Thursday, 30 November 2017
==================
==================
ယနေ့ခေတ် လူငယ်တွေကြားမှာ ပြဿနာတက်နေတဲ့ အကြောင်းအရာတစ်ခုကတော့ မကြာခဏ ပိုက်ဆံပြတ်တတ်ခြင်းပါပဲ။
ဘယ်လောက်လစာကောင်းတဲ့ အလုပ်ပဲရှိနေပါစေ။ မုန့်ဖိုးကောင်းကောင်း ပေးမယ့် ဆွေမျိုးမိဘတွေ ဘယ်လောက်ပဲရှိနေပါစေ။ ဘိုင်ကတော့ အမြဲလိုလိုပြတ်နေတတ်ကြပါတယ်။ အဲဒါဘာလို့လဲဆိုတော့ ဝင်ငွေနဲ့ထွက်ငွေ မမျှအောင် ဈေးဝယ်မိတတ်ကြလို့ပါပဲ။
ဈေးဝယ်စင်တာတွေထဲမှာ လျှောက်သွားရင်းပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာ ဟိုကြည့်ဒီကြည့်လုပ်ရင်းဖြစ်ဖြစ် လိုချင်စိတ်ပေါ်လာတိုင်း သွားဝယ်နေမိတော့ ဘိုင်ပြတ်တတ်ကြပါတယ်။
အဲဒီလို ပိုက်ဆံခဏခဏ ပြတ်နေတတ်ခြင်းကို ထိန်းချုပ်နိုင်ဖို့ အောက်ပါနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်သင့်ပါတယ်။
၁။ ရက် (၃၀) စာရင်းလုပ်ပါ
ဒါကတော့ စိတ်နိုင်ဖို့အတွက် အလေ့အကျင့်လုပ်ပေးခြင်းတစ်မျိုးပါ။ ရက် (၃၀) မပြည့်မချင်း ဘာပစ္စည်းမှမဝယ်ဘူးဆိုပြီး ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ထားရတဲ့ ကစားနည်းတစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။ တစ်ခုခုကို လိုချင်စိတ် အရမ်းပြင်းပြလာပြီ ဆိုရင်လည်း စာအုပ်တစ်အုပ်ထဲမှာ ချမှတ်ထားပြီး သတ်မှတ်ရက်ပြည့်မှသာ ဝယ်သင့်ပါတယ်။ ဒီအလေ့အကျင့်လေးကို သင့်ကို ပိုမိုကောင်းမွန်တဲ့ စိတ်ထိန်းချုပ်နိုင်စွမ်းကို ရရှိစေနိုင်ပါတယ်။
၂။ ရှော့ပင်းမောလ်တွေကို တတ်နိုင်သမျှရှောင်ပါ
တစ်ခါတလေမှာ ဈေးဝယ်ထွက်ရတာ စိတ်ကိုပေါ့ပါးစေတယ်ဆိုပေမယ့် ရှော့ပင်းမောလ်တွေမှာ ပြထားတဲ့ ကြော်ငြာတွေ၊ ပစ္စည်းတွေက မိမိရဲ့လိုချင်စိတ်ကို ပိုများသည်ထက် များလာအောင် ဆွဲဆောင်ပါလိမ့်မယ်။ မမြင်ရရင် ဝယ်ချင်စိတ်လည်း ဖြစ်လာမှာ မဟုတ်ဘူးဆိုတော့ ဈေးဝယ်စင်တာ (ရှော့ပင်းမောလ်) တွေကို တတ်နိုင်သမျှ ရှောင်ရှားပါ။ အနည်းဆုံး ရှော့ပင်းမောလ်တွေကို (၇) ရက် ဆက်တိုက်လောက် မသွားဘဲနေနိုင်အောင် ရှောင်ရှားပါ။
၃။ အွန်လိုင်းရှော့ပင်းလ်လည်း မလုပ်ပါနဲ့
အခုလို အွန်လိုင်းပေါ်ကပဲဈေးဝယ်၊ အွန်လိုင်းပေါ်ကပဲငွေရှင်းလို့ရနေတဲ့ ခေတ်ကြီးထဲမှာ ရှော့ပင်းမောလ်တွေကို ဘယ်လောက်ပဲ ရှောင်နိုင်၊ ရှောင်နိုင် အွန်လိုင်းပေါ်မှာ ဈေးဝယ်မိနေရင် ပိုက်ဆံတွေက ကုန်မြဲကုန်နေမှာပါပဲ။ ဒါကြောင့် Facebook သုံးရင်း newsfeed မှာပေါ်လာတဲ့ online shop တွေကို ကလစ်မနှိပ်မိအောင်၊ အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုက်တွေရဲ့ address ကို google မှာ မရိုက်မိအောင် စိတ်ထိန်းကြည့်ပါ။ စိတ်ထိန်းချုပ်နိုင်စွမ်းလည်း အလိုလိုမြင့်မားလာပါလိမ့်မယ်။
၎။ ကိုယ့်စိတ်ကိုယ် စောင့်ကြည့်ဖို့ ကြိုးစားပါ
ဈေးဝယ်ချင်နေတဲ့ ကိုယ့်စိတ်ကိုယ် စောင့်ကြည့်ဖို့ ကြိုးစားပါ။ ဘောပင်လ်တစ်ချောင်းနဲ့ စာအုပ်တစ်အုပ်ထဲမှာ မိမိရဲ့ အသုံးစရိတ်တွေကို နေ့စဉ်မှတ်တမ်းတင်ပြီး အပတ်စဉ် (သို့) လစဉ် စာရင်းပြန်ပြောင်းကြည့်တာက စသင့်ပါတယ်။ ဒီနည်းလမ်းနဲ့ ပိုက်ဆံကို ပိုပြီး ခြွေတာနိုင်လာသလို ဈေးဝယ်ချင်တဲ့ စိတ်တွေကိုလည်း ထိန်းချုပ်နိုင်လာပါလိမ့်မယ်။
၅။ မိမိကိုယ်ကို စည်းရုံးပါ
လိုချင်စိတ်ဆိုတာလည်း ကိုယ့်ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုမျှသာပါပဲ။ ဒါကြောင့် လိုချင်စိတ်ပေါ်လာတိုင်း အသက်ပြင်းပြင်းရှူပြီး မိမိရဲ့လိုချင်စိတ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ ကြိုးစားကြည့်ပါ။ ပိုက်ဆံပိုစုမိလာသလို ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်စွမ်းလည်း တိုးတက်လာပါလိမ့်မယ်။
Source: Youngisthan
===========
Duwun
Wednesday, 29 November 2017
ချင်တုံး၊ နိုဝင်ဘာ - ၃၀
Thomas
(unicode)
【 မှုခင်း 】 အသည်းကွဲ၍ သတ်သေရန်ကြိုးစားသူ မီးသတ်ပိုက်နှင့် အထိုးခံရ၍ အိမ်ထဲပြန်ဝင်ပြေး
=================================================
Ref : People’s Daily , dailymail.co.uk
ချင်တုံး၊ နိုဝင်ဘာ - ၃၀
သတ်သေခြင်းဟာ ရာဇဝတ်ကြောင်းအရ ပြစ်မှုမြောက်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများမှ ထွက်ပေါက်အဖြစ် အသုံးပြုလေ့ရှိကြတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။
ဒီလိုသတ်သေရန် ကြံစည်မိသူအများအပြားဟာ ရံဖန်ရံခါမှာ မထင်မှတ်ထားတဲ့ ပတ်ဝန်းကျင်ကြောင့် ကနဦးစိတ်အားထက်သန်ခြင်း မရှိပါပဲ သတ်သေဖြစ်သွားတယ်ဆိုတဲ့ အချက်ကို အံ့အားသင့်ဖွယ် တွေ့ရပါတယ်။
သတ်သေခြင်းမှ ပြန်လည်လွတ်မြောက်လာသူတွေကို မေးမြန်းချက်မှာ သူတို့ဟာ နာမည်ကြီးရုပ်သံအစီအစဉ်တွေရဲ့ လွှမ်းမိုးမှုဒဏ်ကို အပြင်းအထန်ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
သတ်သေခြင်း ဖြစ်စဉ်တွေထဲက ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုကတော့ တရုတ်နိုင်ငံ ၊ရှန်တုန်းပြည်နယ်၊ ချင်တုံးမြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကျန်လို ဆိုတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားဟာ အသည်းကွဲနေရုံသာမက၊ အလုပ်မှာလည်းဖိစီးမှုတွေများပြားခဲ့ပြီး ဝင်ငွေအခြေအနေကလည်း နည်းပါးနေတာကြောင့် စိတ်ဓာတ်ကျပြီး ဘဝကိုအဆုံးသတ်ဖို့ ကြိုးစားခဲ့ပါတယ်။သူဟာ ငါးထပ်တိုက် ပြတင်းပေါက်ဘောင်ပေါ်မှာ ကိုယ့်ကိုယ်ကို သတ်သေရန် ခြိမ်းခြောက်ပြီး နှစ်နာရီခန့် ရပ်နေခဲ့ပါတယ်။ဝိုင်းဝန်းကြည့်ရှုနေသူများကလည်း အဆိုပါအမျိုးသား တကယ်ခုန် ချ၊ မချ ထင်ကြေးပေးနေချိန် မထင်မှတ်တဲ့အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အဲဒါကတော့ ကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များက အားပြင်းတဲ့ ရေအမြောက်အမျိုးအစား မီးသတ်ပိုက်နဲ့ အောက်ကလှမ်းထိုးလိုက်ခြင်းဖြစ်ပြီး အဆိုပါ အမျိုးသားဟာ ခန္ဓာကိုယ်ကို နံရံနဲ့ကပ်လျှက် တင်းခံနေကာ သိပ်မကြာမီမှာပဲ သတ်သေရန် မခုန်ချဖြစ်ဘဲ အခန်းတွင်းကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့လိုက်တာပဲ ဖြစ်ပါတယ်။
သူ့ကို စိတ်ကျန်းမာရေးဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ပြီး ပြန်လည်ကျန်းမာလာချိန်မှာ ပတ်ဝန်းကျင်ရဲ့ဖိအားဟာ သတ်သေရန် ကြိုးပမ်းသူတစ်ယောက်အပေါ် ကြီးမားတဲ့သက်ရောက်မှုရှိကြောင်း လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က အဆိုပါကိုယ်တွေ့အဖြစ်အပျက်ကို ကိုးကားပြီး သူက ပြောပါတယ်။
Thomas
နယူးယောက် ၊ နိုဝင်ဘာ ၂၉
နယူးယောက်မြို့မှာရှိတဲ့ ပြည့်တန်ဆာတစ်ယောက်ဟာ မျှော်လင်မထားတဲ့ ဧည့်သည်တစ်ယောက်တွေ့ရအပြီးမှာ ပြတင်းပေါက်က ခုန်ချသွားတာကြောင့် အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။
အရာရှိတစ်ဦးက ကွင်းစ်၊ လမ်း ၄၀ ၊ ၁၃၅ - ၃၂ မှာ ပြည့်တန်ဆာတစ်ယောက်ကို အသွင်ယူချဉ်းကပ်ပြီးပြီဖြစ်ကြောင်း အကြောင်းကြားကာ အခြားရဲအရာရှိများကို အကူတပ်ဖွဲ့ဝင်များထပ်မံ တောင်းခံခဲ့ပါတယ်။
ဒါပေမယ့် ရဲအရာရှိများရဲ့ ဖမ်းဆီးမှုကိုမခံဘဲ သုံးထပ်တိုက် ပြတင်းပေါက်က ခုန်ချသွားခဲ့တယ်လို့ New York Post မှာဖော်ပြထားပါတယ်။
ရဲတပ်ဖွဲ့ဝင်များက New York Presbyterian ဆေးရုံကိုတင်ပေးခဲ့ချိန်မှာ သူမရဲ့ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်စွာရရှိနေခဲ့ပြီး ဖြစ်ပါတယ်။
အဆိုပါ ပြည့်တန်ဆာ သေဆုံးမှုဟာ ယမန်နေ့ ည ၇ နာရီ ၃၀ ၀န်းကျင်မှာဖြစ်ပွားခဲ့ပြီး သူမရဲ့သေဆုံးမှုကို စုံစမ်းစစ်ဆေးမှုများထပ်မံဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။
အချို့ကလည်း ရဲအရာရှိရဲ့အစီရင်ခံစာတစ်ခုတည်းကို အတည်မယူသင့်ဘဲ မိမိကိုယ်ကိုသတ်သေသည်အထိ ဖြစ်ပွားခဲ့ရခြင်းကို သေချာစွာစစ်ဆေးသင့်တယ်လို့ ယူဆနေကြပါတယ်။
ပြည့်တန်ဆာဖြစ်သူဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
Thomas
Tuesday, 28 November 2017
အသားပို(အသားသီး) များ ဖယ်ရှားနိုင်မည့် ဆေးဖက်ဝင်ကုသမှု သုံးရပ်
အရေပြားမှာ ဖြစ်ပေါ်တဲ့ အသားပို(အသားသီး)တွေကို ဖယ်ရှားနိုင်မယ့် အလွယ်နည်းတွေ ဖြစ်ပါတယ်။
လက်ဖက်ဆီ
လက်ဖက်ဆီဟာ မှဲ့နဲ့ အသားသီးတွေကို ဖယ်ရှားနိုင်ပါတယ်။ လက်ဖက်ဆီနည်းနည်းကို ဝါဂွမ်းစတစ်စနဲ့ ဆွတ်ပြီး အသားသီးရှိတဲ့ နေရာတွေကို တိုက်ရိုက် သုတ်လိမ်းပါ။ တစ်နေ့တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ခန့် ပြုလုပ်နိုင်ပြီး လေးပတ်ကျော် ကြာတဲ့အထိ၊ အသားသီး ပျောက်တဲ့အထိ လုပ်ဆောင်ပေးပါ။
ကြက်ဆူဆီကို ပြင်ပလိမ်းဆေး အနေနဲ့ သုံးနိုင်ပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ ဆော်ဒါမှုန့် အနည်းငယ်ကို ကြက်ဆူဆီ အနည်းငယ်နဲ့ ရောမွှေပြီး စေးပျစ်တဲ့ အနှစ်သားရအောင် လုပ်ပါ။ အဲဒီနောက် သံပရာဆီ အနည်းငယ် ထည့်မွှေကာ အသားသီးရှိတဲ့ အရေပြားပေါ် သုတ်လိမ်းပြီး ဖုံးအုပ်ထားပါ။ အချိန် ၂-၄ ပတ် ကြာတဲ့အထိ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင် အသားသီး ပျောက်သွားပါလိမ့်မယ်။
ကြက်ဆူဆီရှာလကာရည်ကိုလည်း အသားသီး ဖယ်ရှားဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ရှာလကာရည်ကို ဂွမ်းစနဲ့ ဆွတ်ပြီး အသားသီးပေါ်ကို တိုက်ရိုက် သုတ်လိမ်းပေးပါ။ ရှာလကာရည် လိမ်းပြီး နှစ်မိနစ်အကြာမှာ အရေပြား စပ်ဖျဉ်းဖျဉ်း ခံစားချက် ဖြစ်ပေါ်စေပါတယ်။ နေ့စဉ် ၂-၄ ပတ် ကြာတဲ့အထိ လုပ်ဆောင်ပေးသင့်ပါတယ်။
Credit:Good Health
Saturday, 25 November 2017
မုဒိန်းကျင့်ဖို့ ဓါးထောက်ခြိမ်းခြောက်တဲ့ အမျိုးသားကိုပြန်လည်အဓမ္မပြုကျင့်ခဲ့တဲ့ မိန်းကလေး
အမေရိကန်က အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ အမျိုးသားတစ်ဦးကို အဓမ္မပြုကျင့်မှုခဲ့နဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ မီချီဂန်ပြည်နယ်မှာနေထိုင်တဲ့ မိန်းကလေး လက်စ်တီနာ မာရင်းစမတ်ဆိုသူမှာ အသက် ၁၉ နှစ်အရွယ် အမျိုးသားကို သူ့ရဲ့ကားအတွင်းမှာပဲ လိင်အဓမ္မပြုကျင့်ခဲ့တယ်လို့ စစ်ဆေးချက်ဝန်ခံထားပါတယ်။အများတစ်ဦးကို အဓမ္မပြုကျင့်စော်ကားမှုကျူးလွန်ရတဲ့အကြောင်းအရင်းကို စစ်ဆေးမေးမြန်းမှုမှာ တော့ အဆိုပါ တရားခံမိန်းကလေးက ပြီးခဲ့တဲ့ ဇန်နဝါရီလလောက်တုန်းက သူမကိုဓါးထောက်ပြီး အဓ္မပြုကျင့်က ညစ်ညမ်းတိပ်ခွေရိုက်ကူးဖို့ ခြိမ်းခြောက်ခဲ့တာကြောင့် ပြန်လည်လက်စားချေခဲ့ခြင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။ အဆိုပါ မိန်းကလေးမှာ အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားလုပ်ကိုင်တဲ့ ပြည့်တန်ဆာ အမည်စာရင်းမှာ စာရင်းသွင်းထားတယ်လို့လည်း သိရပါတယ်။သူတို့နှစ်ဦးဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက ဆုံတွေ့ခဲ့ကြဖူးပြီးတော့ အဓမ္မပြုကျင့်မှု အခင်း ဖြစ်ပွားချိန်မှာဆိုရင် စမစ်ရဲ့ အစ်မဖြစ်သူ နေအိမ်သွားရာလမ်းမှာ ညစ်ညမ်းရုပ်သံတိပ်ခွေရိုက်ကူးမှုနဲ့ ပတ်သက်ပြီးတော့ အချင်းချင်းအဓမ္မပြုကျင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ စမတ်ရဲ့ရှေ့နေက ဆိုထား ပါတယ်။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသားမှာလည်း ညစ်ညမ်းခွေရိုက်ကူးမှုနဲ့ ဆိုရှယ်တင်အသုံးပြုမှု တွေ ကျူးလွန်ထားတယ်လို့ သိရပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မိန်းကလေးမှာ ညစ်ညမ်း ခွေရိုက်ကူးဖို့ စေခိုင်းခြင်းခံထားရတဲ့အပြင်ကို အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသားကိုယ်ပါ လိင်ပိုင်းဆိုင်ရာ ပြုစုမှုတွေပြုလုပ်ပေးဖို့ ဓါးထောက်ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ထွက်ဆိုထားပါတယ်။ဖမ်းဆီးထိန်းသိမ်းခံထားရဲ့ မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျူးလွန်မှုနဲ့ ညစ်ညမ်းခွေ များရိုက်ကူးမှု အမှုဒဂရီတွေနဲ့ တရားစွဲဆိုထားကာ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရဖို့ရှိနေတယ် လို့ သိရပါတယ်။ ဒါ့အပြင် ဓါးထောက်ခြိမ်းခြောက်ခဲ့တဲ့အမျိုးသားကို ထောင်ဒဏ် တစ်နှစ်နီးပါး ချမှတ် သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။သဒ္ဒါချို(ရွှေအင်းလေး)သဒ္ဒါချို(ရွှေအင်းလေး)
Viber
ဗိုက်ဘာကို အပ်ဒိတ်လုပ်ထားတဲ့သုံးစွဲသူတွေအနေနဲ့ အသုံးဝင်တဲ့ ဖီးချားတွေကို ဖော်ပြလိုက်ပါတယ်။
ဗိုက်ဘာမှာဆိုရင် နာမည် ကြီး အနုပညာရှင် celebrity တွေနဲ့ သတင်းမီဒီယာတွေကို public account မှာ follow လုပ်ထားနိုင်ပါတယ်။ Follow လုပ်ထားတဲ့ public အကောင့်တွေမှာ အပ် ဒိတ်ဖြစ်တဲ့သတင်းတွေ ဝင်ဖတ်နိုင်သလို follow လုပ်ထားတဲ့ နာ မည်ကြီးတွေရဲ့ ပိုစ့်တွေကိုပါဝင်ကြည့်လို့ရမှာ ဖြစ်တယ်။
Public chat တွေကို ဗိုက်ဘာရဲ့ home စခရင်အပေါ်ထောင့် logo ကိုနှိပ်ပြီး ကြိုက်ရာကို follow လုပ်နိုင်ပါတယ်။
နောက်တစ်ခုဖီးချားကတော့ ပက်စ်ဝပ်ခ်ထားပြီး မက်ဆေ့ခ်ျတွေကိုဖျောက်ထားနိုင်တာဖြစ်တယ်။မိမိနဲ့ တခြားသူတွေ ဗိုက်ဘာမှာ ပြောထား ချက်စ်ထားတာတွေ မက်ဆေ့ခ်ျတွေကို ဘယ်သူမှဝင်ကြည့်လို့မရအောင် လုပ်ပေးထားတာ ဖြစ်တယ်။
hide လုပ်ထားလို့ရ
ကိုယ့်ရဲ့ဖုန်းထဲက ဗိုက်ဘာအကောင့်ထဲမှာ ပြောထား တဲ့ မက်ဆေ့ခ်ျတွေကိုလည်း ပက်စ်ဝပ်ခ်နဲ့ hidden ဖုံးထားလို့ ရတယ်။ ဥပမာ -ဗိုက်ဘာအကောင့်ထဲမှာတစ် ယောက်ယောက်နဲ့ပြောထားတာတွေကို လျှို့ဝှက်နံပါတ်ထား ပြီး hidden ဆိုတာနှိပ် လိုက် ရင် ပြော ထားတဲ့ message conservation list တွေပျောက်သွားမယ်။ လျှို့ဝှက်နံပါတ်ရိုက်မှသာ ပေါ် လာအောင် လုပ်ဆောင်ပေးတာ ကြောင့် ဗိုက်ဘာကို လုံခြုံအောင် သုံးနိုင်တယ်လို့ South East Asia, Viber အရှေ့တောင် အာရှနယ် ပယ်ရဲ့ အကြီးအကဲဖြစ်သူ Mr. Anubhav Nayyar ရဲ့ပြောပြချက်အရ သိရပါတယ်။
Hidden chat listလုပ်ထား ဖို့အတွက် မိမိနဲ့ chat ထားတဲ့ chat box ပေါ်ကို ဖိထားရင် hide ဆိုတာ ပေါ်လာပါလိမ့်မယ်။ အဲသည်မှာ လှို့ဝှက်နံပါတ်ကိုမိမိကြိုက်တဲ့ နံပါတ်ပေးထားပါ(ဥပမာ-၁၂၃၄) ဆိုပြီးပေးလိုက်တာနဲ့ chat list က ပျောက်သွားပါမယ်။ ကိုယ် chat ချင်တဲ့အချိန်မှသာ ဗိုက်ဘာရဲ့ search list မှာ ၁၂၃၄ ဆိုပြီး ရိုက် လိုက်ရင် အဲသည်ဖျောက်ထား တဲ့ chat list ပေါ်လာမှာဖြစ်ပါတယ်။
Viber out ဆိုတဲ့ ဖီးချားဆိုတာကတော့ ဗိုက်ဘာသုံးတဲ့သူ အချင်းချင်း ဖြစ် စေ၊ဗိုက်ဘာ မသုံးတဲ့ သူဖြစ်စေဖုန်း ခေါ်လို့ရတာဖြစ်ပါတယ်။ သူက ဗိုက်ဘာမသုံးတဲ့ဖုန်းတွေကို ဗိုက် ဘာ အကောင့်ရှိတဲ့ သူတွေဘက် က viber out ဆိုတာနှိပ် လိုက်တာနဲ့ ဗိုက်ဘာအပြင်ဘက် ဖုန်းခေါ် ဆိုမှု ပုံစံ ဖြစ်သွားပါတယ်။ ဖုန်းခေါ်ဆိုမှုအပြင်ဘက် ရောက်နေပေမဲ့လည်း ခေါ်ဆိုခနှုန်း ထားကတော့ ဗိုက်ဘာ ခေါ်ဆိုမှု နှုန်း နဲ့ပဲ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။
နောက်ထပ်ဖီးချားကတော့ entertainment သဘောမျိုး ဖြစ် တယ်။ ဗိုက်ဘာမှာ chat နေရင်း ဒေါင်း လုပ်ဒ်လုပ်စရာမလိုဘဲစတစ်ကာတွေကို search လုပ်ပြီး ပို့နိုင်မှာပါ။ Search မှာHi လို့ ရိုက်လိုက်တာနဲ့ စတစ်ကာမှာ Hi နဲ့ ပတ်သက်တဲ့စတစ်ကာအရုပ်လေးတွေ ပေါ်လာမယ်၊ ခရီးသွားနေတာနဲ့ ပတ်သက်တဲ့ travel လို့ ရှာ လိုက်တာနဲ့ travel ပုံစံစတစ်ကာ အရုပ်အမျိုးမျိုးကျလာပြီး စိတ်ကြိုက်ရွေးချယ် ပို့နိုင်ပါတယ်။ ဒါ့ အ ပြင်ဗီဒီယိုအတိုတွေ ချက်ချင်း ခေါ် လို့ရတဲ့ဖီးချားလည်း ပါတယ်။ မိမိရောက် ရာအရပ်ကို တစ်ဖက်လူ ကို ပြစေဖို့ instant ချက်ချင်း ဖြစ်တဲ့ ဗီဒီယိုအတိုကိုလည်း chat box ကနေပို့နိုင်ပါတယ်။
Author / မေဘယ်လ်
===========
Kumudra
တစ်ခါတစ်ခါ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုကြည့်ပြီး ‘သူတို့ကိုယ်သူတို့ ဘာများထင်နေကြပါလိမ့်’ ဆိုပြီး ကျွန်တော်တွေးနေမိပါတယ်။ လမ်းလျှောက်ရင် မြောက်ကြွ မြောက်ကြွ။ ခြေဖျားလေးများထောက်လို့။ ရင်လေးများကော့လို့။ ပိုက်ဆံအိတ်ကို ချိုင်းကြားညှပ်လို့။ ဖုန်းကိုဟန်ပါပါကိုင်ပြီး မနားတမ်းပြောနေလိုက်တာ။ ကမ္ဘာပေါ်မှာ သူ့လောက်အရေးကြီးတာ သူပဲရှိတော့သလိုလို။ သူ့လောက်အရေးပါအရာရောက်တာ သူပဲရှိတော့သလိုလို။ ဖေ့စ်ဘွတ်မှာ ရေးကြသလို ‘ပြောလိုက်ရင် ဆရာကြီး၊ ချေးပါရင် အကြာကြီး’ ဆိုတဲ့လူစားမျိုးပေါ့။ သူသိ သူတတ် သူပဲကျွမ်းတဲ့ မဟာ့မဟာဆရာကြီးဆိုသူတွေ။ သြော်ခက်ပဲခက်ရချည့်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အဲဒီလိုဆရာကြီးတွေမှ အများကြီး။ တစ်ပုံကြီး။
တချို့ကျတော့လည်း ငါတကောကောနေတဲ့ လူစားမျိုးတွေပေါ့။ ပြောလိုက်သမျှ ‘ငါ’ ဆိုတဲ့စကားက ပါးစပ်ဖျားမှမချ။ ငါ ငါ့မိသားစု ငါ့ဆွေမျိုး ငါ့အသိုက်အ၀န်းဆိုတာချည်းပဲ။ ငါကောင်းစားရေးသမားတွေ။ အတ္တကိုရှေ့တန်းတင်ပြီး ငါလုပ်သမျှတင့်တယ်ပါတယ်ဆိုတဲ့ လူမျိုးတွေ။ ငါနဲ့ငါသာနှိုင်းစရာဆိုတဲ့ လူစားတွေ။ ကောင်းတာဆိုရင် ငါလုပ်တာ။ မကောင်းတာဆိုရင် သူလုပ်တာ။ အခွင့်အရေးယူဖို့ဆိုရင် ရှေ့ဆုံးက။ တာဝန်ယူဖို့ဆိုရင် နောက်ဆုံးက။ အဲဒီလိုအတ္တသမားတွေကို တွေ့တဲ့အခါ ကျွန်တော့်စိတ်ထဲ ‘သူတို့ ကိုယ်သူတို့ ဘာများထင်နေကြလဲမသိဘူး’ လို့ တွေးမိသွားပြန်ပါတယ်။
ကိုယ်ထင်ရာ ကိုယ်လုပ်နေကြတဲ့သူတွေ။ ရှေ့နောက်မစဉ်းစားဘဲ ထင်ရာစိုင်းနေကြသူတွေ။ အဲဒီလိုလူတွေကိုတွေ့တိုင်း ကျွန်တော့်စိတ်ထဲ ဘ၀င်မကျသဘောမတွေ့လှပါ။ ‘ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်’ ဆိုတဲ့လူစားတွေ။ ‘ငါ့လှေငါထိုး ပဲခူးရောက်ရောက်’ ဆိုတဲ့လူမျိုးတွေပါလားလို့ မတွေးဘဲမနေနိုင်ပါဘူး။ ဒီလိုလူစားတွေ ပေါများနေလို့လည်း ငါ့တိုင်းပြည်မကြီးပွားတာပဲလို့လည်း ဆက်တွေးနေမိပြန်ပါတယ်။ ကျွန်တော်ဟာ ကိုယ့်ပတ်ဝန်းကျင်ကိုယ်ကြည့်ပြီး ဘ၀င်မကျ အလိုမကျ စိတ်တိုင်းမကျဖြစ်နေသူတစ်ယောက်ပါပဲ။ စည်းမဲ့ကမ်းမဲ့ ဖြစ်သလိုနေတတ်တဲ့ သူတွေကိုတွေ့ရင် ပါးစပ်က ဘာမှမပြောပေမဲ့ စိတ်ထဲကနေ ‘စည်းပျက်ကမ်းပျက် ပရမ်းပတာတွေပဲ’ လို့ပြောနေမိပါတယ်။ ရေပေါ်ဆီတွေနောက်လိုက် ပေါ်ပြူလာတွေနောက်လိုက်။ အများညီရင် ‘ဤ’ ကို ‘ကျွဲ’ လို့ဖတ်။ လူစုလူဝေးနောက်လိုက်ပြီး မကောင်းမှုကျူးလွန်နေသူတွေ။ ကိုယ်ညံ့တာကို ၀န်မခံ။ ‘ခေတ်’ ကြောင့်ပဲဖြစ်ရသလိုလို။ ‘ခေတ်’ ပေါ်အပြစ်ပုံချ။ အများလုပ်လို့ လိုက်လုပ်ရတာပါလို့ ဆင်ခြေပေး။ သူတို့ကိုယ်သူတို့တော့ ဟုတ်နေကြတာပေါ့လေ။ တော်တော်ဆိုးတဲ့လူတွေပဲ။ သူတို့ကိုယ်သူတို့ ဘာများထင်နေကြပါလိမ့်။ သြော် ခက်ပဲခက်ရချည်ရဲ့။ ကျွန်တော့်မှာ အဲဒီလိုလူစားတွေကိုကြည့်ပြီး အတော်ပဲ စိတ်မသက်မသာဖြစ်နေမိပါတယ်။
ကျွန်တော့်အဖြစ်က ဘာနဲ့တူသလဲဆိုတော့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာထဲက ‘ကျူရိုးရှင်’ နဲ့တူနေပါတယ်။ တစ်ခါမှာတော့ ကျူရိုးရှင်ဟာ လှေကလေးတစ်စင်းကိုလှော်ပြီး နေ၀င်ချိန်ရှုခင်းလေးကို ငေးမောဖို့ထွက်လာခဲ့ပါတယ်။ အဲဒီအချိန်လေးက တိမ်တွေအရမ်းလှတဲ့အချိန်ပေါ့။ နတ်တွေရေးဆွဲထားသလား ထင်မှတ်မှားရတဲ့ တိမ်ပန်းချီကားချပ်ကိုကြည့်ဖို့ ကျူရိုးရှင် ထွက်လာခဲ့ပါတယ်။
ဒါပေမဲ့ ကျူရိုးရှင်အဖို့ ကံမကောင်းရှာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ပတ်ဝန်းကျင်က နေ၀င်ချိန်ကြည့်ချင်နေတဲ့ သူ့စိတ်ကူးကို နှောင့်ယှက်ဖျက်ဆီးနေလို့ပါပဲ။ သူ့ခမျာ နေ၀င်ချိန်ကို ကောင်းကောင်းမခံစားနိုင်ပါဘူး။ ကြည့်လေ ‘ငါးပျံ’ ဆိုတဲ့အကောင်က လတာပြင်ပေါ်မှာ ရှေ့ကျွမ်းထိုးလိုက် နောက်ကျွမ်းထိုးလိုက်နဲ့။ သူကျွမ်းထိုးဘယ်တော်လဲဆိုတာကို အစွမ်းပြနေလိုက်တာ တကယ်အမြင်ကတ်စရာပါပဲ။ နေ၀င်ချိန်ကြည့်ချင်တဲ့ ကျူရိုးရှင်ရဲ့အမြင်တွေ မကြည်လင်တော့ဘူး။ တော်တော်အာရုံနောက်တဲ့ ငါးပျံပါပဲ။ သူ့ကိုယ်သူ ဘာများထင်နေသလဲမသိဘူး။
မပြီးသေးဘူး။ နောက်ထပ် အာရုံနောက်စရာတစ်ခုရှိသေးတယ်။ ကျူရိုးရှင်ရဲ့ အကြားအာရုံကို ဒုက္ခပေးနေတဲ့ ဘုတ်မပေါ့။ အမယ်လေး အဲဒီဘုတ်မကလည်း ခေသူမဟုတ်ချေ။ သူ့အသံ ဘယ်လောက်ကောင်းကြောင်း ကြွားချင်ရှာလွန်းလို့ လတာပြင်အစွန်းကနေ ဟစ်ဟစ်ပြီး လွမ်းပြနေလိုက်တာ။ ကျူရိုးရှင်ခမျာ နားတွေကိုငြီးပါရောလား။ တော်ပါတော့လို့ ဟန့်လည်းမရ။ ရပ်ပါတော့လို့ တားလည်းမရ။ လွမ်းပဲလွမ်းနိုင်လွန်းသဗျာ။ အရပ်ကိုမှ အားမနာ။ တကယ်ပါပဲ ဘုတ်မရယ်။ နင့်ကိုယ်နင် ဘာများထင်နေသလဲ။ ငါ့နှယ်နော် စိတ်များပဲညစ်ပါဘိ။ နေ၀င်ချိန်အလှတောင် ဘယ်ပျောက်သွားမှန်းမသိ။ သြော် ဒုက္ခ ဒုက္ခ။
ကျူရိုးရှင်၊ ငါးပျံ၊ ဘုတ်မ သူတို့ရဲ့ သုံးပွင့်ဆိုင် အဖြစ်အပျက်လေးကို ဆရာဇော်ဂျီက ဗေဒါလမ်းကဗျာအဖြစ် ဟောဒီလိုရေးချလိုက်ပါတယ်။
နေလုံးရယ်နီ
တိမ်ပန်းချီနေသွေးနဲ့၊
နတ်ရေးသည်သို့။
ဒီအကျပေမို့
အလှလတာပြင်က၊
ကျူရိုးရှင်လှေကလေးနဲ့
မျှော်ငေးလိုလို့။
သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘယ်ပြောင်းညာပြန်နဲ့
ဟို ငါးပျံ လတာစွန်းမှာ၊
သူ့ကျွမ်းဟန်ချည့်။
သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘုတ်မခုနစ်သံနဲ့
တညံညံ လတာစွန်းမှာ၊
သူ့လွမ်းသံ ချည့်။
ဆရာဇော်ဂျီ ဒီကဗျာကို စတင်ရေးဖွဲ့တော့ ဒီနေရာမှာတင်ရပ်သွားပါတယ်။ ဒါပေမဲ့ ဆရာက သူ့ကဗျာရဲ့အဆုံးသတ်ကို မကျေနပ်ဘူးဖြစ်နေပါတယ်။ ဒီနေရာမှာ ဒီကဗျာရေးဖြစ်ဖို့ ဆရာစိတ်ကူးရလာပုံလေးကို ပြန်ပြောပြချင်ပါတယ်။ တစ်ခါတော့ သတင်းစာထဲမှာ နိုင်ငံရေးအစုအဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ကြခိုက်ကြငြင်းခုန်ကြ ရန်ဖြစ်ကြ ငါတကောကောနေကြတာကို ဆရာဖတ်လိုက်ရပါတယ်။ အဲဒီအခါ ‘သူတို့ကိုယ်သူတို့ ဘာများထင်နေကြပါလိမ့်’ လို့ ဆရာတွေးမိသွားပါတယ်။ အဲဒီအတွေးလေးကို ဗေဒါလမ်းကဗျာတစ်ပုဒ်အဖြစ် ရေးဖွဲ့ဖို့ စဉ်းစားလိုက်မိပါတယ်။ အဲဒီအခါ ဆရာက သူ့အတွေးကို ကဗျာအဖြစ်ပုံဖော်ဖို့ရာ နိုင်ငံရေးအုပ်စုတွေကို ‘ငါးပျံ’ နဲ့ ‘ဘုတ်မ’ အဖြစ်ပုံဖော်ပြီး သူ့ကိုယ်သူတော့ ‘ကျူရိုးရှင်’ အဖြစ် ပုံဖော်လိုက်ပါတယ်။ ဒါပေမဲ့ သူ့အတွေးကို ကဗျာအဖြစ်ပုံဖော်လိုက်တဲ့အခါ စောစောက အထက်မှာ ကျွန်တော်ပြန်ရေးပြလိုက်တဲ့ အပိုဒ်သုံးပိုဒ်ပါ ကဗျာလေးပေါ်ထွက်လာပါတယ်။ သူ့ကဗျာဟာ မဆုံးသေးသလိုလို တစ်ခုခုလိုနေသေးသလိုလို ဆရာ့မှာဘ၀င်မကျဖြစ်နေမိပါတယ်။ ဒါနဲ့ ကဗျာကိုလက်စမသတ်နိုင်သေးဘဲ ဆရာ့စိတ်ထဲသွားလည်း တနုံ့နုံ့စားလည်း တနုံ့နုံ့စဉ်းစားမိတိုင်း တနုံ့နုံ့ဖြစ်နေပါသတဲ့။
