Monday, 3 November 2014
အင်းစိန်မြို့နယ်ရှိ ဆုံဆည်းရာစားသောက်ဆိုင်တွင် အနုကြမ်းစီးမှုဖြစ်ပွား
Published on: November 4, 2014
အနုကြမ်းစီးမှုဖြစ်ပွားခဲ့သည့် အင်းစိန်မြို့နယ်ရှိ ဆုံဆည်းရာစားသောက်ဆိုင်အား နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီ
ခွဲက တွေ့ရစဉ်
အင်းစိန်မြို့နယ် ပြည်တော်သာလမ်းပေါ်ရှိ ထရိုင်စတားတာယာစက်ရုံအနီးရှိ ဆုံဆည်းရာစားသောက်ဆိုင်တွင် နိုဝင်ဘာ
၃ ရက် နံနက် ၂ နာရီခန့်က အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြ
င့်ကြိုင်က အတည်ပြုပြောကြားသည်။
အနုကြမ်းစီးကာ ပစ္စည်းများယူဆောင်ထွက်ပြေးသွားမှုကျူးလွန်ရာတွင် အမျိုးသားလေးဦးပါဝင်ပြီး ၎င်းတို့သည် ကျူးလွန်စဉ်
အတွင်း ဓားကိုင်ဆောင်ထားကြောင်း သိရသည်။
“ အခင်းဖြစ်ပွားခဲ့သည့် ဆုံဆည်းရာစားသောက်ဆိုင်အနီးတွင် တာယာစက်ရုံနှင့် စတီးစက်ရုံတို့သာရှိပြီး အခြားစ
ားသောက်ဆိုင်၊ လူနေအိမ်ခြေများမရှိဘဲ အသွားအလာတိတ်ဆိတ်သည့်နေရာဖြစ်ကြောင်း ”
"စားသောက်ဆိုင်မှာ အနုကြမ်းစီးမှုဖြစ်ပွားတာပါ။ ငွေနဲ့ရွှေတွေပါသွားတယ်လို့ သိရတယ်။ ကျူးလွန်သူတွေကိုတော့ လိုက်လံ
ဖမ်းဆီးနေဆဲဖြစ်ပါတယ်" ဟု အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်ကြိုင်က နိုဝင်ဘာ ၃ ရက် ည
၁၂ နာရီခန့်က ပြောကြားသည်။
အခင်းဖြစ်ပွားခဲ့သည့် ဆုံဆည်းရာစားသောက်ဆိုင်အနီးတွင် တာယာစက်ရုံနှင့် စတီးစက်ရုံတို့သာရှိပြီး အခြားစားသောက်ဆို
င်၊ လူနေအိမ်ခြေများမရှိဘဲ အသွားအလာတိတ်ဆိတ်သည့်နေရာဖြစ်ကြောင်း ယင်းပတ်ဝန်းကျင်အနီး နေထိုင်သူများထံမှ
သိရသည်။
အနုကြမ်းစီးမှုအားကျူးလွန်ခဲ့သည့် အမျိုးသားလေးဦးကို နိုဝင်ဘာ ၄ ရက် နံနက် ၁ နာရီခန့်အထိ ဖမ်းဆီးရမိခြင်
းမရှိသေးကြောင်း အင်းစိန်မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
အဆိုပါအနုကြမ်းစီးမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အင်းစိန်မြို့မရဲစခန်းမှ စခန်
းမှူးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်ကို လုယက်မှုအဖြစ် (ပ) ၁၁၄၂/၂၀၁၄ ပုဒ်မ- ၃၉၂ ဖြင့် အမှုဖွင့်ထားကြောင်း အင်
းစိန်မြို့မရဲစခန်းမှ သိရသည်။
eleven
Subscribe to:
Post Comments (Atom)
No comments:
Post a Comment