21/11/2014
အသက် (၂၆) နှစ်သာ ရှိသေးသောယဉ်သူ အေးအဖို့ အသည်း ကွဲတာထက်ပိုသော ပြင်းထန် သည့် ခံစားချက်ဆိုတာမျိုး မကြုံဖူးခဲ့ပါ။ သုံးနှစ်ကြာတွဲလာသော ရည်းစားနှင့် အကြောင်းမတိုက်ဆိုင်လို့ ပြီးခဲ့သည့် တစ်ပတ်ကလမ်းခွဲလိုက်သည်။ ထို့နောက်ပိုင်း သူ့မှာ မစားနိုင် မသောက်နိုင်။ အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်သလို အိပ်လည်း မပျော် နိုင်ပါ။ သူ့အတွက် ကမ္ဘာကြီးက ပြီးဆုံးသွားပြီဟုသာ ထင်မိသည်။
‘‘ဘယ်လိုပြောမလဲ ကိုယ် တိုင်ကြုံဖူးမှ သိရတာမျိုး ရင်ထဲ မှာ နာကျင်ပြီး အနာဂတ်ပျောက် နေသလိုလို ရင်ဘက်ထဲမှာလည်း အစိုင်အခဲကြီး ဖြစ်နေသလိုလိုနဲ့ ဘာမှ လုပ်ချင်စိတ်ကို မရှိတာ’’
သူ့အဖြစ်ကို သူငယ်ချင်း တွေကို ပြောပြတော့ သူတို့က ပို လွန်းသည်ဟု ဆိုကြသည်။ အချိန် ကြာလာတော့ တဖြည်းဖြည်း သက်သာလာသော်လည်း တစ်ပတ်လောက်တော့ ပြင်းပြင်းထန်ထန် ခံစားရသည်ဟုဆိုသည်။ ကျန်းမာရေးလည်း ထိခိုက်ခဲ့သည်။ တကယ်တော့ ကမ္ဘာကြီးပေါ်က ချစ်တတ်သော လူသားများအကြားမှာ အသည်းကွဲဖူးသူ မရှိသလောက်ရှားသည်ဟုဆိုသည်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ခံစားမှုဖြစ်ကာ အသည်းကွဲရသည်။
အသည်းကွဲသူများထဲမှာ ယဉ်သူအေးတို့လို သာမန်မိန်းကလေးတွေက အစ ဝေလမင်းသမီး ဒိုင်ယာနာတို့လို၊ ဟောလိဝုဒ်မင်းသမီး နစ်ကိုးလ်ကစ်မန်းတို့လို အကျော်အမော် တွေလည်း ပါဝင်သည်။ မင်းသားတွမ်ခရုစ်နှင့် ကမ္ဘာသိလမ်းခွဲပြတ်စဲပြီးနောက်မှာ မင်းသမီး နစ်ကိုးလ်ကစ်မန်းက သူ၏အသည်းကွဲမှုကို အောက်ပါအတိုင်း အတိအလင်း ၀န်ခံခဲ့ပါသည်။
‘‘ကျွန်မအတွက် အနာဂတ်မှာ ဘာရှိသလဲ မသေချာတော့သလိုပဲ။ ပြီးတော့ အရင်လိုအကောင်းမြင်ပြီး ဘ၀ကိုပြန်ရပ်တည်နိုင်မလား။ မနက်တွေမှာ စိတ်ပျက်လက်ပျက်နဲ့ နိုးထလာရမလား မသိတော့ဘူး။ ကျွန်မအဖေက ပြောတယ်။ အသည်းကွဲတယ်ဆိုတာ မလုပ်သင့်တာတို့၊ လုပ်သင့်တာတို့ အဲဒီလိုအရာမျိုး မဟုတ်ဘူး။ သူ့ဟာသူဖြစ်လာတာမျိုး တဲ့။ အမေရိကန်ဆေးသုတေသနပညာရှင်များက အသည်းကွဲခြင်းကို အပိုလုပ်သည်ဟု မထင်ပါ။ အသည်းကွဲခြင်းသည် ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေတတ်သည်ဟု သတိပေးထားပါသည်။ တချို့ ငယ်ရွယ်သူများတွင် စိတ်ပိုင်းဆိုင်ရာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသည်အထိ စိတ်ရောဂါများ ဖြစ်လာနိုင်ပါသည်။ ဆေးပညာရှင်များ၏ နောက်ဆုံးလေ့လာတွေ့ရှိချက်များအရ အသည်းကွဲရာမှ ရရှိသောစိတ်ခံစားမှုကြောင့်ဦးနှောက်ကိုထိခိုက်ပြီး ကျန်းမာရေး ထိခိုက်စေသည်ဟုဆိုပါသည်။ သူတို့လေ့လာတွေ့ရှိချက်တွေအရ အသည်းကွဲရာမှ ဖြစ်ပေါ်နိုင်သော ရောဂါဝေဒနာအမျိုးမျိုးရှိသည်ဟု ဆိုသည်။ ပထမဆုံး လေ့လာတွေ့ရှိချက်အရ နှလုံးခုန်မြန်ပြီး နှလုံးပုံမှန်မဟုတ်သည့် ဝေဒနာဖြစ်လာနိုင်သည်ဆိုသည်။ ထို့အပြင် အအိပ်ပျက်၊ အစားအသောက်ပျက်ရာမှ အအေးမိခြင်းနှင့် တုပ်ကွေးလို ရောဂါမျိုးဖြစ်နိုင်၏။ အစာပုံမှန်မစားရာက အစာအိမ်နာနိုင်ခြင်းဖြစ်သည်။ ထို့အပြင် အိပ်မပျော်သည့် ရောဂါလည်း စွဲကပ်နိုင်သည်ဟု ဆိုပါသည်။ တစ်ဦးနှင့်တစ်ဦး ခံစားရပုံချင်း မတူကြ။ စိတ်အစွဲအလမ်းကြီး သူက ပိုခံစားရပြီး ပိုအထိနာတတ် ပါသည်။ တချို့ကတော့ ကိုယ်အလေးချိန် ကျဆင်းတတ်ပါသည်။
‘‘ငယ်ငယ်တုန်းကတော့ ငယ်ရည်းစားက သစ္စာဖောက် သွားတော့ အတော်အသည်းကွဲ သွားဖူးတယ်။ ပေါင်ချိန် ၁၅ ပေါင် လောက်ကို ထိုးကျသွားတယ်။ ကိုယ့်ကိုယ်ကိုယ် မနည်းပြန်ထိန်း သိမ်းလိုက်ရတယ်’’ ဟု အသက် (၄၂) နှစ်အရွယ် အမျိုးသားတစ် ဦးက ပြောသည်။
အမေရိကန်နိုင်ငံ မေရီလန်း ပြည်နယ် ဂျွန်ဟော့ကင်းတက္က သိုလ်က အမျိုးသမီးများသည် အမျိုးသားများထက် အသည်း ကွဲသည့်ဒဏ်ကို ပိုခံစားရသည် ဟု ဆိုသည်။ အမျိုးသမီးများက ချစ်သူကြောင့် အသည်းကွဲရာမှ နှလုံးရောဂါအထိ ဖြစ်လာနိုင် သည်ဟု ၎င်းတို့က ထောက်ပြ သည်။ သို့သော်လည်း ထိုနှလုံး ရောဂါမျိုးက အချိန်ဖြင့် ကုစားက ပြန်လည်ကောင်းမွန်လာသော ရောဂါမျိုးဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် ယခုနောက်ပိုင်း တွင် ရောဂါတစ်ခုမဟုတ်သော် ငြားလည်း ငယ်သူများမှာ ဖြစ် လေ့ရှိသော အသည်းကွဲရောဂါ တစ်ခုကို ကုစားဖို့ ကျန်းမာရေး ပညာရှင်များက ကုထုံးနည်းတွေ ဖော်ထုတ်တင်ပြခဲ့ပါသည်။ ထိုအ ထဲတွင် ဒေါက်တာ ဖိလစ်ဆိုသူ က အသည်းကွဲလျှင် ပထမဆုံး လုပ်ရမည်မှာ ရည်းစားဟောင်း နှင့် ပတ်သက်တာ အားလုံးကို သံ ယောဇဉ်မထားဘဲ လက်စတုံးပစ် ရမည်ဟုဆိုသည်။
တစ်ချိန်တည်းမှာ ကျန်းမာ ရေးလေ့ကျင့်ခန်း၊ ယောဂနှင့် တ ရားထိုင်ခြင်းစသည့် အသက်ရှူ လေ့ကျင့်ခန်းနှင့် ခန္ဓာကိုယ်ဖိစီးမှု သက်သာစေသည့် လေ့ကျင့်ခန်း များကို လုပ်ပေးရမည်ဟု ဆိုပါ သည်။
‘‘ဓာတ်ပုံတွေ၊ စာတွေ၊ အ မှတ်တရတွေ အားလုံး လက်စ ဖျောက်ပစ်ပါ။ အီးမေးလ်တို့ဆို ရင်လည်း အကုန်ဖျက်ပစ်။ သူ့ကို ပြန်သတိရစရာတွေ၊ တမ်းတစ ရာတွေ အကုန်ဖျောက်ပစ်လိုက်၊ ဖေ့စ်ဘွတ်ခ်မှာလည်း ဘလော့ သာထားလိုက်’’ ဟု သူက ပြော သည်။ ထို့အပြင် သူငယ်ချင်းများ နှင့် ပျော်ပျော်ရွှင်ရွှင်နေခြင်း၊ လည်ပတ်ခြင်း၊ လူ့အသိုင်းအ၀ိုင်း နှင့် ပုံမှန်ရောရောထွေးထွေးနေ ကာ လှုပ်ရှားသွားလာပေးရမည် ဟု စိတ်ပညာရှင်များက အသည်း ကွဲသူများအား အကြံပေးထား၏။