ဒီလိုနဲ့ တစ်နေ့ မြို့ထဲကနေ ကားနဲ့ပြန်လာရာ ဆရာ့စိတ်ထဲမှာ ‘ငပျံကျတော့လည်း သူ့ကိုသူလျှင် ဘာထင်လေသည်မသိ၊ ဘုတ်မကျတော့လည်း သူ့ကိုယ်သူလျှင် ဘာထင်လေသည်မသိနဲ့၊ မင်းကရော မင်းကိုယ်မင်းဘာထင်လို့လဲ’ ဆိုတဲ့အတွေးတစ်ခု ဖျတ်ခနဲပေါ်လာပါသတဲ့။ အို အဲဒီအခါကျမှ ဆရာ့မှာ ၀မ်းသာလိုက်တဲ့ဖြစ်ချင်း။ အိမ်ကိုပြန်ရောက်ရောက်ချင်းမှာပဲ ကဗျာရဲ့အဆုံးသတ်ပိုဒ်ကို ဟောဒီလိုရေးချလိုက်ပါသတဲ့။
အိုအချင်း ကျူရိုးရှင်။
သူ့မူရာ သူ့အတိုင်း၊ မင်းဆိုခဲ့စဉ်။
မင့်ကိုယ်လဲ မင်းပင်လျှင်၊
ဘာထင်လို့ လေလဲ။
မဗေဒါ စုန်ဆန်လမ်းမှာ၊ ပန်းခဲ့သည်ဘဲ။
ဆရာဇော်ဂျီဟာ တစ်ဖက်သတ်ကျနေတဲ့ သူတစ်ပါးကိုပဲအပြစ်မြင်နေတဲ့ သူ့အတွေးကို သူပြန်မြင်ပြီး သူ့ကိုယ်သူဆုံးမလိုက်တဲ့သဘောနဲ့ သူ့ကဗျာကို အဆုံးသတ်ခဲ့ပါတယ်။ ကျူရိုးရှင်ဟာ ‘ငါးပျံ’ နဲ့ ‘ဘုတ်မ’ ကိုအပြစ်တင်ချင်တဲ့သဘောနဲ့ ‘သူတို့ကိုယ်သူတို့က ဘာထင်နေသလဲ’ လို့ပြောပါတယ်။ အဲဒီအခါ မဗေဒါက ကျူရိုးရှင်ကို ပြန်ပြောလိုက်ပါတယ်။ ‘ကျူရိုးရှင် မင်းကရော မင့်ကိုယ်မင်း ဘာထင်နေသလဲ’ တဲ့။ တကယ်တော့ မဆုံးနိုင်တဲ့ အပြစ်တင်သံသရာကြီးက စိတ်မောလူမောဖြစ်စရာကြီးပါပဲ။ သူ့ကိုကိုယ်က လက်ညှိုးထိုး။ ကိုယ့်ကိုလည်း တခြားသူက လက်ညှိုးထိုးနဲ့ လက်ညှိုးထိုးဇာတ်လမ်းတွဲကြီးက ဘယ်တော့အဆုံးသတ်ကြမှာလဲ။ ဒီလိုသာ တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချစ်မ၀င်အပြစ်တင်နေကြဦးမယ်ဆိုရင် ကျွန်တော်တို့မျှော်မှန်းထားတဲ့ပန်းတိုင်ကို ဘယ်တော့အရောက်သွားနိုင်ကြမှာလဲ။ ကျွန်တော်တို့အားလုံးမျှော်လင့်ထားတဲ့ တိုင်းပြည်မျိုးကို ဘယ်လိုတည်ဆောက်ကြမှာလဲ။
မိမိပတ်ဝန်းကျင်ကလူတွေကို စိတ်ပျက်လက်ပျက်ကြည့်ပြီး ‘သူတို့ကိုယ်သူတို့ ဘာများထင်နေကြသလဲ’ လို့တွေးနေမယ့်အစား မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ဆင်ခြင်ပြီး ‘ငါ့ကိုယ်ငါ ဘာများထင်နေသလဲ’ လို့ တွေးလာနိုင်တဲ့တစ်နေ့မှာ ကျွန်တော်တို့အားလုံးမျှော်လင့်နေတဲ့ အနာဂတ်ပန်းတိုင်နဲ့ မဝေးတော့ဘူးလို့ ထင်ပါတယ်။
writer: မောင်ကြည်
==========
Eleven Media Group
http://news-eleven.com/features/22257
လန်ဒန်၊ နိုဝင်ဘာ - ၂၅
Thomas
(unicode)
【 Odd News 】 ရှစ်ရက်သားကလေးကိုချီရင်း အိပ်ပျော်သွားမိတဲ့ မိခင်ရဲ့ ကြေကွဲဖွယ်အဖြစ်အပျက်
=================================================
Ref : ntd.tv
လန်ဒန်၊ နိုဝင်ဘာ - ၂၅
ဗြိတိန်နိုင်ငံမှ ငယ်ရွယ်တဲ့ မိခင်တစ်ယောက်ဟာ အသက် ၈ ရက်သာ ရှိသေးတဲ့ ကလေးကို ချီထားရင်း ပင်ပန်းလွန်းလို့ အိပ်ပျော်သွားခဲ့ရာမှာ ကြေကွဲဖွယ်ဖြစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
Chelsea Love ဟာ အသက် ၂၄ နှစ်အရွယ် ရှိပြီဖြစ်ပြီး သူမရဲ့ ကလေးငယ် Leo ဟာ အိပ်ပျော်နေပြီဆိုတာကို သတိပြုမိခဲ့ပါတယ်။ပင်ပန်းလွန်းနေတဲ့ မိခင်ဟာ ကလေးငယ်ကို ရင်ဘတ်ပေါ်မှာထားရင်း သူမပါ ခေတ္တအိပ်ပျော်သွားခဲ့တယ်လို့ Hull Daily Mail အရ သိရပါတယ်။
တစ်နာရီခန့်ကြာတော့ သူမရဲ့ ခင်ပွန်းဖြစ်သူ ၊ ကလေးငယ်ရဲ့ ဖခင်က Sam Coles က ကလေးငယ်မှာ အရောင်ပြောင်းနေပြီဖြစ်ကြောင်း နှိုး၍ပြောကြားခဲ့ပါတယ်။နောက်ဆုံးမှာတော့ ကလေးငယ် သေဆုံးသွားခဲ့ပါတယ်။
Weill Cornell မှ Pediatric Sleep Center အရ အဆိုပါကလေးငယ်ဟာ Sudden Infant Death Syndrome (SIDS) ဆိုတဲ့ ရောဂါခံစားနေရပြီး မိဘများဟာ ကလေးငယ်နဲ့အတူ အတူတူအိပ်လို့မဖြစ်နိုင်တဲ့ ဝေဒနာလို့ သိရပါတယ်။
ဒီရောဂါလက္ခဏာရှိတဲ့ ကလေးငယ်များကို မိဘတွေနဲ့အတူ တစ်နှစ်မပြည့်မခြင်း အိပ်စက်ခိုင်းလို့ မရဘူးလို့သိရပြီး ကလေးငယ်များ ရုတ်တရက်သေဆုံးခြင်းကိုဖြစ်စေတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။
Thomas
Thursday, 23 November 2017
လက်ရှိမှာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးမှုတွေ လုပ်နေကြတာ အကုန်လုံးအသိဖြစ်မှာပါ။ ဒါပေမယ့် ကာကွယ်ဆေးထိုးမှုနဲ့ပတ်သက်လို့ ဘေးထွက်ဆိုးကျိုးတွေရှိနေတယ်၊ ပြဿနာတွေရှိနေတယ်ဆိုပြီး ပြောဆိုမှုတွေ ရေးသားမှုတွေကိုလည်း မြင်တွေ့ရမှာပါ။ ဒီအတွက် မိဘတွေရင်ထဲမှာ သို့လောသို့လော သံသယတွေနဲ့ စိုးရိမ်ပူပန်မှုတွေဖြစ်လာရပါတယ်။ ဒီလိုစိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်းနဲ့ ကာကွယ်ဆေးအကြောင်းကို ပြီးပြည့်စုံအောင် Helloဆရာဝန်က တင်ဆက်ပေးလိုက်ပါတယ်။
ပထမဆုံးသိသင့်တာက ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာဘာလဲဆိုတဲ့မေးခွန်းပါ။
ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာ ကြောက်စရာကောင်းတဲ့ ပြင်းထန်ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါလိုပဲ ခြင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါအတွက် ကုသဆေးမရှိဘဲ သေဆုံးမှုနှုန်း ၃၀ ရာခိုင်နှုန်းနဲ့ မသန်မစွမ်းဖြစ်နိုင်မှုနှုန်း ၅၀ ရာခိုင်နှုန်းရှိပါတယ်။ ၁၈၇၁ ခုနှစ်က ဂျပန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တာကြောင့် ဂျပန်ဦးနှောက်ရောင်လို့ ခေါ်ခဲ့ကြပါတယ်။
ကူးစက်မှုအခြေအနေ
WHO ရဲ့ ထုတ်ပြန်ချက်အရ အခုဆိုရင် အရှေ့တောင်အာရှ နှင့် အနောက်ပစိဖိတ်အတွင်းရှိ နိုင်ငံ ၂၄ နိုင်ငံဟာ ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ပိုးပြန့်ပွားနေပြီး လူပေါင်း ၃ သန်းထက်မနည်းမှာ ကူးစက်နိုင်ချေမြင့်မားနေပါတယ်။ အဲဒီ ၂၄နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ နှစ်စဉ် တစ်ကမ္ဘာလုံးမှာ ဂျပန်ဦးနှောက်ရောင်လူနာပေါင်း ၆၈၀၀၀ ခန့်ရှိနေပြီး ရောဂါကြောင့် သေဆုံးသူလူနာ ၁၃၆၀၀ မှ ၂၀၄၀၀ ခန့်ထိရှိနေပါတယ်။ အဓိက ကလေးတွေမှာ အဖြစ်များပေမယ့် အရွယ်မရွေးဖြစ်နိုင်ချေလည်းရှိပါတယ်။
ဂျပန်ဦးနှောက်ရောင်ရောဂါ လက္ခဏာများ
ရောဂါပိုးကူးစက်ခံရတဲ့ လူတော်တော်များများမှာတော့ လက္ခဏာသိပ်မပြတာ ဒါမှမဟုတ် လုံးဝမပြတာလည်း ဖြစ်နိုင်ပါတယ်။ စိုးရိမ်ဖွယ်ကောင်းတဲ့ လက္ခဏာတွေကတော့ အစပိုင်းမှာ ဖျားတာ၊ ချမ်းတုန်တာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ ပျို့တာ၊ အန်တာတွေဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ဦးနှောက် ရောင်ရမ်းမှုဖြစ်ပေါ်ရာကနေ အတက် လက္ခဏာတွေပါဖြစ်လာပါတယ်။ တချို့လူနာတွေမှာဆိုလျှင် သတိမေ့သွားတာ (coma) နဲ့ ကိုယ်တစ်ပိုင်းသေသွားတာတွေပါဖြစ်နိုင်ပါတယ်။
ဘာလုပ်သင့်လဲ။
ဂျပန်ဦးနှောက်ရောင်လို့ သံသယရှိပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးဆက်သွယ်ပြီး စစ်ဆေးမှုတွေ၊ စမ်းသပ်မှုတွေ လုပ်ရပါမယ်။ ဆရာဝန်ကလိုအပ်တဲ့ စစ်ဆေးချက်တွေ လုပ်ပါလိမ့်မယ်။ စစ်ဆေးမှုတွေကတော့ ရောဂါလက္ခဏာတွေကို စမ်းသပ်စစ်ဆေးတာ၊ သွေးနှင့် ကျောရိုးတွင်းအဆီတို့ကိုဖောက်ပြီး အထူးဓာတ်ခွဲစစ်ဆေးမှုတွေ ပါဝင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် ခန္ဓာကိုယ်ကိုယ်ခံအားစနစ်က တန်ပြန်တိုက်ထုတ်ဖို့ ထုတ်လွှတ်လိုက်တဲ့ တုံ့ပြန်ပစ္စည်းတွေကို ဒီဓာတ်ခွဲစစ်ဆေးချက်တွေက တွေ့ရှိနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
ဂျပန်ဦးနှောက်ရောင်ရောဂါမဖြစ်ရအောင်
• ခြင်မကိုက်အောင် လိမ်းတဲ့ဆေးတွေ လိမ်းပြီး အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ၀တ်သင့်ပါတယ်။
• လေအေးပေးစက်ရှိတဲ့ အခန်း သို့ ခြင်စကာတက်ထားတဲ့အခန်း သို့ ခြင်ထောင်နဲ့ အိပ်သင့်ပါတယ်။
• ကာကွယ်ဆေးထိုးလို့ရနေပါပြီ။ ဆရာဝန် သို့ ကျန်းမာရေးစောင့်ရှောက်သူနဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ ကာကွယ်ဆေးကိုထိုးပါ။
ကာကွယ်ဆေးအကြောင်း
ကာကွယ်ဆေးက နှစ်ကြိမ်ကာကွယ်ဆေးဖြစ်ပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား ၂၈ ရက်ခြားရပါမယ်။ ၃နှစ်အောက်ကလေးအတွက် ဆေးပမာဏဟာ ၃ နှစ်နှင့် ၃ နှစ်အထက်ကလေးတွေအတွက် ဆေးပမာဏထက် ပိုနည်းပါတယ်။ အသက် ၁၇ နှင့် အထက်ရှိတဲ့သူတွေက လွန်ခဲ့တဲ့ တစ်နှစ် သို့ တစ်နှစ်ထက်ပို တုန်းက ထိုးခဲ့ဖူးသော်လည်း ဖြစ်နိုင်ချေစိုးရိမ်နေရသေးရင် booster အနေနဲ့ ထပ်ထိုးနိုင်ပါတယ်။ကလေးတွေအတွက် booster လိုမလိုတော့ မသိရှိရသေးပါဘူး။
ကာကွယ်ဆေးထိုးပြီးရင် ဘာဆိုးကျိုးတွေရှိနိုင်လဲ
ဘယ်ဆေးဝါးမဆိုမှာ ဘေးထွက်ဆိုးကျိုးဆိုတာရှိပါတယ်။ ဒီကာကွယ်ဆေးမှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ်ရှိနိုင်ပါတယ်။
အပျော့စားဘေးထွက်ဆိုးကျိုးတွေအနေနဲ့-
ရောင်ရမ်းတာ၊ နီရဲတာနဲ့ နာကျင်မှုအနည်းငယ်ရှိနိုင်တယ်။
ကိုယ်ငွေ့ငွေ့ဖျားနိုင်တယ်
တစ်ချို့ ကလေးတွေမှာ မူးလဲတာ၊အန်တာ၊သတိလစ်တာတွေလဲ ဖြစ်နိုင်ပေမယ့် အလွန်အမင်း ရှားပါးပါတယ်။ အယောက်တစ်သန်းမှာ တစ်ယောက်နှုန်းလောက်သာရှိနိုင်ပါတယ်။
ကာကွယ်ဆေးမထိုးမီ သင် ဒါတွေသိထားဖို့လိုအပ်ပါတယ်။
ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးပြီး အသက်အန္တရာယ်ရှိလောက်တဲ့ ဓာတ်မတည့်မှုမျိုးဖြစ်ဖူးလျှင် နောက်တစ်ကြိမ်ထပ်မထိုးသင့်ပါဘူး။
ကိုယ်ဝန်ဆောင်သည်တွေ မထိုးသင့်ပါဘူး။
Live vaccine ဖြစ်တဲ့ အတွက် မွေးရာပါရောဂါတစ်ခုခုကြောင့် ကိုယ်ခံအားနည်းနေသူတွေ၊ AIDS ရောဂါသည်တွေ မထိုးသင့်ပါဘူး။
ဖျားနေလျှင် သို့ ပြင်းထန်ရောဂါတစ်ခုခုကြောင့် ဆေးသောက်နေရလျှင် နားလည်တတ်ကျွမ်းသူတစ်ယောက်ယောက်နဲ့ တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်။
တချို့ ကာကွယ်ဆေးတွေက G6PD ရှိတဲ့ ကလေးတွေမှာ ထိုးပြီးနောက်ပိုင်း သွေးယိုစိမ့်မှုတွေဖြစ်နိုင်တာကြောင့် စောင့်ကြည့်ရတာမျိုးတော့ ရှိတတ်ပါတယ်။ သို့သော် WHO မှ တရားဝင်ထုတ်ပြန်ထားတာတော့ မရှိပါဘူး။
အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာလဲ စိုးရိမ်ရတဲ့အတွက် ကလေးသူငယ်များအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးတွေ အစိုးရဆေးရုံတွေမှာ အခမဲ့ထိုးပေးနေပါပြီ။ ကာကွယ်ဆေးထိုးလျှင် ကလေးကို အန္တရာယ်ဖြစ်စေနိုင်တယ်၊ ဆိုးကျိုးတွေရှိနိုင်တယ်ဆိုပြီး ပြောဆိုနေကြတဲ့သူတွေလည်းရှိပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဆေးဝါးရယ်လို့မရှိပါဘူး။ အခုလက်ရှိ ကာကွယ်ဆေးထိုးတဲ့နေရာမှာ အသုံးပြုတဲ့ဆေးဝါးတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက အသိအမှတ်ပြုထားပြီး အကြိမ်ကြိမ်အခါခါစစ်ဆေးထားတဲ့ ဆေးဝါးတွေဖြစ်တာကြောင့် စိတ်ချရပါတယ်။ ကာကွယ်ဆေးထိုးလို့ ပြင်းထန်ဘေးထွက်ဆိုးကျိုးရှိနိုင်ချေက အယောက်တစ်သန်းမှာ တစ်ယောက်နှုန်းသာရှိပေမယ့် ကာကွယ်ဆေးမထိုးလို့ ရောဂါဖြစ်ပွားခဲ့ရင်တော့ သေဆုံးနိုင်ချေက သုံးယောက်မှာ တစ်ယောက်နှုန်းရှိတဲ့အတွက် ချိန်ဆကြည့်နိုင်ပါတယ်။
==========
ရေးသားသူ Poe Ei Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.
