချက်အလက်အတိုင်းသာ ဖြစ်မှာပါ။
ဘယ်သူသတ်သလဲ ဆိုတာ ကျနော်တို့ စုံစမ်းရမယ့် ကိစ္စမဟုတ်လို့ ကျနော်တို့ မသိချင်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
အကယ်၍ နိုဝင်ဘာလ ၁၂ ရက်နေ့အထိသာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ မြန်မာနှစ်ယောက်ကို သက်သေခိုင်လုံစွာနဲ့ တရားစွဲမတင်ပို့နိုင်ခဲ့ရင်တော့ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဥပဒေပုဒ်မ Section 34 အရ ရဲတပ်ဖွဲ့ကို တရားဝင် စွဲချက်တင် အမှုဖွင့်သွားမယ်လို့ Niran က ပြောကြားခဲ့ပါသေးတယ်။
“ကျနော်တို့ NHRC အနေနဲ့ ဘယ်သူ့ရဲ့ အလုပ်ကိုမှ ၀င်ရောက်စွက်ဖက် နှောင့်ယှုက်မှာ မဟုတ်ပါဘူး။ ကျနော်တို့က ကျနော်တို့ဆီရောက်လာပြီး ကန့်ကွက်တဲ့ အမှုအခင်းကိုပဲ ကျနော်တို့ အလုပ်တာဝန်ကျေပွန်စွာ ဆောင်ရွက်မှာပါ။
အဲ့ဒီလို အလုပ်နိုင်ဘူးဆိုရင် ကျနော်တို့ဟာ ကော်မရှင်ရဲ့ ဥပဒေကို ချိုးဖေါက်ရာ ရောက်သွားပါလိမ့်မယ်။” လို့ ဆိုခဲ့ပါတယ်။
အဖမ်းခံထားရတဲ့ အသက် ၂၁ နှစ်သားမြန်မာနှစ်ဦးဟာ လူသတ်မှု၊ မုဒိန်းမှု၊ ခိုးမှုတွေနဲ့ ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲ ဖမ်းဆီးထားပေမယ့် တရားရုံးက အချက်အလက် မပြည့်စုံဘူးဆိုပြီး ပြန်စစ်ဆေးခိုင်းထားလို့ အခုထိ တရားစွဲဆို နိုင်ခြင်း မရှိသေးပါဘူး။ မြန်မာနှစ်ဦးအတွက် မျှော်လင့်ရမှာက နိုဝင်ဘာလ ၁၂ ရက်နေ့ဖြစ်ပါတယ်။
ရုပ်သံ
ญาติพม่าคดีเกาะเต่าร้องDSIปมโดนซ้อม
สภาทนายความนำญาติพม่าคดีเกาะเต่าร้อง DSI จี้ตร.แจงปมซ้อมผู้ต้องหา วันนี้(3พ.ย.57)มีรายงานว่านายแพทย์ นิรันดร์ พิทักษ์วัชระกร
ဒါ နောက်ဆုးံ သတင်းပါ
နေခိုင်ရေးသားသည်
Friday, 7 November 2014
လူသတ်မှုအတွက် မြန်မာနှစ်ဦးလွတ်မြောက်မယ့်ရက် နိုဝင်ဘာလ ၁၂ (သို့) ထိုင်းရဲတို့ ငရဲကျမယ့်နေ

Subscribe to:
Post Comments (Atom)
No comments:
Post a Comment