=========
လွန်ခဲ့သောနှစ်အနည်းငယ်က ဆီယက်တဲလ်မြို့တွင် အထူးအိုလံပစ်ပွဲတစ်ပွဲ ကျင်းပခဲ့သည် ။
သည်အထဲက မီတာ ၁၀၀ ပြေးပွဲတစ်ခုတွင် ယှဉ်ပြိုင်သူ ၉ ဦးပါဝင်သည် ။ တာလွှတ်မည့်နေရာတွင် တန်းစီနေကြသည့် ၄င်းပုဂ္ဂိုလ် ၉ ဦးစလုံးသည် ကိုယ်အင်္ဂါမသန်စွမ်းသူ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများချည်း ဖြစ်၏ ။
တာလွှတ်ဒိုင်က သေနတ်ဖောက်လိုက်သည့်အခါ အားလုံးပင် စ၍ပြေးကြသည် ။ တစ်ရှိန်ထိုးတာထွက်ခြင်းမျိုးမဟုတ်သော်လည်း အားလုံးပင် သူ့ထက်ငါ ပန်းတိုင်အရင်ရောက်အောင် အားပါးတရပြေးကြခြင်းဖြစ်၏ ။
သို့သော် အားလုံးထဲမှာ ကောင်လေးတစ်ယောက်က ခြွင်းချက်ဖြစ်နေသည် ။ သူက ကတ္တရာစေးပြေးလမ်းပေါ်လဲကျသည် ။ နှစ်ကြိမ်ဆက်တိုက် လဲကျပြီးသည့်နောက်တွင် သူဆက်မပြေးတော့ဘဲ အော်၍ ငိုလေသည် ။
ကောင်းလေးငိုသံကြားသည့်အခါ ပြေးနေသူ ရှစ်ယောက်လုံး အရှိန်သေသွားသည် ။ အဲသည်နောက် အားလုံးပင်ရပ်လိုက်ကြကာ နောက်ဘက်ပြန်လှည့်အာလာသည် ။ လဲနေသောကောင်လေးဆီသို့ တစ်ယောက်မကျန် ပြန်လာကြခြင်းဖြစ်သည် ။
ဒေါင်းဆင်ဒရုန်းရောဂါကြောင့် ဥာဏ်ရည်ချို့တဲ့နေသည့် ကောင်မလေးက ကောင်လေးအားဦးစွာ ငုံ့၍ နမ်းလိုက်ပြီးနောက် “ ဒါဆိုကောင်းသွားမှာ ” ဟုဆိုသည် ။ သည်နောက် ကိုးယောက်လုံးလက်ချင်းချိတ်ကာ ပန်းတိုင်ဆီသို့ အတူတကွ လမ်းလျှောက်ချီတက်သွားကြသည် ။
သည်ရှု့ခင်းကို မြင်တော့ ပွဲကြည့်စင် များပေါ်မှ ပရိတ်သတ်အားလုံး ထရပ်မိကြသည် ။ ထို့နောက်လက်ခုပ်သြဘာပေးလိုက်ကြသည့် အသံများမှာ ဆယ်မိနစ်မျှကြာအောင် သောသောညံ၍ သွားလေသည် ။
Wednesday, 5 November 2014
အဓိကဘာလဲ

Subscribe to:
Post Comments (Atom)
No comments:
Post a Comment