Mizzima - News in Burmese
http://mizzimaburmese.com/article/34491
ကမ္ဘာက အသိအမှတ်ပြုတဲ့ အထိန်းအမှတ်နေ့စွဲတိုင်းမှာ တမူကွဲပြားတဲ့ သီးခြားအရောင်လေးတွေ ရှိပါတယ်။ ဥပမာ ဟောလိုးဝင်းနေ့ရဲ့ အပြင်အဆင်တွေဆိုရင် ယေဘုယျအားဖြင့် လိမ္မော်ရောင်နဲ့ အမဲရောင်ဖြစ်ပြီး ချစ်သူများနေ့ကတော့ အနီရောင်၊ အဖြူရောင်နဲ့ ပန်းရောင်တို့ကို ဖောဖောသီသီ အသုံးပြုမှုကြောင့် ထင်ရှားပါတယ်။ အခု ခရစ္စမတ်ရာသီက ရောက်တော့မယ်ဆိုတော့ တစ်ကမ္ဘာလုံး အနီရောင်နဲ့ အစိမ်းရောင် အဆင်အယင်တွေကို မြင်တွေ့နေရပါပြီ။
လူ့အဖွဲ့အစည်းက ခရစ္စမတ်နေ့ကို ဒီလိုအရောင် အတွဲအစပ်နဲ့ တွဲမှတ်လာခဲ့ကြတာ ကြာပါပြီ။ ကျွန်တော်တို့အားလုံးလည်း အစိမ်းရောင်နဲ့ အနီရောင်ကို ကွတ်ကီးတွေနဲ့ နေအိမ်တွေကို အလှဆင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းလို့ မှတ်ယူထားကြပါတယ်။ ဘာကြောင့် အနီရောင်နဲ့ အစိမ်းရောင်ကို သုံးကြတာလဲဆိုတာကို ကျွန်တော်တို့တွေ မေးခွန်းတောင်မထုတ်ဘဲ သုံးလာခဲ့ကြတာပါ။
ဒါပေမယ့် ခရစ္စမတ်မှာ အနီရောင်နဲ့ အစိမ်းရောင်ကိုပဲ ဘာကြောင့် သုံးလာခဲ့ကြတာလဲ ဆိုတာကို မသိချင်ကြဘူးလား။
ဒါတွေက ရာစုနှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ့တာပါ။ အရင်တုံးက ဒီအရောင်တွေကို တခြားနေ့စွဲတစ်ခုကို ကျင်းပဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ ရှေးဟောင်းဆဲလ်တစ် လူမျိုးတွေဟာ အနီရောင်နဲ့ အစိမ်းရောင် စီခြယ်ထားတဲ့ ဟော်လီပင် (ဆူးပါပြီး အနီရောင်အသီးသီးတဲ့ အမြဲစိမ်းသစ်ပင်တစ်မျိုး) ကို ဆောင်းရာသီကုန်ဆုံးချိန်မှာ ကမ္ဘာကြီးလှပနေစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ရဲ့ပွဲတော်တွေမှာ အသုံးပြုခဲ့ကြပါတယ်။
နောက်ပိုင်းမှာ ဆောင်းယဉ်စွန်းတန်းချိန်ကို ရောက်တိုင်း ဆဲလ်တစ်နဲ့ အခြားယဉ်ကျေးမှုတွေဟာ အထိန်းအမှတ် အခမ်းအနားတွေ ဆင်ယင်ကျင်းပ ကြပါတယ်။ အဲဒီအခါမှာ သူတို့ရဲ့အိမ်တွေကို ဟော်လီပင်တွေနဲ့ အလှဆင်ခြင်းဖြင့် အကာအကွယ်နဲ့ ကံကောင်းခြင်းတွေ ရောက်ရှိလာမယ်လို့ ယုံကြည်ကြပါတယ်။
အနီရောင်နဲ့ အစိမ်းရောင်ကို တွဲဖက်ခြင်းကို (၁၄) ရာစုထိတိုင်အောင် သုံးစွဲလာကြပါတယ်။ နောက်ပိုင်းမှာ အလယ်ခေတ် ဘုရားရှိခိုးကျောင်းတွေမှာလည်း အနီ-အစိမ်း အရောင်အတွဲအစပ်ကိုပဲ ဆက်လက်အသုံးပြုလာကြပါတယ်။ အဲဒီဘုရားရှိခိုး ကျောင်းတွေမှာ ဘုန်းတော်ကြီးနဲ့ စင်မြင့်ကြားက အကာအရံလေးကို အနီရောင်၊ အစိမ်းရောင် မှန်ချပ်တွေနဲ့ ကာရံကြပါတယ်။ ကိန်းဘရစ်ခ်ျ တက္ကသိုလ်က သုတေသီသိပ္ပံပညာရှင် Dr. Spike Bucklow ကတော့ နှစ်တစ်နှစ်ရဲ့ကုန်ဆုံးခြင်းနဲ့ နှစ်သစ်တစ်ခု စတင်ခြင်းကို အမှတ်အသားပြုတဲ့အနေနဲ့ ဒီအရောင်တွေကို တွဲစပ်ကြတာ ဖြစ်မယ်လို့ ယူဆထားပါတယ်။
ဘာသာရေးကိစ္စတွေကို ဘေးဖယ်ထားလိုက်မယ်ဆိုရင် အနီ-အစိမ်း အရောင်တွဲစပ်မှုဟာ ခရစ္စမတ်ရဲ့ တရားဝင်အရောင် ဖြစ်လာခဲ့ခြင်းအတွက် လူတစ်ယောက်ကို ကျွန်တော်တို့ ကျေးဇူးတင်ရပါမယ်။ အဲဒါကတော့ Haddon Sundblom ပါပဲ။ သူ့နာမည်ကို မကြားဖူးသေးဘူးလား။ သူကတော့ ကိုကာကိုလာကုမ္မဏီရဲ့ ကြော်ငြာတွေကို ဒီဇိုင်းဆွဲပေးတဲ့ ဒီဇိုင်နာပါပဲ။ သူဟာ ကိုကာကိုလာ ကြော်ငြာတွေအတွက် ဆန်တာကလော့ခ် (ခရစ္စမတ် ဘိုးဘိုးကြီး) ကို ဒီဇိုင်းဆွဲခဲ့သူလည်း ဖြစ်ပါတယ်။
အဲဒီမတိုင်ခင်တုံးကတော့ ဆန်တာကလော့ခ်ကို အနုပညာရှင်တွေက ပုံစံအမျိုးမျိုးနဲ့ ပုံဖော်ခဲ့ကြတာပါ။ အဲဒီမတိုင်ခင်တုံးက ဆန်တာဟာ ပိန်ပိန်ပါးပါးလူတစ်ယောက်ဖြစ်ပြီး ဝတ်စုံဟာလည်း အပြာ၊ အစိမ်းနဲ့ အနီရောင် စသည်ဖြင့် အတည်တကျ မရှိပါဘူး။ Sundblom ကတော့ ဆန်တာကို ဝတုတ်တုတ်နဲ့ ဗိုက်ပူပူလူကြီးတစ်ယောက်အဖြစ် ပုံဖော်ဖို့ဆုံးဖြတ်ခဲ့ပြီး အနီရောင်ဝတ်ရုံကို ဆင်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ (ကိုကာကိုလာရဲ့ ပင်ရင်းအရောင်ကလည်း အနီရောင်ကိုး။)
Secret Language of Color ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ Arielle Eckstut ကတော့ NPR ကို ပြောကြားခဲ့တာကတော့ အဲဒီဆုံးဖြတ်ချက်က အရာရာတိုင်းကို ပြောင်းလဲစေခဲ့တယ်လို့ ဆိုပါတယ်။ ကိုကာကိုလာ ကြော်ငြာဟာ လူသိများလာခဲ့ပြီး လူတွေက Sundblom ရဲ့ ဆန်တာကိုမှ ဆန်တာကလော့ခ်အစစ်လို့ ထင်လာကြပါတယ်။
ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ အနီရောင်ဝတ်စုံမှာ အစိမ်းရောင်အနားကွပ်ထားတဲ့ ဆန်တာကလော့ခ်ကိုပဲ ဆန်တာကလော့ခ်အဖြစ် မြင်လာခဲ့ကြပါပြီ။
တကယ်တော့ ခရစ္စမတ်ကို ပုံဖော်နေတဲ့ အနီရောင်နဲ့ အစိမ်းရောင်ရဲ့ သမိုင်းကြောင်းဟာ ဘာသာရေးမှာ အခြေတည်၊ ကြော်ငြာလုပ်ငန်းကြောင့် ခေတ်သစ်ဆန်လာပြီး နောက်ပိုင်းမှာ ပျော်ရွှင်မှုနဲ့ အားလပ်ရက်ဝိဉာဉ်ကို ပုံဖော်ပေးသူအဖြစ် အသက်ဝင်လာခဲ့ပါတယ်။
ဒါကြောင့် နောက်တစ်ခါ ကားမီးပွိုင့်မှာ အနီရောင်နဲ့ အစိမ်းရောင်မီးတွေကို မြင်တဲ့အခါ ဒီဆောင်းပါးလေးကို သတိရလိုက်ပါ။
Source: Reader's Digest
===========
Duwun
Facebook
==================
==================
ကမ္ဘာ့လူသန်း ၂၀၀၀ နေ့ စဉ်အသုံးပြုနေတဲ့ Facebook လူမှုကွန်ရက်ဟာ features သစ်တွေ ထပ်ထည့်ဖို့ အဆက်မပြတ် စဉ်းစားနေသလို ရှိပြီးသား feature တစ်ချို့ ကိုလည်း ပြန်စိစစ်နေပါတယ်။ ဒီထဲက တစ်ခုကတော့ Facebook ပေါ် ပို့ စ်တစ်ခု တင်ပြီးတာနဲ့ ပြန်ဖျက်ခွင့်ပေးထားတဲ့ Delete option ကို ဖြုတ်ပစ်လိုက်ပြီ ဖြစ်ပါတယ်။
Facebook မှာ သုံးစွဲသူအနေနဲ့ ပို့ စ်တစ်ခု တင်ပြီးတာနဲ့ ဒီပို့ စ်ရဲ့ ညာဘက်ထောင့်နားက menu မှာ Save post ၊ Edit Post ၊ Turn off Notification for this post နဲ့ Show in tab စသည်ဖြင့် options အများကြီး ပါရှိပါတယ်။ ဒီထဲက Delete ကို ဗြိတိန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများက Facebook ကို desktop နဲ့ သုံးတဲ့ ဗားရှင်းမှာ တွေ့ လာပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ iOS နဲ့ Android သုံးသူများမှာ Delete ကို ဆက်သုံးနိုင်သေးတယ်လို့ ဆိုပေမယ့် desktop နဲ့ သုံးသူတွေမှာတော့ ဆက်သုံးလို့ မရဘူးလို့ ဆိုပါတယ်။ ဒါဟာ တကယ်ပဲ Delete feature ကို Facebook က ဖြုတ်ပစ်တာလား ။ bug အမှားလားဆိုတာ မသိရသေးပါဘူး။ Facebook ကုမ္ပဏီကိုယ်တိုင်ကလည်း ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး မှတ်ချက်ပေးမထားသေးတာကြောင့် စောင့်ကြည့်ရဦးမှာပါ။
===========
Duwun
နိုင်ငံရေးအရ အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု လူပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦး ဝေဖန် တိုက်ခိုက်ကြ တာ အထူးအဆန်း မဟုတ်ပါ။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်သလို တစ်ယောက်အမှားကို တစ်ယောက် ထောက်ပြ ဝေဖန်ခြင်းကလည်း နိုင်ငံရေး အသိအမြင်နှင့် အတွေးအခေါ် အယူအဆများ ကို ပိုမိုတိုးပွားစေနိုင်သည်။ နိုင်ငံရေးအရ အသာစီး မရနိုင်သော အခါမျိုးတွင် ယုတ်မာ ကောက်ကျစ်သော နည်းဖြင့် လုပ်ကြံသတ်ဖြတ်တာ မျိုးကတော့ အလွန်ဆိုးဝါးသော ကိစ္စဖြစ် ၏။ နိုင်ငံရေးကြောင့် လုပ်ကြံသတ်ဖြတ်မှု ပေါ်ပေါက်လာ သောအခါ လုပ်ကြံခံရသော သူဘက်က ပြည်သူတွေက ရပ်တည်လေ့ရှိတာ ကို တွေ့သည်။ ဘာကြောင့် ရပ်တည်ရသလဲဟု မမေးပါနှင့်၊ မတရား သက်သက် သတ်ဖြတ်ခံရသောကြောင့် အသက် ပေးလိုက် ရသူဘက်မှ ပြောင်ပြောင်တင်းတင်း ရပ်တည်ခြင်း ဖြစ်သည်ဟုသာ ဖြေ ရပေလိမ့် မည်။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံရေးကြောင့် လုပ်ကြံသတ်ဖြတ်မှု များ ပေါ်ပေါက်ခဲ့ သည်။ ဟိုးတလောကကပင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက် လာခဲ့သူ ဥပဒေပညာရှင် ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံလိုက်ရသည်။ ဒီမိုကရေစီရေး အတွက် ကိုယ်ကျိုးမပါ အနာဂတ် မျိုးဆက်များ အတွက် ဆောင်ရွက်နေသူ အပေါင်းကို လူသတ်ဝါဒ ကိုင်စွဲသူများက စိန်ခေါ် လိုက်ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ အနိုင်ရပြီး ရာစုနှစ်ဝက်ကျော် ကာလအတွင်း ပထမဆုံး အရပ်သားအစိုးရ ဖွဲ့နိုင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့် အစိုးရကို သာမက ဝိုင်းရံပေးသည့် ပညာရှင် အပေါင်းကိုပါ လူသတ်ဝါဒီများက သွေးတိုးစမ်းခြင်း လည်း ဖြစ်သည်။ သာမန် အရပ်သားတွေကိုပါ အထိတ်တလန့် ဖြစ်အောင် လူမြင်ကွင်းတွင် သတ်ဖြတ်ပြခဲ့သည်။ တိုးတက်လာသော နည်းပညာ အရ လူမှုကွန်ရက် မီဒီယာပေါ်တွင် ဓာတ်ပုံနှင့် သတင်းအချက်အလက် များပါ တင်ပြီး ခြောက်လှန့်ပြသည်။
ပြည်သူတွေက ကြောက်မသွားသည့်အပြင် လုပ်ကြံသူနှင့် ပူးပေါင်း ကြံစည်သူများကို စိတ်ပျက်လက်ပျက် ဖြစ်ကာ ရွံရှာမုန်းတီး သွားပါသည်။ ထောင်နှင့်ချီသော ပြည်သူများက ဈာပနကို လိုက်ပို့ကြသည်။ အသက် ပေးသွားသော တာဝန်သိ ပြည်သူတစ်ဦး၏ ကျန်ရစ်သော မိသားစုကို ဝိုင်းဝန်း ကူညီ ထောက်ပံ့ပေးကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအကြောင်း ပြန်လည် စိတ်ဝင်စား လာကြသည်။ လက်ရှိ အချိန်တွင် အားလုံး၏ စိုးရိမ်မှုက တစ်ခုပဲရှိသည်။ လူသတ်သမားကို ဖမ်းမိသော်လည်း ကြံရာပါများနှင့် စေခိုင်းသူများကို ပါ ဖော်ထုတ်နိုင်ပါ့ မလားဟု တွေးတော ပူပန်နေကြခြင်း ဖြစ်သည်။ အမှုမှန်နှင့် နောက် ကွယ်က စီမံသူများကို မဖော်ထုတ် နိုင်ခြင်းကြောင့် ဒီမိုကရေစီ ခေါင်းဆောင် များ၏ အသက်အန္တရယ်ကို တွေးတော စိတ်မောနေကြ လေသည်။
စိတ်မောမည် ဆိုရင်လည်း မောစရာ။ နိုင်ငံရေးနှင့် နွှယ်သော လုပ်ကြံ သတ်ဖြတ်မှုတိုင်း အမှုမှန်ပေါ်ပေါက်လေ့ မရှိတာက မြန်မာနိုင်ငံတွင် အလေ့အထ တစ်ခုလို ဖြစ်နေသည်။ အာဇာနည် ခေါင်းဆောင် ကြီးများအား လုပ်ကြံမှုနှင့် နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများကို ပြန်ပြောင်း သတိရသလို အမှန်တကယ် ပါဝင်ခဲ့သော နောက်ကွယ်က လက်မည်းကြီး များ အကြောင်း ပြောစပြုလာသည်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုမပြောနှင့်၊ အခြေခံဥပဒေ သစ်ဖြင့် အုပ်ချုပ်သော အစိုးရ နှစ်ဆက်အတွင်းမှာပင် အဟောသိကံ ဖြစ်သွားရသည့် နိုင်ငံရေး မကင်းသော သတ်ဖြတ်မှုတွေက အများကြီး ရှိသည်။
အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုနှင့် ဆက်စပ်နေသော အိုင်စီအက်စ် ဦးတင်ထွဋ် လုပ်ကြံခံရခြင်း အကြောင်းကို ပြန်လည် အမှတ် ရမိသည်။
ထိုအမှုလည်း လက်သည်ရှာမရဘဲ အဟောသိကံ ဖြစ်သွား ရသော ရှေးဦးနိုင်ငံရေး လုပ်ကြံမှုပင်ဖြစ်သည်။
၁၈၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မွေးဖွားခဲ့သည့် ဦးဖိန်းနှင့် ဒေါ်မိမိ တို့၏ သားကြီးဖြစ်သူ ဦးတင်ထွဋ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့က ၁၂၂ နှစ်မြောက်မွေးနေ့ ပြည့် ခဲ့ပြီ ဖြစ်သည်။ လက်ရှိ ကမ္ဘာသုံး ပညာရေးခေတ်၏ မြန်မာပညာတတ် သမိုင်းတွင် လွန်စွာမှ ထင်ရှားကျော်ကြားသော ညီအစ်ကို လေးဦးဖြစ်သည့် ဦးတင်ထွဋ်၊ ဦးကျော်မြင့်၊ ဦးမြင့်သိန်း၊ ဒေါက်တာထင်အောင် တို့တွင် အကြီးဆုံး အစ်ကိုကြီး ဖြစ်သည်။ ကိုလိုနီခေတ် အိန္ဒိယနိုင်ငံ လက်အောက်ခံ ပြည်နယ်တစ်ခုအဖြစ် နေထိုင်ခဲ့ရစဉ် ကာလအတွင်း က မြန်မာလူမျိုး များထဲမှ ပထမဦးဆုံး အိုင်စီအက်စ် အရာရှိဖြစ်သည့်အတွက် သူ့ကို အိုင်စီအက်စ် ဦးတင်ထွဋ်ဟု ခေါ်ဝေါ်လေ့ရှိသည်။ စာအလွန်တော် သည့်အပြင် ဥပဒေပညာ၊ စီးပွားရေးပညာ၊ အုပ်ချုပ်ရေး ပညာနှင့် သံတမန်ရေးရာတွင် သူမတူအောင် ထူးချွန်သူ တစ်ဦး ဖြစ်သည့်အတွက် အင်္ဂလိပ်များသာမ က နိုင်ငံတကာကပင် လေးစားရသူ ဖြစ်သည်။
သူ့ထက် အသက် နှစ်ဆယ်နီးပါးပိုကြီးကာ ဘက်စုံထူးချွန် သူ ဖြစ်သောကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က မြန်မာ့ လွတ်လပ်ရေး အတွက် ဦးတင်ထွဋ်ကို လက်မလွှတ်နိုင်အောင် အသုံးပြုခြင်း ခံရသူ ဖြစ်သည်။ အမှန်တကယ်လည်း ဦးတင်ထွဋ် ကိုယ်တိုင် မြန်မာ့ လွတ်လပ်ရေး အလှည့်အပြောင်း ဖြစ်စေသည့် အောင် ဆန်း အက်တလီ စာချုပ်နှင့် ပင်လုံစာချုပ်များ အကောင်အထည် ပေါ်ပေါက်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ မြန်မာနိုင်ငံအတွက် အကျိုးပြုခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အစိုးရအဖွဲ့၏ အတွင်းရေးမှူး သဖွယ် မြန်မာ့လွတ်လပ်ရေး အတွက် ထိပ်တန်းနေရာကနေ ပါဝင်ဆောင်ရွက် ပေးခဲ့သူလည်း ဖြစ်သည်။
၁၉၄၇ ဇူလိုင်လ ၁၉ ရက် ကြားဖြတ်အစိုးရအဖွဲ့ အစည်းအဝေးကို မတက်ဖြစ်သူများတွင် နိုင်ငံခြားရေး ဝန်ကြီး ဦးတင်ထွဋ်နှင့် ပြည်ထဲရေး ဝန်ကြီး ဦးကျော်ငြိမ်းတို့လည်း ပါသည်။ ဗြိတိသျှ အစိုးရ ဝန်ထမ်းဟောင်း များကို လွတ်လပ်ရေးခေတ်တွင် ဆက်လက် ခန့်ထားရေး အပါအဝင် ပင်စင်လစာပေးရေး၊ ဘဏ္ဍာရေးကိစ္စများအတွက် လန်ဒန်သို့ သွားနေချိန်ဖြစ်၍သာ ကံကောင်းစွာဖြင့် လုပ်ကြံခံရမည့် ဘေးက လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဦးတင်ထွဋ်သည် နိုင်ငံတော် လုပ်ကြံမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု၊ တရားစီရင်မှုများကို မကျေနပ်နိုင်သေးဘဲ အချိန်ရလျှင် ရသလို သူ့နည်းသူ့ဟန်ဖြင့် စုံစမ်းထောက်လှမ်းမြဲပင် ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရသောအခါ ပထမဦးဆုံး နိုင်ငံခြားရေးဝန်ကြီးမှာ ဦးတင်ထွဋ် ဖြစ်လာ သည်။ နောက်တော့ ဘဏ္ဍာရေးဝန်ကြီး တာဝန်ကိုပါ ထမ်းဆောင်ရသည်။ လွတ်လပ်သော မြန်မာနိုင်ငံ အတွက် "နယူးတိုင်းမ် စအော့ဖ် ဘားမား" အမည်ဖြင့် အင်္ဂလိပ်ဘာသာ သတင်းစာကို စီမံထုတ်ဝေခဲ့သည်။ နာမည်ကြီး နေးရှင်းသတင်းစာ ထူထောင်သူ ဖြစ်လာသည့် ဦးလောရုံကို သတင်းစာ အယ်ဒီတာ ဖြစ်အောင် အလုပ်ပေးပြီး သတင်းစာသမား တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့သူ ဖြစ်သည်။ နိုင်ငံတော် လုပ်ကြံမှုနှင့် ပတ်သက်သော အချက်အလက်များကို စုံစမ်းကာ သူ၏သတင်းစာတွင် ဆောင်းပါးများ ရေးသား ဖော်ထုတ်ရန် ရည်ရွယ်ချက်လည်း ရှိသည်ဟု သိရသည်။