သီချင်းများကို အားရပါးရ ဆိုပြီးလည်း ပေါက်ကွဲပစ်လိုက်နိုင် သည်။ သီချင်းဆိုရာမှာတော့ ကြေ ကွဲစိတ်မချမ်းမြေ့ဖွယ်ရာ သီချင်း မျိုးထက် တက်ကြွမြူးကြွသည့် သီချင်းမျိုးတော့ ရွေးချယ်သီဆိုရ မည်ဖြစ်ပါသည်။
နောက်ထပ်သူတို့ အကြံပေး ထားသည်က အသည်းကွဲပါက အိပ်ရာထဲ ခွေမနေမိစေဖို့ ဖြစ် ပါသည်။ ထို့ကြောင့် ကော်ဖီတို့ လို ကဖင်းဓာတ်ပါသော အရာ များကို ရှောင်ပါ။ ညဥ့်နက်ရုပ်သံ ကြည့်ခြင်းကိုရှောင်ပြီး ပုံမှန်အိပ် ရာဝင်ရန် ကြိုးစားပါဟု ဆေး ပညာရှင်များက တိုက်တွန်းအကြံ ပြုထားပါသည်။ စိတ်ပညာရှင် များကတော့ အသစ်တစ်ဖန်ပျော် ရွှင်မှုနှင့် စတင်နေထိုင်ခြင်းက အ သည်းကွဲသူများအတွက် အကောင်း ဆုံးဟု ဆို၏။ ကိုယ့်ကိုယ်ကိုယ် အားပေးမြှင့်တင်ကာ တောက်ပ သော အနာဂတ်ကို စိတ်ကူးယဉ် မျှော်မှန်းရမည်ဖြစ်သည်ဟု စိတ် ရောဂါပညာရှင် ဒေါက်တာဟုခ်ျ ဝေလ်ဘန်က ကျန်းမာရေးရုပ်သံ တစ်ခုမှာ အကြံပြုထားသည်။
‘‘လက်ရှိဘ၀က ရုန်းထွက် ပါ။ ကိုယ့်ရှေ့မှာ အနာဂတ်ကို စိတ်ကူးယဉ်ပါ။ အပြင်မှာ ဘာ တွေဖြစ်နေလဲ စိတ်သစ်လူသစ်နဲ့ လေ့လာပါ’’
ထို့အပြင် ကိုယ့်ရည်းစား ဟောင်းကပဲ ကိုယ့်ကို တကယ် ချစ်နိုင်သူ၊ သူ့နေရာမှာ မည်သူမျှ အစားမထိုးနိုင်။ သူကသာ အ ကောင်းဆုံးဟုဆိုသည့် အတွေး အခေါ်များထဲ ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်မထားရဟု သူကဆို သည်။ စကြ၀ဠာထဲမှာ နေထိုင် သော လူဦးရေ ခြောက်ဘီလီယံထဲ မှာ ကိုယ်နှင့်ထိုက်တန်သူ ကိုယ့် ကို မေတ္တာစစ်နှင့် ချစ်မည့်သူတွေ ရှိနေသေးကြောင်းလည်း သတိရ သင့်ပါသည်။
ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး ဂွက်နက်ပက်ထရိုကမူ ခဏခဏလည်း အသည်းကွဲသလို အသည်းကွဲတာကိုလည်း အောင် မြင်စွာ အကြိမ်ကြိမ် ကုစားနိုင်ခဲ့ သူဟု မေးမြန်းခန်းတစ်ခုမှာ ပြော ကြားဖူးသည်။
သူ့နည်းကတော့ ရှင်းရှင်း လေးဖြစ်ပါသည်။
‘‘အသည်းကွဲတာကို ကုစား ဖို့လား။ တကယ်တော့ လွယ်လွယ် လေး။ နောက်ရည်းစားတစ် ယောက် မြန်မြန်သာ ကောက် ထားလိုက်ပါ။ ခဏလေးကို အ ဆင်ပြေသွားမယ်’’
Credit to 7day
Friday, 21 November 2014
အသည်းကွဲဖူးလား ဖြေပါ

Subscribe to:
Post Comments (Atom)
No comments:
Post a Comment