လွတ်လပ်ရေးရတာမှ တစ်နှစ် မပြည့်သေး ကာကွယ်ရေးဦးစီးချုပ်၊ ရဲချုပ်နှင့် အစိုးရအဖွဲ့ အတွင်းဝန်တို့ ပါဝင်သော နိုင်ငံတော် လုံခြုံရေးကောင်စီက ကွန်မြူနစ် သောင်းကျန်းမှုနှင့် ပတ်သက်၍ အစိုးရကို ဖိအားပေးသောကြောင့် ဝန်ကြီးချုပ်လုပ်သူ ဦးနုက ဦးတင်ထွဋ်ကို ဝန်ကြီးအဖြစ်ကနေ နုတ် ထွက်ခိုင်းသည်။ ကိစ္စမရှိပါ။ ကိန်းဘရစ် တက္ကသိုလ်ကနေ ဘွဲ့တွေ အများကြီးဖြင့် ထူးချွန်စွာ အောင်မြင်ထားသည့် ဦးတင်ထွဋ် ဝန်ကြီးရာထူးကနေ ထွက်ခဲ့သည်။
ဦးတင်ထွဋ်ကို လက်ဝဲဝါဒီများနှင့် ဆိုရှယ်လစ်များက ဗြိတိသျှ အားကိုးလွန်း သည့် လက်ယာ စွန်းရောက်သူအဖြစ် စွပ်စွဲကြသည်။ ပညာတတ်မာန် အပြည့်ရှိသောသူ၊ ဒီမိုကရေစီကို ယုံကြည်သူ တစ်ဦးအတွက် သတင်းစာ တစ်စောင်ဖြင့် တိုင်းပြည်နှင့် အစိုးရကို ထိန်းကျောင်းနိုင်မည်ဟု ယုံကြည်ထားသည်။ ကွန်မြူနစ်များ တောခိုပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းခဲ့သော ပြည်သူ့ရဲဘော် တပ်ဖွဲ့များကလည်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် မူဝါဒရေးဆွဲရာကနေ နှစ်ဖွဲ့ကွဲကာ ရဲဖြူများက တောခိုသည်။ ဗမာ့သေနတ်ကိုင် တပ်ရင်းအချို့က လည်း တော်လှန်သော ဗမာ့တပ်မတော်အဖြစ် ကွန်မြူနစ်များနှင့် သွားရောက် ပူးပေါင်းသောအခါ ဦးတင်ထွဋ် လက်ပိုက် ကြည့်မနေနိုင်တော့။ ဗြိတိသျှ ဆင်းဟတ် စစ်တက္ကသိုလ်တက်ဖူးသူ၊ ဒုတိယ ကမ္ဘာစစ် အတွင်း အိန္ဒိယတပ်မတော် လက်အောက်တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းခဲ့ဖူးသူ ဖြစ်သောကြောင့် ပြည်ထောင်စု အရန်တပ်ဖွဲ့ Union Auxiliary Force ဖွဲ့စည်းပေးရန် တောင်းဆိုသောအခါ စစ်တပ် အင်အား နည်းပါးနေသော ဖဆပလအစိုးရက ဦးတင်ထွဋ်ကို UAF အဖွဲ့၏တပ်မှူးအဖြစ် အလွယ်တကူ ခွင့်ပြုခဲ့သည်။
တရားဝင် ဖြစ်စေရန်အတွက် မြန်မာ့တပ်မတော်၏ ဗိုလ်မှူးချုပ် အဆင့်အတန်းကို တိုက်ရိုက် ခန့်ထားပေးခဲ့သည်။ ဦးတင်ထွဋ်ကတော့ သူ့စိတ်ကူးနှင့်သူ ဗြိတိသျှတပ်မတော်တွင် တာဝန်ထမ်းဖူး သူများကို ပြန်လည်စုစည်းကာ UAF ကို ကြီးမားလာအောင် အမြန်ပြန်လည်ဖွဲ့စည်းခဲ့သည်။ တကယ်တော့ သူ့အတွက် ဦးစားပေးသည်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အစိုးရကို အကာအကွယ် ပေးရေးပင် ဖြစ်သည်။ ကွန်မြူနစ်ဝါဒီများသာ စစ်ရေးတွင် အသာစီးရခဲ့ပါက ဒီမိုကရေစီ ဆိတ်သုဉ်းတော့မည်ကို သူ ကောင်းကောင်း သဘောပေါက်သည်။ ဒါကြောင့်လည်း ကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲဝင်ပါရစေဟု အစိုးရထံတွင် ခွင့်တောင်းခြင်း ဖြစ်သည်။
ဦးတင်ထွဋ်က သတိအမြဲထားသည်။ အလုပ်အလွန်လုပ်သူ တစ်ဦးဖြစ်သော် လည်း သူ၏ သတင်းစာအတွက် အမြဲတမ်း မမေ့မလျော့ဘဲ တိုက်ကို ပုံမှန်လာကာ ဖောင်ပိတ်လေ့ ရှိသည်။ တပ်မှူး တစ်ယောက် ဖြစ်လာချိန် တွင် ဂေါ်ရခါးလူမျိုး သက်တော်စောင့် နှစ်ဦးနှင့် အမြဲသွားလာလေ့ ရှိသည်။ ဝင်ဒီလော ရုံရေးသားသော စာအုပ်တွင် ဦးတင်ထွဋ်က သတင်းစာတိုက်၌ အစည်းအဝေး လုပ်ချိန်မှာတောင် ကျည်ဆန် အပြည့်ထည့်ထားသည့် သေ နတ်ကို စားပွဲပေါ် တင်ထားကြောင်း ဖော်ပြခဲ့သည်။ မတော်တဆ ကျည်ဆန် ထွက်သွားမှာကို စိုးရိမ်သော ဦးလောရုံက အစည်းအဝေး လုပ်တိုင်းနှင့် သူ၏ရုံးခန်းတွင် စကားပြောတိုင်း သေနတ်ပြောင်းနှင့် လွတ်သော နေရာ တွင်သာ အမြဲနေလေ့ရှိကြောင်း ဦးတင်ထွဋ်အကြောင်း မှတ်စုရေး ထားခဲ့သည်။
သတင်းစာတိုက်က ဗိုလ်အောင်ကျော်လမ်း၊ အထက်ဘလောက်တွင် ရှိသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် ထုံးစံအတိုင်း သတင်းစာတိုက်မှ သက်တော်စောင့် နှစ်ဦးနှင့်အတူ ပြန်ဖို့ ကားပေါ် အတက်တွင် မှောင်ရိပ်ထဲမှ ထွက်လာသူ တစ်ယောက်က ဦးတင်ထွဋ် စီးသော ဖို့ဒ်စတေရှင် ဝက်ဂွန်းအမျိုးအစား ကားအစိမ်းရောင် နံပါတ် R-4022 အတွင်းသို့ လက်ပစ်ဗုံး ပစ်ထည့်သွား သည်။ ပေါက်ကွဲမှုကြောင့် ကားပါ မီးလောင်သွားခဲ့သည်။ ကိုယ်ရံတော် နှစ်ဦး သွေးအလိမ်းလိမ်းဖြင့် ဒဏ်ရာအပြင်းအထန် ရသွားသလို ဦးတင်ထွဋ် ကိုယ်တိုင် လည်း ခြေထောက်တွင် မီးလောင်ဒဏ်ရာတွေ ရသည်။
မျက်နှာနှင့် မေးရိုးတွင် ထိခိုက်မှုရှိသော်လည်း သေလောက်အောင် ပြင်ပ ဒဏ်ရာ ကြီးမားစွာ မရသော ဦးတင်ထွဋ်ကို ရန်ကုန်ဆေးရုံကြီးကို ချက်ချင်းပို့သည့် အချိန်မှစ၍ နာကျင်မှုကြောင့် ညည်းသံမှတစ်ပါး စကားလုံးဝ မပြောနိုင်။ နောက်တစ်နေ့ထုတ် သတင်းစာများတွင် ဦးတင်ထွဋ် လုပ်ကြံခံရသော သတင်း ပါလာသည်။ သက်တော်စောင့် နှစ်ဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန် သောကြောင့် အသက်ဆုံးရှုံး သွားသော်လည်း ဦးတင်ထွဋ် ဒဏ်ရာ ပြင်းထန်စွာမရရှိဟု ရေးသားကြသည်။ သို့သော် ထိုသတင်းပါလာသော စက်တင်ဘာ ၁၈ ရက်နေ့မှာပင် ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။ ပြင်ပဒဏ်ရာ မကြီးမားဘဲ သေဆုံးမှုကြောင့် အလောင်းကို ခွဲစိတ်စစ်ဆေးအခါမှ နားရွက်ထဲကနေ ဝင်သွားသော ဗုံးဆန်အစလေးတစ်စက ဦးနှောက်အထိ ရောက်သွားကာ သွေးယို စိမ့်မှုကြောင့် အသက်ပျောက်ခဲ့ရကြောင်း ကြီးကြပ်ခွဲစိတ် ကုသပေး ခဲ့သူ ဒေါက်တာဘသန်းက အတည်ပြု သည်။
ထိုလုပ်ကြံမှုကို စုံစမ်းစစ်ဆေးဖို့အတွက် ရန်ကုန် ရဲမင်းကြီးအဖြစ် ယာယီတာဝန် ယူထားရသည့် ဦးဘအေး၏ တာဝန်ဖြစ်လာသည်။ ချိန်ကိုက်ဗုံးလား၊ လက်ပစ်ဗုံးလား ဆိုတာ အငြင်းပွားနေကြတာနှင့် အချိန်တွေ ကုန်ပြန်သည်။ နောက်ဆုံး ရန်ကုန်တွင် ရှိနေသည့် ဗြိတိသျှစစ်မစ်ရှင်မှ လက်နက်ပါရဂူကို စုံစမ်းစစ်ဆေး စေသောအခါမှ အဖြေထွက်သည်။ ပေါက်ကွဲမှုနှင့် ဗုံးဆန်လွင့်စင်ပုံ လမ်းကြောင်းများအရ ပါရဂူက လက်ပစ်ဗုံး ဖြစ်ကြောင်း အတည်ပြုပေးသည်။ ဗိုလ်အောင်ကျော်လမ်းပေါ်ရှိ သစ်ပင်ရိပ်တွင် ညဘက်မှောင် ရိပ်ခိုနေသော လုပ်ကြံသူက ဦးတင်ထွဋ်တို့ ကားပေါ်တက် အပြီးတွင် အပြေးလာပြီး လက်ပစ်ဗုံးကို ပစ်သွင်းသွားခြင်း ဖြစ်သည်ဟု အဖြေထုတ်ပေးသည်။ တရားခံကို ရှာဖို့ကတော့ ရဲတပ်ဖွဲ့၏ တာဝန်ဖြစ်သည်။ အငြိမ်းစား ရဲမင်းကြီး ဦးဘအေး ဘဝခရီးနှင့် အတွေ့အကြုံများ စာအုပ်တွင် ဦးတင်ထွဋ် လုပ်ကြံခံရမှု အတွက် စုံစမ်းစစ်ဆေးသူက အလယ်ပိုင်း ရဲဝန်ထောက် ဦးတင်အောင်ဖြစ်ပြီး သူကိုယ်တိုင်ကမူ ကြီးကြပ်သူအဖြစ် ဆောင်ရွက်ရ သည်။ သူတာဝန်ယူ နေစဉ် ကာလအတွင်း စုံစမ်း ထောက်လှမ်းရေး ရဲဝန် ဦးစိုးမြင့်က ဦးဘအေးအား ရှဲဒိုး နောက်ယောင်ခံ လိုက်နေသူ တစ်ဦး ရှိကြောင်းနှင့် သတိ အမြဲထားဖို့ အသိပေးလာသည်။ ဦးဘအေးကလည်း အထက်အရာရှိဖြစ်သူ ရန်ကုန်ရဲမင်းကြီး ဦးအောင်ချိန်ထံ ထိုအကြောင်းကို တင်ပြသည်။
သူက "အေးဗျာ ဒါဆို ကိုဘအေး ဒီအမှုကို သတိနှင့် လိမ်လိမ်မာမာ ကိုင်ပေါ့" ဟု အဖြေပြန် ပေးခဲ့သည်။ ဒါကို ဦးဘအေးက "ဦးအောင်ချိန် ပြော လိုသည်မှာ ထိုအမှုကို ကြိုးစားပမ်းစား မလိုက်ဘဲထားရန် ဖြစ်ပုံရသည်" ဟု ကောက်ချက် ချခဲ့ပါသည်။ ထို့ကြောင့်သူလည်း နောက်ထပ် အထူး လှုပ်ရှားမှုများ မပြုလုပ်တော့ကြောင်း သူ၏ဘဝ ခရီးနှင့် အတွေ့အကြုံများ စာအုပ်တွင် ဦးတင်ထွဋ် လုပ်ကြံခံရမှု အကြောင်းကို ရေးသား ဖော်ပြခဲ့ သည်။ ဦးတင်ထွဋ် လုပ်ကြံခံရချိန်တွင် တပ်မတော်ရာထူး မှာ ဗိုလ်မှူးချုပ် အဆင့်အတန်း ဖြစ်သည်။ ကာကွယ်ရေး ဦးစီးချုပ်က ကရင်လူမျိုးဖြစ်သူ ဗိုလ်ချုပ်ကြီးစမစ်ဒွန်း၊ ဒုတိယ ဦးစီးချုပ်ဖြစ်သူက ဗိုလ်မှူးချုပ် ရာထူးဖြင့် စောကြာဒိုး၊ ရဲချုပ်ဖြစ်သူ ဦးထွန်းလှအောင်၏ စစ်ဘက်ရာထူးက ဗိုလ်မှူးချုပ်အဆင့် ဖြစ်သည်။ သူတို့အားလုံး ဗြိတိသျှ စစ်တက္ကသိုလ် ၏ လေ့ကျင့်မှုကို ရထားသူများ ဖြစ်ကြသည်။ ဗမာ့သေနတ်ကိုင် တပ်ရင်း အချို့ ကွန်မြူနစ်နှင့် ပေါင်းကာ တောခိုပုန်ကန်ခြင်းကြောင့် တပ်မတော်တွင် မျက်နှာပန်းမလှ ဖြစ်နေသူက ဂျပန်ခေတ် လက်ကျန် ဗိုလ်မှူးချုပ်နေ ဝင်း ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးမှာ ဗိုလ်လက်ျာဖြစ်သည်။ ဦးတင်ထွဋ် လုပ်ကြံခံရပြီး လပိုင်းအကြာမှာပင် ကရင်လက်နက်ကိုင် လှုပ်ရှားမှုများ ပေါ်ပေါက်လာပြီး အင်းစိန်ကို သိမ်းပိုက်ကာ ကရင်သေနတ်ကိုင် တပ်ရင်းများ ပုန်ကန်မှု ပေါ်ပေါက်လာခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာ အပါအဝင် ဗိုလ်ချုပ်ကြီးစမစ်ဒွန်းနှင့် ဗိုလ်မှူးချုပ် စောကြာဒိုးတို့ ရာထူးက အနားပေးခံလိုက်ရသည်။ ထိပ်တန်း ကရင်အရာရှိ အများအပြား ပါဝင်သလို တပ်မတော် ဗိုလ်မှူးချုပ်ရာထူးဖြင့် ရဲချုပ်လုပ်နေသူ ဦးထွန်းလှအောင်ပါ ရာထူးမှ ပြောင်းရွှေ့ခြင်း ခံရပြီး အင်္ဂလန်နိုင်ငံသို့ သံအမတ်အဖြစ် အပို့ခံလိုက်ရသည်။ အစိုးရထိပ်တန်း အရာရှိကြီးတစ်ဦးနှင့် သူ၏ ကိုယ်ရံတော် ဂေါရခါး ရဲဘော်တစ်ဦး သေဆုံးခဲ့ရသော လုပ်ကြံမှုက ဇာတ်မျောကြီးဖြစ်ကာ ဖိဖိစီးစီး လုပ်ကိုင်မည့်သူ မရှိဘဲ အမှန်တရား ပျောက်ကွယ်ခဲ့ရသည်မှာ နှစ်ပေါင်း ခုနစ်ဆယ်နီးပါးပင် ရှိလာပြီး ယနေ့တိုင်အောင် အဖြေရှာမရသေး။ အထက်တွင် ဖော်ပြခဲ့ သည့်အတိုင်း ဦးတင်ထွဋ် လုပ်ကြံမှု ပေါ်ပေါက်ပြီး နောက်ပိုင်း တပ်မတော် ထိပ်တန်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေဖြစ်ကာ ပြိုင်ဘက်အားလုံးကို ကျော်လွှား၍ ဗိုလ်ချုပ်ကြီးနေဝင်းအဖြစ် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့သည်။ သူ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီး နောက် ပိုင်းတွင် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းတွေက ပိုမိုမြန်ဆန်လာပြီး ဒီမိုကရေစီ ပျောက်ဆုံးသည်အထိ ဆိုးကျိုးတွေ ဆက်တိုက် ဖြစ်ပေါ်လာ ခဲ့တာ သမိုင်းသက်သေပင် ဖြစ်ပါတော့သည်။
ဦးတင်ထွဋ် လုပ်ကြံခံရခြင်းအတွက် ဗြိတိသျှအစိုးရပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝမ်းနည်း ကြသည်။ လွတ်လပ်ရေး အကြိုကာလ မြန်မာ ပညာတတ်လောက၏ မီးရှူးတန်ဆောင်ဖြစ်သူ ဦးတင်ထွဋ်ကို ဆုံးရှုံးခဲ့ရသည့် အတွက် အားလုံးက နှမြောကြသည်။ ဦးတင်ထွဋ်ကို ထပ်မံဆုံးရှုံး ခဲ့ရခြင်းသည် ဗိုလ်ချုပ်အောင်ဆန်းကို လက်လွှတ် လိုက်ရပြီး ဖြစ်သည့် မြန်မာနိုင်ငံအတွက် နောက်ထပ် အကြီးမားဆုံး နစ်နာမှုဖြစ်သည်။ နှစ်ဦးစလုံး မသမာသူများ၏ နိုင်ငံရေး လုပ်ကြံမှု ကြောင့် ကျဆုံးခဲ့ရရှာသည်။ ဦးတင်ထွဋ် သတ်ဖြတ်ခံရခြင်းက လက်သည် မရှာနိုင်သည့်အတွက် သာ၍ပင်ဆိုးသည်ဟု ပြောရပါလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်သွားသည့် သမိုင်းဝင် ဓာတ်ပုံများထဲတွင် သူနှင့် ဦးတင်ထွဋ်တို့ နှစ်ဦးသားကို ပြုံးရွှင်စွာဖြင့် ယနေ့အချိန်အထိ မြင်နေရဆဲ ပင် ဖြစ်သည်။ လွတ်လပ်တော့မည့် မြန်မာနိုင်ငံအတွက် သူတို့တွေးပျော်နေခြင်း သာ ဖြစ်မည်။ ထိုပုံကိုမြင်တိုင်း အမိမြန်မာ နိုင်ငံ ကတော့ မျက်ရည်ဝဲမိမှာ သေချာပါသည်။ နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့် လာပြီဖြစ်သော လက်သည် မပေါ်သည့် နိုင်ငံရေး လုပ်ကြံမှု အကြောင်း ပြန်လည် တင်ပြလိုက်ရပါသည်။
==================
လှမျိုးထွန်း
The Ladies News
http://www.theladiesnewsjournal.com/articles/thu-2017-11-23-1623/8289
Friday, 17 November 2017
====================
====================
လျှာ၊ သွားဖုံးနဲ့ ပါးစောင် အတွင်းပိုင်းတွေမှာ အပူနာဖြစ် တာဟာ အန္တရာယ်မရှိပေမယ့် စကား ပြောရခက်၊ ပြုံးရယ်ရခက်၊ စားသောက်ရခက်နဲ့ အတော် လေး ခံရခက်ပါတယ်။ ဒီအခြေ အနေက နေသက်သာဖို့အိမ်မှာ တင်လုပ်နိုင်တဲ့ နည်းလမ်းလေး တွေ ဖော်ပြလိုက်ပါတယ်။
-ရှားစောင်းလက်ပပ်ဂျယ်နဲ့ အပူနာရှိတဲ့နေရာကို တစ်နေ့နှစ် ကြိမ်လိမ်းပေးနိုင်သလို ရှား စောင်းလက်ပပ် ဖျော်ရည်စစ်စစ် နဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပလုတ်ကျင်းပေးနိုင်ပါတယ်။
-ရေတစ်ခွက်ထဲကို လက် ဖက်ပင်ဆီ ဆယ်စက်ရောစပ်ပြီး တစ်နေ့နှစ်ကြိမ် ပလုတ်ကျင်းပေး နိုင်ပါတယ်။
-ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ နနွင်းမှုန့်အနည်းငယ် ရောစပ်အနှစ်လုပ်ပြီး အနာဖြစ် နေတဲ့နေရာကို သုတ်လိမ်းပေး နိုင်ပါတယ်။
-အ၀ါရောင်ပန်းပွင့်တဲ့ အ လေ့ကျပေါက်ပင်တစ်မျိုးဖြစ်တဲ့ ဒုဓလီပွင့်ကို ရေနွေးဆူဆူထဲမှာ ထည့်စိမ်ထားပြီး အေးသွားတဲ့ အခါ ပလုတ်ကျင်းပေးနိုင်ပါ တယ်။
Ref:healthdigezt
==========
7Day News Journal
http://7daydaily.com/story/113226
Thursday, 16 November 2017
===========================
မပုပ်မသိုးသော ဆရာတော်များ
မြန်မာနိုင်ငံတွင် ထူးဆန်းသော ပုဂ္ဂိုလ်များစွာပေါ်ထွက်လျှက်ရှိရာ ထိုပဂ္ဂိုလ်များစွာအနက်မှ ပျံလွန်တော်မူသည်မှာ နှစ်ပေါင်းများစွာကြာသော်လည်း ရုပ်ကလပ်တော်မှာ မပုပ်မပွ ၊မပုပ်မသိုးဘဲ တည်ရှိနေသော ဆရာတော်များကို ဆိုလိုပါသည်။
ဆရာတော် ဦးကဝိ(စွန်းလွန်း ဆရာတော်ဘုရားကြီး)
ဆရာတော် ဦးကဝိ (စွန်းလွန်းဆရာတော်) ဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၂၃၉ ခုနှစ်၊ တစ်ပေါင်းလဆန်း ၂ ရက်၊ တနင်္လာနေ့ နံနက် ၃ ချက်တီးကျော်အချိန်၌ အထက်မြန်မာပြည်၊မြင်းခြံမြို့အနီး စွန်းလွန်းရွာ အဖဦးသန့်၊ အမိ ဒေါ်တုတ်တို့မှ မီးရှူးသန့်စင် ဖွားမြင်တော်မူသည်။ ဆရာတော်ဘုရားကြီးသည်ထွက်သက်၊ ဝင်သက်၊ အာနာပါဏ မှစ၍ ထိ၊ သိ၊ သတိ အစရှိသော တရားအားထုတ်မှုများကို သဒ္ဓါဝိရိယ၊ ဇွဲသန်သန်နှင့် နေ့ညမပြတ် အားထုတ်သွားရာ ၁၂၈၂ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ကြာသပတေးနေ့ ည ၁ဝနာရီအချိန်တွင် ပထမအကြိမ် တရားထူးကို တွေ့ရလေ သည်။ ၁၂၈၂ ခုနှစ် ဝါခေါင်လပြည့်ကျော် ၁၃ ရက်၊ စနေနေ့ည ၁ဝ နာရီအချိန်တွင် ဒုတိယအကြိမ် တရားထူးကို တွေ့ရပြန်သည်။ ၁၂၈၂ ခုနှစ် တော်သလင်းလပြည့် ကျော် ၁၃ ရက်၊ တနင်္လာနေ့ည ၁ဝ နာရီအချိန်တွင် မိမိခန္ဓာ ကိုယ်၌ ပြင်းပြလှသော ဝေဒနာများကို ခံစားရပြီးနောက် တတိယအကြိမ်မြောက် တရားထူးကို တွေ့ရပြန်၏။၁၂၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အင်္ဂါနေ့ ည ၁ဝ နာရီအချိန်တွင် စတုတ္ထအကြိမ်မြောက် တရား ထူးကို တွေ့ရပြန်လေသည်။၁၃၁၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် စနေနေ့ညနေ၄:၄၅ အချိန်တွင် ပျံလွန်တော်မူသည်မှာ နှစ်ပေါင်း ၆၀ ကျော်ရှိပြီဖြစ်သော်လည်း ယခုတိုင်မပုပ်မသိုးတည်ရှိနေပါသည်။
မန်လည်ဆရာတော်
မန်လည်ဆရာတော် ရှင်ဇ၀န အား မန်လည်မြို့ဝန် မင်းထင်မင်းလှက ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်ကျောင်းကြီးကို ဆောက်လုပ်လှူဒါန်းပြီးနောက် ထိုကျောင်းကိုအစွဲပြုကာ မန်လည်ဆရာတော်ဟု ကျော်ကြားခဲ့ခြင်းဖြစ်သည်။ လယ်တီဆရာတော်ကြီး၏ တောင်းပန်လျှောက်ထားချက်အရ ဆန်းသံခိပ် နှင့် အလင်္ကာသံခိပ်ကျမ်းများကို စီရင်ရေးသားနေဆဲကာလတွင် ပျံလွန်တော်မူခဲ့သည်။ ပျံလွန်သည့်အချိန်မှာ ၁၂၈၂ ခုနှစ် ၊ တော်သလင်း လဆန်း ၁၃ ရက် ၊ နံနက် ၁နာရီ ၃၀ မိနစ်ဖြစ်ပြီး ထိုအချိန်တွင် ဆရာတော်၏ အသက်မှာ သက်တော် ၇၉ ၀ါတော် ၅၆ ၀ါ ရှိပြီဖြစ်သည်။
မန်လည်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီးနောက် ထုံးစံအတိုင်း ကျောင်းတော်ကြီးနံဘေးတွင် စေတီတစ်ဆူ၌ ဂူသွင်းမြုပ်နှံ သင်္ဂြိုဟ်ခဲ့သည်။ ထိုသို့မြုပ်နှံပြီး ၃ လ ခန့်အကြာတွင် ဆရာတော်ကြီး၏ တပည့်ရင်း ကပ္ပိယ ဦးဘရင်က ဆရာတော်ကြီးအား အိပ်မက်မြင်မက်ကြောင်း ဂူတွင်းမှ ထုတ်ယူ၍ ကြည့်ရှုခွင့်ပေးပါရန် ငိုယိုပြောကြားသည်။ ဒုတိယ မန်လည်ဆရာတော်က မသင့်တော်ကြောင်း တားသော်လည်း ဒကာရင်းဖြစ်သူမှာ ရှိုက်ကြီးတငင်ငိုယိုပြောဆိုနေသည့်အတွက် နောက်ဆုံးတွင် ဂူကိုဖွင့်ကာ အလောင်းတော်အား ထုတ်ကြည့်ကြလေသည်။
ဤတွင် အံသြဖွယ်ကောင်းလောက်အောင် ဆရာတော်၏ ရုပ်အလောင်းသည် ပျက်စီးခြင်း ၊ ပုပ်သိုးနံစော်ခြင်း မရှိပဲ ပကတိကျိန်းစက်နေသည့်အလား ဖူးမျှော်လိုက်ကြရသည်။ ထိုအခါမှ လူအပေါင်းတို့ အုံးအုံးကျွတ်ကျွန်ဖြစ်လာပြီး အလောင်းတော်ကို မှန်ခေါင်းဖြင့် ပြောင်းထည့်၍ အပူဇော်ခံ ထားရှိကြပေသည်။ သစ်စေးကိုင်၍ ရွှေချထားသော ဆရာတော်ကြီး၏ ကြွင်းကျန်သောရုပ်ကလာပ်ကို ယနေ့တိုင် စံကျောင်းတော်တွင် ဖူးမျှော်နိုင်ပေသည်။
ဆရာတော် ဦးကေသရ
ဆရာတော်အရှင်ကေသရသည် ရန်ကုန်တိုင်း၊ ထန်းတစ်ပင်မြို့နယ်၊ နဲသမိန်စံပြကျေးရွာ မြောက်ဘက်ကျောင်းတွင် မြန်မာသက္ကရာဇ် ၁၃၃၃ ခုနှစ် သက်တော် ၇၇ နှစ်၌ ပျံလွန်တော်မူသည်မှာ နှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်သော်လည်း ယခုတိုင်မပုပ်မသိုး တည်ရှိနေပါသည်။
ထူးဆန်းသောဘုန်းကြီး
ဆရာတော် ဦးသုဇာတ
ဆရာတော်ဦးသုဇာတသည် ရခိုင်ပြည်နယ် ၊ သံတွဲမြို့ ၊ သံတွဲ – ဂွလမ်းပေါ်ရှိ ဇလွန်-မဒေး ကျောင်းတိုက်တွင်တည်ရှိပြီး သက်တော် ၈၀ ၊ဝါတော် ၆၀ ၊ ၁၉၈၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ၊မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ပျံလွန်တော်မူသည်မှာ နှစ်ပေါင်း ၃၀ ရှိပြီ ဖြစ်သော်လည်း ယခုတိုင်မပုပ်မသိုး တည်ရှိနေပါသည်။
copy @ သုတဇုန်
ဇင်ပြွန်းကုန်းကျေးရွာ လမ်းမကြီးကို အယူသည်းဒေသခံတချို့၏ အသုဘချခွင့် မပေးသည့်အတွက် ရွာလမ်းမကြီးတွင် အလောင်းချထားရ
==================
(ကျုံပျော်) နိုဝင်ဘာ ၁၆
==================
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာတွင် ရွာလယ်လမ်းမကြီးကို အယူသည်းဒေသခံတချို့က အလောင်း ဖြတ်သယ်ကာ အသုဘချခွင့်မပေးသည့်အတွက် ရွာလမ်းမကြီးတွင် အလောင်းချ၍ အသုဘချခွင့်ရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် နှစ်ဘက်တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်နေရကြောင်း သိရသည်။
ဇင်ပြွန်းကုန်းကျေးရွာအရှေ့ပိုင်းမှ ကွယ်လွန်သူ ဒေါ်သန်းသန်းနွယ်၊ အသက်(၄၉) နှစ်၏ ရုပ်အလောင်းကို ရွာအရှေ့ခြမ်းမှ ဒေသခံများနှင့် မြင့်မြတ်စေတနာ နာရေးကူညီရေးအသင်းတို့ ရွာလယ်လမ်းမမှတဆင့် သုဿာန်သို့ ပို့ဆောင်ရန် သယ်ဆောင်လာစဉ် ရွာအနောက်ခြမ်းမှ ဒေသခံများကအစဉ်အလာဓလေ့ထုံးထမ်းအရ ရွာလယ်လမ်းမှ သယ်ရန် ခွင့်မပြုကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် ပိတ်ဆို့တားဆီးခဲ့သည့်အတွက် အလောင်းစင်အား ရွာလယ်လမ်းမကြီးတွင် ချထားခဲ့ရကြောင်း
သိရသည်။
ထိုသို့အသုဘချရန် အခက်အခဲဖြစ်နေသည့် အခြေအနေကြောင့် ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများရောက်ရှိလာပြီး ကျေးရွာမှတာဝန်ရှိသူများ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီးနောက် အသုဘချရာလမ်းကို ရဲတပ်ဖွဲ့ ၀င်များ ပဋိပက္ခမဖြစ်ပွားစေရေး ရွာအလယ်မှတားဆီး ထားသဖြင့် အသုဘအလောင်းကိုတော့ လမ်းမကြီးအလယ်တွင် ချထားရကြောင်း သိရှိရသည်။
ယခုဖြစ်ပွားရာနေရာတွင် အောက်တိုဘာလ ၂၇ ရက်နေ့က ရွာလည် လမ်းမကြီးကို အယူသည်းဒေသခံတချို့က အလောင်း ဖြတ်သယ်ကာ အသုဘချခွင့်မပေးသည့်အတွက် ရဲအင်အားလုံခြုံရေးတင်းကြပ်စွာ ချထားပြီး အသုဘချရမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
---
ဓါတ်ပုံ - မင်းထက်မုန်း (ပုသိမ်)
မင်းထက်မုန်း/ဧရာဝတီတိုင်းမ်
Ayeyarwaddy Times
===========
ThitHtooLwin
http://www.thithtoolwin.com/2017/11/blog-post_714.html
တန် ၃၀၀ ကျော် ကျောက်စိမ်းကို ကျပ် ၁၀ ဘီလီယံကျော် တန်ဖိုးသတ်မှတ်
==================
==================
ကချင်ပြည်နယ် ဖားကန့်မှာ မနှစ်က ရတနာတောင်တန်းကုမ္ပဏီက တူးဖော်တွေ့ရှိခဲ့တဲ့ တန်ချိန် ၃၀၀ ကျော်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ကျပ်ငွေ ၁၀ ဘီလီယံကျော် တန်ဖိုး သတ်မှတ်ပြီး ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ကျောက်မျက်ပြပွဲမှာ တင်ပြရောင်းချသွားမယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
အဲဒီကျောက်စိမ်းအရိုင်းတုံးကို အစိတ်ပေါင်း ၃၀ နီးပါး ခွဲစိတ်ပြီး နေပြည်တော် ဒက္ခိဏသီရိမြို့နယ်က နိုင်ငံတော်နဲ့ အကျိုးတူသိုလှောင်ရုံမှာ လုံခြုံရေးအစီအမံနဲ့ ထိန်းသိမ်းထားတယ်လို့ ဦးတင့်စိုးက ဒီကနေ့ ပြောပါတယ်။
"နဂိုတုန်းက ဒီကျောက်ကို ခန့်မှန်း အလေးချိန် တန် ပေါင်း၂၁၀ ရှိတယ်ဆိုပြီးမှ ကျနော်တို့ သိခဲ့ရပါတယ်။ ကျောက်စိမ်းတုံးကြီးဟာ အင်မတန်မှကြီးတဲ့အတွက်ကြောင့်မို့ သူ့ကို သယ်ဖို့ပြုဖို့ အဆင်မပြေတဲ့အခါကျတော့ တရုတ်ပြည်ကနေ ပညာရှင်တွေခေါ်ပြီးတော့ ဖြတ်တဲ့အခါမှာ အစိတ်အပိုင်းအကြီးကြီးတွေပေါ့ဗျာ ၂၈ ခြမ်းရပါတယ်။ နောက်ပြီးတော့မှ အသေးလေးတွေကိုတော့ တစ်အိတ်စာရတယ်ပေါ့ဗျာ။ ဖြတ်တောက်ပြီး ပြန်ချိန်တွယ်တဲ့အခါကျတော့ တန်ချိန်အားဖြင့် ၃၀၈ တန် ဒသမ ၃၉၈ တန်ရှိသွားတယ်လို့ ပြောလို့ရပါတယ်"
အဲဒီ ကျောက်စိမ်းကနေ နိုင်ငံတော်က ရတနာခွန်အဖြစ် အနည်းဆုံး ကျပ်သန်းပေါင်း ၂၁၀၀ ကျော် ရရှိနိုင်ကြောင်းနဲ့ သတ်မှတ်တန်ဖိုးထက် ပိုပြီးရောင်းချနိုင်ခဲ့ရင် ရရှိတဲ့ငွေပမာဏအပေါ်မှာမူတည်ပြီး နိုင်ငံတော်ကရမယ့် အချိုးကျ အခွန်ငွေဟာလည်း ပိုများလာနိုင်တယ်လို့ ပြောပါတယ်။
ကျောက်စိမ်းအရိုင်းတုံးကို ဆိပ်မူအုပ်စု မယ့်လင်ချောင်မှော်လုပ်ကွက် ၂ မှာ အစိုးရနဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ ရတနာတောင်တန်းကုမ္ပဏီက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၀ ရက်နေ့က တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီ ကျောက်စိမ်းဟာ လုံးစွပ်အမျိုးအစားဖြစ်ပြီး အမျိုးစားတူ ကျောက်စိမ်းတုံးတွေထဲမှာ အကြီးမားဆုံးဖြစ်ပါတယ်။
အဲဒီ ကျောက်စိမ်းဟာ အမေရိကန်ဒေါ်လာ သန်း ၁၇၀ လောက်အထိ တန်ကြေးရှိနိုင်တယ်လို့ နိုင်ငံတကာ အကဲခတ်တွေက ခန့်မှန်းထားပါတယ်။
===========
RFA Burmese
http://www.rfa.org/burmese/news/pharkant-huge-jade-11162017035931.html
သွားမှာတပ်တဲ့စတီးကြိုးလို့ပြောလိုက်တာနဲ့စာကြမ်းပိုး လေးလုံးလေး ဝက်ခြံတွေဗရပွတွေရှိပြီး အများနဲ့ဘောင်မဝင်၊ အပေါင်းအသင်းမဆံ့တဲ့ အူကြောင်ကြောင်ကောင်လေး ဒါမှမဟုတ် ကောင်မလေးတစ်ယောက်ကို မျက်လုံးထဲပြေးမြင်ကြပါလိမ့်မယ်။ ဒါဟာ ဟိုးအရင်တုန်းကတော့ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ ဒီဖက်ခေတ်မှာတော့ အရွယ်ရောက်ပြီးသူတွေဟာလည်း ဒီသွားစတီးကြိုးတွေကို တပ်လာကြပြီ ဖြစ်ပါတယ်။ ဒါဟာ အလျင်အမြန်ကြီးထွားလာတဲ့ ခေတ်ရေစီးကြောင်း ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေလည်း သွားမှာစတီးကြိုးတပ်တဲ့အကြောင်းနဲ့ဒီလိုမျိုးတပ်သင့်မတပ်သင့်သိရှိစေနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။
အရွယ်ရောက်ပြီးသူတွေ ဘာလို့များ သွားမှာတပ်တဲ့ စတီးကြိုးကိုအသုံးပြုကြတာလဲ။
ကျွန်တော်တို့တွေ တဖြည်းဖြည်းနဲ့အသက်ကြီးလာသလို သွားတွေဟာလည်း အသက်ကြီးလာပါတယ်။ ဒီလိုအသက်ကြီးလာတာနဲ့အမျှ ထိခိုက်ဒါဏ်ရာရမှုတွေ၊ ရေခဲတုံးကိုက်တာလိုမျိုး မကောင်းတဲ့အလေ့အထတွေ၊ လျှာနဲ့ထိုးထိုးနေတတ်တာတွေ ဒါမှမဟုတ် သူ့အလိုလို ဖြစ်လာတာတွေ စတဲ့အကြောင်းရင်းတွေကြောင့် သွားတွေဟာ ကျိုးတာ၊ ပဲ့တာ၊ ရွဲ့တာ၊ ထပ်တာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ သွားထပ်တာမျိုးဖြစ်တဲ့အခါမှာ ပုံမှန်အတိုင်း နေသားတကျ ဖြစ်နေစေဖို့အတွက် စတီးကြိုးတွေကို အသုံးပြုဖို့လိုအပ်လာပါတယ်။
လူအများအပြားဟာ ငယ်စဉ်ကတည်းက သွားတွေတစ်ချောင်းပေါ် တစ်ချောင်း ထပ်ပြီးပေါက်နေတာမျိုး ဖြစ်လေ့ရှိကြပေမယ့် အဲ့ဒီ့အချိန်တုန်းက မိဘက မတတ်နိုင်တဲ့အတွက် စတီးကြိုးတွေကို မတပ်ခဲ့ရပါဘူး။ အရွယ်ရောက်လာလို့ အလုပ်လုပ်ပြီ၊ ပိုက်ဆံရှာနိုင်ပြီဆိုတဲ့အချိန်မှာ ထပ်နေတဲ့သွားလေးတွေကို ပြုပြင်ချင်စိတ်ပေါ်လာလေ့ရှိကြပါတယ်။ ပိုကောင်းတဲ့ ပိုလှတဲ့အပြုံးလေး ဒါမှမဟုတ် အလုပ်အကိုင်အသစ်အတွက်ပေါ့။
လူအချို့အနေနဲ့ ဒါဟာ လုပ်သင့်တယ်၊ ထိုက်တန်တယ်လို့ယူဆကြပါတယ်။ သူတို့အနေနဲ့ ကြည့်ရတာ၊ နေရာတာတမျိုးကြီး ဖြစ်ကောင်းဖြစ်နေမယ်၊ သွားဆရာဝန်ဆီ ခဏခဏသွားဖို့ လိုကောင်းလိုလိမ့်မယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ နှစ်အနည်းငယ်အတွင်းမှာ အရာထင်လာပါလိမ့်မယ်။ တစ်သက်တာ အသာစံဖို့ခဏတာအနာခံရတာလို့သူတို့အနေနဲ့ ပြောလေ့ရှိကြပါတယ်။
မကောင်းတဲ့အချက်တွေ
သွားမှာစတီးကြိုးတွေတပ်တာဟာသင့်သွားတွေအတွက်ကောင်းတယ်၊ အကျိုးရှိတယ်ဆိုပေမယ့် ငယ်တုန်းရွယ်တုန်းလုပ်ရင်တော့ ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ငယ်တဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့တုံ့ပြန်နိုင်စွမ်း၊ ပုံမှန်ပြန်ဖြစ်နိုင်စွမ်းက ပိုမြန်၊ပိုကောင်းလို့ ဖြစ်ပါတယ်။
ပြင်ဆင်စရာရှိတာ ကြိုတင်ပြင်ဆင်ပါ။
သွားကျဲနေတာတွေကို စေ့အောင်လုပ်ပေးတာ ဒါမှမဟုတ် ထပ်နေတဲ့သွားတွေကိုချဲပြီး ဖြောင့်အောင်လုပ်ပေးတာ စတဲ့အချက်တွေကို စတီးကြိုးတွေက လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် စတီးကြိုးတပ်ပြီးတဲ့အခါ သင့်အနေနဲ့လိုက်နာဆောင်ရွက်စရာတွေ အများကြီးရှိနေပါတယ်။
သင့်မှာ လောလောဆယ်သွားဖုံး ဒါမှမဟုတ် သွားနဲ့ပတ်သက်တဲ့ရောဂါတစ်ခု ဖြစ်နေတယ်ဆိုရင် စတီးကြိုးမတပ်ခင် အဆိုပါရောဂါကို အရင်ကုရမှာ ဖြစ်ပါတယ်။ သင့်သွား ဒါမှမဟုတ် သွားဖုံးတွေအနေနှဲ့စတီးကြိုးကာလကြာမြင့်စွာတပ်ထားတာကို ခံနိုင်ရည်ရှိပါစေ။ အစားအသောက်ကိုလည်း ဆင်ခြင်ဖို့လိုအပ်မှာဖြစ်ပြီး စေးကပ်တဲ့၊ မာတဲ့အစာတွေမှန်သမျှ ဘာမှမစားရပါဘူး။ စတီးကြိုးကို ပြတ်သွားစေနိုင်တဲ့အတွက် ရေခဲတုံးဝါးစားတာမျိုးတောင် မလုပ်ရပါဘူး။ စတီးကြိုးတပ်ထားရင် သွားတိုက်တဲ့အခါ ဒါမှမဟုတ် သွားကိုကြိုးနဲ့ရှင်းတာမျိုးတွေလုပ်တဲ့အခါ ပိုပြီးလက်ဝင်တဲ့အတွက် ဒါတွေလုပ်ဖို့အချိန်ကိုပိုပေးထားရမှာ ဖြစ်ပါတယ်။ သွားပေါ်မှာ ဘာမှကပ်တင်ပြီး ကျန်မနေစေရပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးကျန်နေခဲ့ရင် သွားကိုရော စတီးကြိုးကိုပါ ထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။
သွားဆရာဝန်နဲ့မှန်မှန်ပြဖို့ကြိုတင်ပြီးအစီအစဉ်ဆွဲပါ။ တစ်လတခါပုံမှန်ပြဖို့ (လိုအပ်ရင် တစ်ပတ်တခါ ပြဖို့) အချိန်မရရအောင်ယူပါ။ သင့်အနေနဲ့ဘယ်လောက်ပဲအလုပ်များနေပါစေ၊ သွားမှာစတီးကြိုးတပ်ထားစဉ်ကာလတစ်လျှောက်လုံး သွားဆရာဝန်ခေါ်တဲ့ရက်ချိန်းတိုင်းကို မပျက်မကွက်ဘဲမှ န်မှန်သွားရောက်ရပါမယ်။ သင့်အခြေအနေနဲ့လိုအပ်ချက်တွေအပေါ်မူတည်ပြီး သွားဆရာဝန်အနေနဲ့အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ပေးပါလိမ့်မယ်။
တချို့တွေက သွားကိုထောက်ထားတဲ့အရာလေးတွေနဲ့ဝိုင်ယာကြိုးလေးတွေလိုအပ်မှာဖြစ်ပြီး တချို့တွေကတော့ အလှအပကိုပိုပြီးဦးစားပေးပါလိမ့်မယ်။ ပုံမှန်စတီးကြိုး၊ သတ္တုကြိုး၊ အစွပ်လေးတွေ၊ အံကပ်အကြည်လေးတွေစသဖြင့် ပုံစံအမျိုးမျိုးကွဲပြားပါလိမ့်မယ်။
===========
ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
Mizzima - News in Burmese
http://mizzimaburmese.com/article/34264
Wednesday, 15 November 2017
အရင်ခေတ်တုန်းက လက်ထပ်လက်စွပ်ဆိုတာ မိန်းမတွေပဲဝတ်ရတာ။
ချစ်ရသူကို လက်ထပ်ခွင့်တောင်းတဲ့အခါ ဘယ်ဖက်လက်သန်းကြွယ်လေးကို လက်စွပ်လေးဝတ်ပေးကြတယ်။ မင်္ဂလာဆောင်မှာလည်း အပြန်အလှန် လက်စွပ်ဝတ်ပေးတော့ လက်သန်းကြွယ်လေးကိုပဲလေ။ မင်္ဂလာလက်စွပ်ကို ဘာကြောင့်မို့လို့ လက်သန်းကြွယ်မှာပဲ စွပ်ထားကြတာလဲဆိုတာ မသိချင်ဘူးလား။
ဒီဓလေ့ ပေါ်ထွန်းလာတာ နှစ်ပေါင်းအတော်ကြာနေပါပြီ။ ပြောရရင်တော့ ရှေးခေတ်အီဂျစ်တွေကနေ စခဲ့တဲ့ ရိုးရာယဉ်ကျေးမှုပါလို့ ရှေးဟောင်းသုတေသနပညာရှင်တွေက အထောက်အထားတွေနဲ့ ဆိုတယ်။ အီဂျစ်ခေတ်ဟောင်းရုပ်ပုံတွေအရ သတို့သမီးတွေဟာ လက်ထပ်လက်စွပ်တွေဝတ်ခဲ့ကြတာတွေ့ရကြောင်း BBC သတင်းမှာ ဖော်ပြဖူးပါတယ်။
အီဂျစ်လူမျိုးတွေဟာ လူ့လက်သန်းကြွယ်ကနေ နှလုံးကို စီးဆင်းဆက်သွယ်ထားတဲ့ သိမ်မွေ့တဲ့အာရုံကြောလေးတစ်ခုရှိတယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့်မို့လို့ လက်ထပ်တဲ့အခါ လက်သန်းကြွယ်မှာ လက်စွပ်ဆင်မြန်းခဲ့ကြတယ်။ ရှေးဟောင်း ဂရိတွေနဲ့ ရှေးခေတ်ရောမလူမျိုးတွေကလည်း ဘယ်ဘက်လက်သန်းကြွယ်မှာ လက်ထပ်လက်စွပ်ကို ဝတ်ခဲ့ကြတယ်။ အကြောင်းရင်း အဓိပ္ပာယ်ကတော့ အီဂျစ်တွေနဲ့ အတူတူပါပဲ။ ဘယ်ဘက်လက်သန်းကြွယ်မှာ လက်တင်ဘာသာစကားနဲ့ vena amoris (အချစ်သွေးကြော)လေးဟာ နှလုံးကိုစီးဆင်းနေတယ်လို့ ယုံကြည်ကြပါတယ်။
ဘယ်ဘက်လက်သန်းကြွယ်မှာ လက်ထပ်လက်စွပ်ကိုဝတ်ကြတာ နိုင်ငံတိုင်းတော့ မဟုတ်ဘူး။ ဒိန်းမတ်၊ ပိုလန်၊ ကျူးဘားတို့မှာဆိုရင် လက်ထပ်လက်စွပ်ကို ညာဘက်လက်သန်းကြွယ်မှာ ဝတ်ကြပါသတဲ့။ ဒုတိယကမ္ဘာစစ်မတိုင်မီအထိတော့ အမျိုးသားတွေဟာ လက်ထပ်လက်စွပ်ကို မဝတ်ကြသေးပါဘူး။ အဲ့ဒီနောက်ပိုင်းမှာမှ ဇနီးမယားနဲ့ ကလေးတွေကို အမှတ်ရအောက်မေ့နေစေဖို့အတွက် (စစ်ထဲလိုက်သွားတဲ့)ခင်ပွန်းသည်တွေဟာလည်း လက်ထပ်လက်စွပ်ကို ဝတ်ဆင်လာခဲ့ကြပါတယ်။
Source : BBC, Snopes, Mental Floss
Duwun
Tuesday, 14 November 2017
ပင်ပအပူချိန်နဲ့ နှလုံးကျန်းမာရေး ဘယ်လိုဆက်ဆံနေမလဲဆိုတာ စဉ်းတော့စဉ်းစားစရာပါပဲ။ ဒါပေမယ့် သုတေသနတွေက အေးချမ်းတဲ့ ရာသီဥတုနဲ့ နှလုံးရောဂါအန္တရာယ်ကြားက ဆက်နွယ်မှုတစ်ခုကို ဖော်ပြနိုင်ခဲ့ပါတယ်။
အမေရိကန်သုတေသနတစ်ခုက ပြီးခဲ့တဲ့ (၃) နှစ်အတွင်း နှလုံးရောဂါကြောင့် ဆေးရုံတက်ခဲ့ရတဲ့ လူနာခြောက်သိန်းကို သုတေသနပြုလုပ်ခဲ့ပြီး ဆောင်းရာသီမှာ နှလုံးရောဂါ ပိုမိုဆိုးဝါးတာကို တွေ့ရှိခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့
၁။ သွေးကြောတွေ ပိုမိုကျဉ်းမြောင်းနေမယ်
ခန္ဓာကိုယ်ကို ပိုမိုနွေးထွေးဖို့ ကြိုးစားချိန်မှာ ဦးနှောက်နဲ့ အဆုတ်တို့လို အရေးပါတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကာကွယ်ဖို့ကိုပဲ အဓိက အာရုံစိုက်ကြပါတယ်။ အဲဒီလုပ်ဆောင်မှုရဲ့ တုံ့ပြန်မှုတစ်ခုကတော့ သွေးတွေကို ခန္ဓာကိုယ်တစ်ခုလုံး အနှံ့မရောက်စေဖို့အတွက် သွေးကြောတွေကို ပိုမိုကျဉ်းမြောင်းအောင် လုပ်လိုက်တာပဲဖြစ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ နှလုံးအနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လိုအပ်တဲ့ အောက်ဆီဂျင်တွေ ထောက်ပံ့ပေးဖို့အတွက် ပိုအလုပ်လုပ်ရမယ်လို့ ဆိုလိုပါတယ်။ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားတွေ မြင့်တက်နေချိန်မှာ သွေးခဲနိုင်ခြေ၊ လေဖြတ်နိုင်ခြေနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကိုလည်း တိုးမြင့်စေပါတယ်။
၂။ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ အစားအစာတွေကို စားမိမယ်
ဆောင်းရာသီ၊ ခရစ္စမတ်နဲ့ နှစ်ကူးကာလတွေမှာ ဝိတ်တက်လာတာက အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီလိုဝိတ်တက်လာခြင်းက နှလုံးကျန်းမာရေးကိုလည်း ထိခိုက်နိုင်စေပါလိမ့်မယ်။ ဆောင်းရာသီ အားလပ်ရက်တွေမှာ စားမိတဲ့ ပြည့်ဝဆီနဲ့ ဆိုဒီယမ်ပါဝင်မှုများတဲ့ အစားအစာတွေဟာ နှလုံးကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။ အဓိက ကတော့ အဲဒီအစားအစာတွေဟာ ခန္ဓာကိုယ်ထဲက ရေဓာတ်တွေကို နှလုံးအတွက် အလုပ်လုပ်ပေးဖို့ နှေးကွေးစေတာပါ။ ဒါကလည်း ဆောင်းရာသီနဲ့ ဆက်နွယ်နေပါတယ်။
၃။ အစားများများစားမိမယ်
ဆောင်းရာသီအားလပ်ရက် ပန်းကန်ပြားပေါ်မှာရှိတဲ့ အစားအသောက်တွေရဲ့ အမျိုးအစားကပဲ အရေးကြီးတာမဟုတ်ပါဘူး။ ဆောင်းရာသီမှာ လူတော်တော်များများဟာ ပုံမှန်ထက် ပိုစားမိတတ်ကြပါတယ်။ ဒါကလည်း နှလုံးအတွက် ပြဿနာတစ်ခုပါပဲ။ အစားအစာကို တဝတပြဲစားပြီးတိုင်း အစာခြေအင်္ဂါစနစ်က အလုပ်လုပ်ဆောင်ဖို့အတွက် နှလုံးဆီက သွေးများများ တောင်းခံပါတယ်။ အဲဒီအချိန်မှာ နှလုံးလည်း အလုပ်ပိုလုပ်ရတဲ့အတွက် ကြာလာရင် ဒဏ်ပိလာနိုင်ပါတယ်။
၎။ စိတ်ဖိစီးမှု မြင့်တက်လာမယ်
ဆောင်းရာသီဟာ အေးချမ်းတဲ့ရာသီတစ်ခုဖြစ်သလို ပွဲလမ်းသဘင်တွေ များပြားလွန်းတဲ့ ရာသီလည်း ဖြစ်ပါတယ်။ နှစ်ချုပ်စာရင်းတွေ၊ နှစ်တစ်နှစ်ရဲ့ တားဂတ်ပြည့်မပြည့် စစ်ဆေးတိုင်းထွာရတဲ့ အချိန်လည်း ဖြစ်တဲ့အတွက် အလုပ်ကလည်း အရမ်းရှုပ်တဲ့ ရာသီပါ။ ဒါကြောင့် ဆောင်းရာသီမှာ စိတ်ဖိစီးမှု ပုံမှန်ထက် ပိုများတာက သဘာဝပါပဲ။ စိတ်ဖိစီးမှုဟာ နှလုံးနဲ့ တိုက်ရိုက်ဆက်နွယ် နေတဲ့အတွက် ဆောင်းရာသီကာလမှာ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။
၅။ ဆောင်းရာသီက အထီးကျန်ဆန်တယ်
ဆောင်းရာသီအားလပ်ရက်တွေမှာ တချို့က မိသားစုနဲ့ ပျော်ပျော်မြူးမြူး တွေ့ဆုံနေချိန်မှာ တချို့တစ်ကိုယ်တည်း သမားတွေကတော့ အရင်ကထက်ပိုပြီး အထီးကျန်ဆန်နေပါတယ်။ ဆောင်းနှင်းလေးတွေဟာ အတိတ်ကို ပြန်ပြောင်းသတိရအောင် ဆွဲဆောင်နိုင်တဲ့အတွက် အထီးကျန်သမားတွေအတွက်တော့ ရှိရင်းစွဲ ခံစားချက်ကို နှစ်ဆမြှင့်လိုက်သလိုပါပဲ။ အထီးကျန် ခံစားချက်ဟာလည်း နှလုံးကို သွားထိစေနိုင်တဲ့အတွက် ဒါဟာလည်း ဆောင်းရာသီနဲ့ နှလုံးရောဂါကြားက ဆက်နွယ်မှုတစ်ခုပါပဲ။
Source: Reader's digest
===========
Duwun
%
ရွှေမြန်မာတို့အကြိုက် ကြက်ဟင်းခါးသီးဟာ ရင်သားကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့ သုတေသနပြုချက်အသစ်က ထုတ်ဖော်လိုက်ပါတယ်။
အဲဒီသုတေသနပြုချက်ကို Cancer Research ဂျာနယ်က ထုတ်ပြန်လိုက်တာပါ။ အခုရလဒ်က သိပ်ကိုအားတက်စရာကောင်းတယ်လို့ စိန့်လုစ်ဝစ်တက္ကသိုလ်က ရောဂါဗေဒဆိုင်ရာ ပါမေက္ခဖြစ်သူ Dr. Ratna Ray ကပြောပါတယ်။ အဲဒီသုတေသနပြုချက်ကို သူကိုယ်တိုင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာကင်ဆာဆဲလ်တွေ ရှင်သန်ကြီးထွားမှုကို ထိန်းချုပ်နိုင်ဖို့ အထူးလေ့လာနေသူတစ်ယောက်လည်းဖြစ်ပါတယ်။
အခု ကြက်ဟင်းခါးသီးဟာ ကင်ဆာဆဲလ်ရှင်သန်ကြီးထွားမှုနဲ့ ကင်ဆာဆဲလ်ပျံ့နှံ့မှုကို ရပ်တန့်စေနိုင်ပြီ ကင်ဆာဆဲလ်တွေကို ၈၀ % ထိသေစေနိုင်ပါတယ်။
အပူပိုင်းဒေသတွေမှာ အဓိကတွေ့ရလေ့ရှိတဲ့ ကြက်ဟင်းခါးသီးဟာ အရသာခါးခါးပေမယ့် ကျန်းမာရေးအကျိုးကျေးဇူးထူးတာကြောင့် လူတွေ စားသုံးကြတဲ့အသီးပါ။
ကြက်ဟင်းခါးသီးဟာ HER2 ဆိုတဲ့ ရင်သား ကင်ဆာ ၊ ဆဲလ်ပေါ်မှာ တွေ့ရတဲ့အထူးပရိုတင်းတစ်မျိုး ကြီးထွားမှုကို ထိန်းထားနိုင်တာကိုတွေ့ရှိခဲ့ပါတယ်။ Dr.Ray ဟာ စမ်းသတ်မှုတွေအများကြီးလုပ်ဆောင်ဖို့ ဆက်ရှိနေပြီးတော့ ရလဒ်ကောင်းတွေပိုပြီးရလာခဲ့ရင် လူသားတွေအတွက် ပိုပြီးအကျိုးရှိလာမယ်လို့ ယုံကြည်နေပါတယ်။
တစ်ချို့သောနိုင်ငံတွေမှာ ကြက်ဟင်းခါးသီးကို ရှားပါးသီးနှံအဖြစ်ဝယ်စားနေရချိန် မြန်မာတို့ကတော့ ခြံထွက်ကြက်ဟင်းခါးသီးကို အလွယ်တကူခူးစားနိုင်သလို ဈေးတွေမှာလည်း ဈေးနှုန်းချိုချိုနဲ့ ၀ယ်စားနိုင်ပါတယ်နော်။
စာဖတ်သူတို့အတွက်လည်း သတင်းကောင်းတစ်ခုလို့ ယုံကြည်ပါတယ်။ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုပြီးထိရောက်တာကြောင့် ကြက်ဟင်းခါးသီးစားပေးပြီး ရင်သားကင်ဆာကို ကာကွယ်ကြရအောင်လား
==========
MyFood Myanmar
တခါတလေ အလုပ်ဖိစီးမှု စိတ်ဖိစီးမှုတွေ၊ သောင်းပေါင်းခြောက်ထောင် အတွေးတွေကြောင့် ညည နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တဲ့သူတွေရှိပါတယ်။ ဒီနေ့ခေတ်မှာဆို လူတိုင်းအိပ်ယာထဲမှာ ဖုန်းတွေကြည့်ပြီး အင်တာနက်သုံးတာ၊ ဂိမ်းဆော့တာတွေလုပ်ကြတာကြောင့် ဖုန်ကနေထွက်တဲ့ အပြာရောင်အလင်းတန်း (blue light) ဟာ ညဖက် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်ပါတယ်။
အိပ်ရေးပျက်တယ်ဆိုတာရာ တစ်ညလုံးမအိပ်ဘဲနေတာကို ဆိုလိုချင်တာမဟုတ်ပါဘူး။ ခဏလေးအိပ်ပျော်သွားလိုက်၊ နိုးလာလိုက်နဲ့ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရတာလည်း ပါပါတယ်။
အဲဒီလို အိပ်ရေးပျက်တာ၊ ညည နှစ်ခြိုက်စွာအိပ်မပျော်တာဟာ ကျန်းမာရေးအတွက်သာမက အလှပအတွက်ပါ ဆိုးကျိုးဖြစ်နေပါတယ်။ ဒါ့ကြောင့် နှစ်ခြိုက်စွာအိပ်မောကျချင်ကြတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးကို မျှဝေပေးပါမယ်။
ပျားရည်ဟာ ဆေးဖက်ဝင်တဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပြီး အရသာလည်းရှိသလို ကျန်းမာရေး အလှပအတွက်ပါ အသုံးပြုလို့ရပါတယ်။ ပျားရည်ကို ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ ဒီတခါမှာတော့ ညဖက်အိပ်လို့မပျော်တဲ့သူတွေအတွက် ဒီလိုသောက်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။
ပျားရည် စားပွဲတင်ဇွန်း ၁/၎
ဆား စားပွဲတင်ဇွန်း ၁/၈
အုန်းဆီစားပွဲတင်ဇွန်း ၁ ဇွန်း
အခုဖော်ပြခဲ့တဲ့ ပါဝင်ပစ္စည်းတွေကိုရောပြီး သောက်နိုင်သလို ၊ ရေနွေးတစ်ခွက်ထဲ ထည့်ဖျော်ပြီးလည်း သောက်သုံးနိုင်ပါတယ်။ ညအိပ်ယာမ၀င်ခင် ၅ မိနစ်လောက်အလိုမှာသောက်ပေးပါ။
အဲဒီလိုသောက်ပေးမယ်ဆိုရင် ညဖက် အိပ်ရေးပျက်မှုကိုဖြစ်စေတဲ့ ခန္ဓာကိုယ်အတွင်းရှိ cortisol ပမာဏာကိုလျှော့ချပေးနိုင်ပြီး ညဖက်ကို နှစ်ခြိုက်စွာအိပ်မောကျစေမှာပါ။
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့) ၂ ဇွန်းကိုလည်း သောက်ပြီး အိပ်ပေးလို့ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ပျားရည်နဲ့ ဆားကိုပဲ ရောပြီးသောက်ပေးနိုင်ပါတယ်။
စိတ်ဖိစီးမှုကိုကျစပြီး ဟော်မုန်းကို ထိန်းချုပ်ပေးတာကြောင့် ညဖက်ကို ကောင်းမွန်စွာ အိပ်စက်စေနိုင်ပါတယ်။
အသုံးဝင်မယ့် အသက်ရှူနည်းလမ်း
၎ ၊ ၇ ၊ ၈ ဆိုတဲ့ နည်းလမ်းကိုသိကြလားရှင့်။ အရင်ဆုံး ၄ စက္ကန့်လောက်ဖြည်းဖြည်းချင်း အသက်ရှူပါ။ ပြီး၇င် ၇ စက္ကန့်လောက်အောက်ထားပါ။ ပြီးရင် ၈ စက္ကန့်လောက်ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပေးလိုက်ပါ။
စက္ကန့်အတိအကျမလုပ်နိုင်ရင်လည်း ၁ ၊ ၂၊ ၃၊ ၄ လို့ရေတွက်ပြီး နေပေးလို့ရပါတယ်။
==========
MyFood Myanmar
Sunday, 12 November 2017
---
အိုင်တီသမား အများစုဟာ မိမိဂုဏ်သိက္ခာကို စောင့်စည်းကြပါတယ် အနည်းငယ်သော အိုင်တီသမားတွေကတော့ စုံးပြူးအဖြစ်ရှိနေမှာပါ
==================
==================
မိုဘိုင်းဖုန်းများကို ပြုပြင်ရေးစင်တာများ၊ ဖုန်းပြင်ဆိုင်များ တွင် သွားရောက်ပြင်ဆင်ပါက ဖုန်းအတွင်းရှိ အချက်အလက်များ လုံခြုံမှုမရှိနိုင်ကြောင်း သတင်းအချက်အလက် နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက ပြောသည်။
မိမိဖုန်းတွင် အရေးကြီးသည့် အချက်အလက်များ သိမ်းဆည်း ခြင်းမပြုရန်နှင့် လုံခြုံရေးအသိရှိ ရန် လိုအပ်ပြီး အိုင်တီနည်းပညာ ကွန်ရက်ကို အသုံးပြုသူ ၁၅ သန်း အနက် ၁၄ သန်းခန့်သည် မိမိတို့ ၏အကောင့်များကို Logout ပြု လုပ်လေ့မရှိကြောင်း ၎င်းက ပြော ကြားသည်။
မိုဘိုင်းဖုန်းအသုံးပြုသူများ သည် မိမိဟန်းဆက်ကို ပြုပြင်ရေး စင်တာများ၊ ဖုန်းပြင်ဆိုင်များသို့ ပို့ဆောင်လိုပါက factory reset (ဒေတာများပျက်စီး၍ အသစ်ကဲ့ သို့ ပြောင်းလဲစေခြင်း) ပြုလုပ်သင့်ကြောင်း နည်းပညာကျွမ်းကျင်သူ ကိုနိုင်အောင်က ပြောသည်။
မြန်မာနိုင်ငံတွင် Gmail ကို အများဆုံး အသုံးပြုသော်လည်း ဌာနဆိုင်ရာ ဝန်ထမ်းများသည် ဌာနမေးလ်ကိုသာ အသုံးပြုရန် ဦးရဲနိုင်မိုးက တိုက်တွန်းထား သည်။
ယနေ့ အချိန်အခါသည် ထောင်ပေါင်းများစွာသော မေးလ် များကို အလိုအလျောက်နည်းပ ညာဖြင့် ဖတ်ရှုရန် လုပ်ဆောင်နိုင် သဖြင့် အချက်အလက် ပေါက် ကြားမှုများကို ဂရုစိုက်ရန် လိုအပ် နေသည်။
အိုင်တီဟုခေါ်ဆိုသည့် ဒစ် ဂျစ်တယ်နှင့် အင်တာနက်စနစ် သည် ကမ္ဘာပေါ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စမျိုးစုံတို့ ကို လှုပ်ရှားဆောင်ရွက်နေသဖြင့် ဆိုက်ဘာနှင့်ပတ်သက်၍ ဆွေး နွေးပွဲများ ဆောင်ရွက်မည်ဖြစ် ကြောင်း အောက်တိုဘာအတွင်း ကျင်းပသည့် Cyber Space သဖြင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြား သည်။
မြန်မာနိုင်ငံတွင် အများဆုံး ဖြစ်ပွားသည့် ဆိုက်ဘာရာဇဝတ် မှုသည် ဆိုရှယ်မီဒီယာကို အသုံး ပြု၍ အခြားသူများကို အသရေ ပျက်စေသည့် စာသားများ၊ ပုံများ ဖော်ပြခြင်းဖြစ်ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ ရဲမှူး ကျော်သူ ဝင်းက ပြောသည်။
လက်ရှိအချိန်တွင် Hackingဟူသော အခေါ်အဝေါ်မှာ ကျယ်ပြန့်မှုမရှိတော့ကြောင်း၊ DOS DTS ဟူသော အခေါ်အဝေါ်မှာ လူတစ်ယောက်ကို ဖုန်းဖြင့် နှောင့် ယှက်ခြင်းကို ဆိုလိုကြောင်း ၎င်းကပြောသည်။
===========
7Day News Journal
http://7daydaily.com/story/112130
Friday, 10 November 2017
..
•••••••••••••••••••••••••••••••••••••••••••
••••••••••••••••••••••••••
ထိုင်းအစိုးရမှ ရွှေ့ပြောင်းအလုပ်သမားများ
အတွက် ထုတ်ပြန်ထားသော ဥပဒေအသစ်
နဲ့ ဖမ်းဆီးစစ်ဆေးတာတွေကို လာမယ့်
(31-12-2017) ရက်နေ့ထိ 6 လ တိတိ
အစပိုင်းမှာ ဆိုင်းငံ့ထားခဲ့ပေမယ့် ယခု
အထောက်အထားမပြည့်စုံသူတွေ သိန်း
ဂဏန်းကျန်ရှိနေသေးတာကြောင့် နောက်
ထပ် အချိန် ရက်ပေါင်း(90) သုံးလတိတိ
ထပ်မံဆိုင်းငံ့ပြီး အချိန်တိုးပေးလိုက်ပါပြီ။
ယခု အထောက်အထားစာအုပ် လုပ်သူတွေ အလွန်များပြားနေတာကြောင့် နောက်ထပ်အချိန် ထပ်တိုးပေးခြင်းဖြစ်
ကြောင်း ထိုင်းရုပ်သံလိုင်းများက
ကြေညာပေးခြင်းဖြစ်ပါသည်။
သုံးလ သက်တမ်းထပ်တိုးပေးတာကြောင့်
စုစုပေါင်းအချိန်(4)လကျော် အချိန်ကျန်ရှိမှာဖြစ်ပါသည်။
(31.12.2017) ရက်နေ့မှ (31.3.2018) အထိ အချိန်ထပ်မံတိုးပေးခဲ့ခြင်းဖြစ်တဲ့
အကြောင်း ထိုင်းရောက်မြန်မာလုပ်သား
များ သိစေရန် AAC မှ ဖော်ပြပါ သတင်း
ရုပ်သံဖြင့် တွဲဖက်တင်ပြပေးခြင်းဖြစ်
ပါသည်။
AAC မဟာမိတ်အဖွဲ့
ရဲမင်း(AAC & RAKSTHAI)
====================
====================
အမျိုးသားများ၌ ရင် သားကင်ဆာ ဖြစ်ပွားမှုသည် ကမ္ဘာတွင်သာမက မြန်မာနိုင်ငံ၌လည်း ရှိလာပြီဖြစ်သည်။ ယင်းရောဂါ သည် ယခုအခါ မြန်မာအမျိုး သမီးထုကိုသာမက အမျိုးသား များကိုပါ ခြိမ်းခြောက်နေသည့် ရောဂါတစ်ခုဖြစ်လာသည်။
‘‘အခုမှသိတာ။ ကြားကို မကြားဖူးဘူးဗျ။ အမျိုးသမီးတွေ မှာပဲ ဖြစ်မယ်ထင်ထားတာ။ ဒီပုံစံ အတိုင်းသာဆို နေ့တိုင်း ကိုယ့်ရင် သားကို စမ်းရမလိုဖြစ်နေပြီ’’ဟု အသက် (၄၀)အရွယ် တက္ကစီ ယာဉ်မောင်း ဦးအုန်းက ဆိုသည်။
ရန်ကုန်ဆေးရုံကြီး စာရင်း မှတ်တမ်းများအရ အမျိုးသားများ ၌ ရင်သားကင်ဆာဖြစ်ပွားမှုသည် ၂၀၁၃ က စတင်၍ အမျိုးသား တစ်ဦး၊ ၂၀၁၄ ကတစ်ဦးနှင့် ၂၀၁၅ တွင် ခြောက်ဦးအထိ တိုး ပွားလာသည်။ ထို့ကြောင့် အမျိုး သားများပါ သတိပြုရမည့် ရင် သား ကင်ဆာဖြစ်ပေသည်။
အမျိုးသားများတွင် ရင်သား ကင်ဆာဖြစ်ပွားရသည့် အကြောင်း ရင်းကို မသိရသော်လည်း ဆေး လိပ်နှင့် အရက်သောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းနှင့် အဝလွန်ခြင်းတို့ကြောင့် ယင်း ရောဂါ ဖြစ်နိုင်မှု အန္တရာယ် မြင့် မားကြောင်း လေ့လာမှုများက ဖော်ပြသည်။
‘‘အမျိုးသားတွေမှာ ဘာ ကြောင့်ဖြစ်တာလဲဆိုတော့ ဖြစ် နိုင်ခြေများတာက ဆေးလိပ် သောက်တာ၊ အရက်သောက်တာ နောက် တချို့ရောဂါသည်တွေရှိ တယ်။ အဲဒီရောဂါသည်တွေကျ သူတို့ ကုသရတဲ့ ဆေးတွေပေါ့ နော်။ အဲဒီဆေးတွေကို တာရှည် သောက်ရတဲ့သူတွေရှိတယ်။ အထူးသဖြင့်ကတော့ အရက်၊ ဆေးလိပ်ပေါ့။ နောက် အဝလွန် တဲ့သူတွေမှာ ဖြစ်တာတွေ့တယ်’’ ဟု ရန်ကုန်ဆေးရုံကြီး ဓာတ် ရောင်ခြည် ကင်ဆာဌာန ပါမောက္ခ၊ဌာနမှူး ဒေါက်တာ ခင်ချိုဝင်းက ဆိုသည်။
ရင်သားကင်ဆာ ဖြစ်ပွားနိုင် သည့်အချက်ကို တိကျစွာ မပြော နိုင်သော်လည်း အဖြစ်များသော အုပ်စုနှင့် ဖြစ်နိုင်ခြေ အန္တရာယ်ရှိ သော အုပ်စုဟူ၍ သတ်မှတ်ထား သည်။ အရက်၊ ဆေးလိပ်သောက် သုံးသူများ၊ အဝလွန်သူများ၊ ကလေးမမွေးဖူးသူများ၊ သန္ဓေ တားဆေး သုံးစွဲသူများ၊ ကိုယ် လက်လှုပ်ရှားမှုနည်းသူများ၊ ရင် သားကင်ဆာ မျိုးရိုးရှိသူများဟူ၍ သတ်မှတ်ထားသည်။ ယင်းအုပ်စု ထဲ၌ အမျိုးသားများ ထပ်ကာ တလဲလဲ ကျင့်သုံးလေ့ရှိသည့် အလေ့အထများ ပါဝင်နေသဖြင့် အမျိုးသားများတွင်ပါ ရင်သား ကင်ဆာ ဖြစ်ပေါ်ရခြင်းဖြစ်သည်။
‘‘ကျွန်တော်လည်း သတင်း တွေမှာတွေ့တာ။ အမျိုးသားတွေ မှာ ရင်သားကင်ဆာဖြစ်တယ်ဆို တာကို အံ့သြသွားတယ်။ ကျွန် တော်ထင်တာကတော့ အခု နောက်ပိုင်းက အမျိုးသားတွေက ဆေးလိပ်သောက်၊ အရက် သောက်တာတွေက ပိုများလာ တာကြောင့်လည်း ပါမယ်ထင် တယ်’’ဟု အသက် (၃၀)ကျော် အရွယ် ကုမ္ပဏီဝန်ထမ်း ကိုကျော် က ဆိုသည်။
ရန်ကုန်ဆေးရုံကြီးသို့ လာ ရောက်ပြသသူ ရင်သားကင်ဆာ ဖြစ်ပွားသည့် အမျိုးသားများတွင် အသက် (၃၀)အရွယ်ကစ၍ (၆၀)အရွယ်များ ပါဝင်ပြီး အသက်ငယ်သူများ၌ ယင်း ရောဂါ မတွေ့ရပေ။
‘‘သူတို့ကျတော့ အမျိုးသမီး တွေထက် ကိုယ့်ကိုယ်ကိုယ် သတိထားမိကြတယ်။ ဘာလို့ဆို အမျိုးသားတွေဆိုတော့၊ အစ ကတည်းကမှ ရင်သားမရှိတဲ့သူ တွေဆိုတော့ ရင်သားက အလုံး ကြီးဖြစ်လာတယ်၊ သိတာနဲ့ ချက် ချင်းပြတော့ နည်းနည်းတော်သေး တာပေါ့။ ဒါပေမဲ့ တစ်ခု သတိ ထားရမှာက အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာတွေက အမျိုးသမီးတွေထက်စာရင် ပိုဆိုး တယ်။ ပိုကုသရခက်တာတွေ တွေ့လာတယ်’’ဟု ဒေါက်တာ ခင်ချိုဝင်းက သုံးသပ်သည်။
အမျိုးသားများတွင် အမျိုး သမီးများကဲ့သို့ ရင်သားမျိုးမရှိ သော်လည်း ၎င်းတို့တွင် သေးငယ် သော ရင်သားတစ်သျှူးပမာဏ ပါရှိသည်။ အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ ရင်သားများ သည် အပျိုဖော်ဝင်စ မိန်းကလေး တစ်ဦး၏ ရင်သားများနှင့် ဆင်တူ သည်။ အမျိုးသမီးများတွင် ယင်း တစ်သျှူး ဖွံ့ဖြိုးကြီးထွားလာသော် လည်း အမျိုးသားများတွင် ယင်း ကဲ့သို့ ဖွံ့ဖြိုးကြီးထွားလာခြင်း မရှိ ပေ။
သို့သော်လည်း ယင်းမှာ ရင် သားကင်ဆာ ဖြစ်စေနိုင်သည့် တစ်သျှူးပင် ဖြစ်သောကြောင့် အမျိုးသားများတွင်လည်း ရင် သားကင်ဆာ ဖြစ်ပေါ်နိုင်သည်။ အသက် (၃၅)နှစ်အောက် အမျိုး သားများတွင် ရင်သားကင်ဆာ ဖြစ်ပွားမှု အလွန်နည်းပါးပြီး အသက်ကြီးလာလေလေ၊ ရင် သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများ လေဖြစ်ကြောင်း လေ့လာမှုများ က ဖော်ပြသည်။ အမျိုးသားများ သည် အသက် (၆၀)နှင့်အထက် အရွယ်များတွင် ရင်သားကင်ဆာ ဖြစ်ပွားမှု အများဆုံးဖြစ်သည်။
အမျိုးသားများအတွက် ရင် သားကင်ဆာကို စစ်ဆေးဖော် ထုတ်သော နည်းလမ်းမှာ အမျိုး သမီးများနှင့် ပုံစံတူပင်ဖြစ်ပြီး ရုပ် ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း၊ ရင်သား ဓာတ်မှန်ရိုက်ခြင်း၊ အသားစ ထုတ်ယူစစ်ဆေးခြင်း စသည့် နည်းလမ်းများ အသုံးပြုရ သည်။
ထို့အပြင် ရောဂါဖြစ်ပွားပါ က အမျိုးသမီးများကို ကုသသော နည်းလမ်းများပင် အသုံးပြုသည်။ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင် ခြည်ဖြင့်ကုသခြင်း၊ ဆေးသွင်း ကုသခြင်းတို့ဖြစ်သည်။
အမျိုးသားများတွင် ဖြစ်ပွား သည့် ရင်သားကင်ဆာသည် အမျိုးသမီးများတွင် ဖြစ်ပွားသည့် ရင်သားကင်ဆာနှင့် ရောဂါလက္ခ ဏာ အတူတူပင်ဖြစ်သည်။ ရင်သားတွင် အဖုအကျိတ်များ ထွက်ပေါ်ခြင်း၊ ရင်သားအရောင် ပြောင်းလဲလာခြင်း၊ တစ်ဖက်နှင့် တစ်ဖက် အရွယ်အစားမတူညီ ခြင်း၊ ရင်သားနှင့်နို့သီးထိပ် အရေ ခွံများ ယားယံခြင်း၊ နို့သီးခေါင်း ကိုညှစ်ရာတွင် အရည်၊ သွေးများ ထွက်ခြင်းနှင့် ချိုင်းများ၌ အကျိတ် ထွက်ခြင်းတို့ဖြစ်သည်။
‘‘ရင်သားမှာ အကျိတ်ဖြစ် လာတယ်။ ချိုင်းမှာ အကျိတ်ရှိ တယ်။ နာတာတော့ သိပ်မရှိဘူး ပေါ့။ သိပ်ဆိုးမှပဲ၊ ပေါက်ပြဲ ထွက်မှပဲ နာတာပေါ့’’ဟု ဒေါက် တာ ခင်ချိုဝင်းက ရှင်းပြသည်။
ထို့ကြောင့် အမျိုးသားများ အနေဖြင့် အမျိုးသမီးများနည်းတူ မိမိတို့ရင်သားတွင် မသင်္ကာဖွယ် အချက်များ တွေ့ရှိလာပါက တတ်ကျွမ်းနားလည်သည့် ဆရာ ဝန်များနှင့် ပြသရမည်ဖြစ်သည်။ ထို့အပြင် အနေအထိုင်၊ အစား အသောက်ပုံစံများ ပြောင်းလဲ ခြင်းဖြင့်လည်း ရင်သားကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်နိုင်သည်။ အဆီလျှော့စားခြင်း၊ ဟင်းသီး ဟင်းရွက်များ စားသုံးခြင်း၊ ကိုယ် လက်လှုပ်ရှား အားကစားပြုလုပ် ခြင်း၊ အရက်၊ ဆေးလိပ် လျှော့ သောက်ခြင်းတို့ဖြင့် ကာကွယ်နိုင် သည်။
အချုပ်ဆိုရသော် အိမ် ထောင်ဦးစီး တာဝန်ယူထားရ သော အမျိုးသားများ၌ ရင်သား ကင်ဆာဖြစ်ပွားပါက နောက် ဆက်တွဲ အကျိုးသက်ရောက်မှု အဖြစ် နိုင်ငံ့လုပ်အား ဆုံးရှုံးမည့် အပြင် ၎င်း၏မိသားစုအတွက် လည်း ဒုက္ခအခက်အခဲများစွာနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။
‘‘ရင်သားကင်ဆာက ကြောက်စရာမဟုတ်ပါဘူး။ အဓိ ကက အန္တရာယ်ရှိတဲ့အပြုအမူ တွေ(အရက်၊ ဆေးလိပ်)ကို ရှောင်ရှားရမယ်။ ပြီးတော့ အမျိုး သားတွေအနေနဲ့ မိမိရင်သား အရောင်ပြောင်းသွားတာတို့ဆို ရင် ဆရာဝန်ကြီးတွေနဲ့ စစ်ဆေး သင့်တယ်။ စောစောစီးစီးသိပြီး စောစောကုမယ်ဆိုရင် ပျောက် ကင်းနိုင်ခြေ အရမ်းများပါတယ်’’ ဟု အထွေထွေရောဂါကု ဆရာဝန် တစ်ဦးက တိုက်တွန်းသည်။
==========
7Day News Journal
http://7daydaily.com/story/112617
Subscribe to:
Comments (Atom)








































