Sunday, 12 November 2017
---
အိုင်တီသမား အများစုဟာ မိမိဂုဏ်သိက္ခာကို စောင့်စည်းကြပါတယ် အနည်းငယ်သော အိုင်တီသမားတွေကတော့ စုံးပြူးအဖြစ်ရှိနေမှာပါ
==================
==================
မိုဘိုင်းဖုန်းများကို ပြုပြင်ရေးစင်တာများ၊ ဖုန်းပြင်ဆိုင်များ တွင် သွားရောက်ပြင်ဆင်ပါက ဖုန်းအတွင်းရှိ အချက်အလက်များ လုံခြုံမှုမရှိနိုင်ကြောင်း သတင်းအချက်အလက် နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက ပြောသည်။
မိမိဖုန်းတွင် အရေးကြီးသည့် အချက်အလက်များ သိမ်းဆည်း ခြင်းမပြုရန်နှင့် လုံခြုံရေးအသိရှိ ရန် လိုအပ်ပြီး အိုင်တီနည်းပညာ ကွန်ရက်ကို အသုံးပြုသူ ၁၅ သန်း အနက် ၁၄ သန်းခန့်သည် မိမိတို့ ၏အကောင့်များကို Logout ပြု လုပ်လေ့မရှိကြောင်း ၎င်းက ပြော ကြားသည်။
မိုဘိုင်းဖုန်းအသုံးပြုသူများ သည် မိမိဟန်းဆက်ကို ပြုပြင်ရေး စင်တာများ၊ ဖုန်းပြင်ဆိုင်များသို့ ပို့ဆောင်လိုပါက factory reset (ဒေတာများပျက်စီး၍ အသစ်ကဲ့ သို့ ပြောင်းလဲစေခြင်း) ပြုလုပ်သင့်ကြောင်း နည်းပညာကျွမ်းကျင်သူ ကိုနိုင်အောင်က ပြောသည်။
မြန်မာနိုင်ငံတွင် Gmail ကို အများဆုံး အသုံးပြုသော်လည်း ဌာနဆိုင်ရာ ဝန်ထမ်းများသည် ဌာနမေးလ်ကိုသာ အသုံးပြုရန် ဦးရဲနိုင်မိုးက တိုက်တွန်းထား သည်။
ယနေ့ အချိန်အခါသည် ထောင်ပေါင်းများစွာသော မေးလ် များကို အလိုအလျောက်နည်းပ ညာဖြင့် ဖတ်ရှုရန် လုပ်ဆောင်နိုင် သဖြင့် အချက်အလက် ပေါက် ကြားမှုများကို ဂရုစိုက်ရန် လိုအပ် နေသည်။
အိုင်တီဟုခေါ်ဆိုသည့် ဒစ် ဂျစ်တယ်နှင့် အင်တာနက်စနစ် သည် ကမ္ဘာပေါ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စမျိုးစုံတို့ ကို လှုပ်ရှားဆောင်ရွက်နေသဖြင့် ဆိုက်ဘာနှင့်ပတ်သက်၍ ဆွေး နွေးပွဲများ ဆောင်ရွက်မည်ဖြစ် ကြောင်း အောက်တိုဘာအတွင်း ကျင်းပသည့် Cyber Space သဖြင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြား သည်။
မြန်မာနိုင်ငံတွင် အများဆုံး ဖြစ်ပွားသည့် ဆိုက်ဘာရာဇဝတ် မှုသည် ဆိုရှယ်မီဒီယာကို အသုံး ပြု၍ အခြားသူများကို အသရေ ပျက်စေသည့် စာသားများ၊ ပုံများ ဖော်ပြခြင်းဖြစ်ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ ရဲမှူး ကျော်သူ ဝင်းက ပြောသည်။
လက်ရှိအချိန်တွင် Hackingဟူသော အခေါ်အဝေါ်မှာ ကျယ်ပြန့်မှုမရှိတော့ကြောင်း၊ DOS DTS ဟူသော အခေါ်အဝေါ်မှာ လူတစ်ယောက်ကို ဖုန်းဖြင့် နှောင့် ယှက်ခြင်းကို ဆိုလိုကြောင်း ၎င်းကပြောသည်။
===========
7Day News Journal
http://7daydaily.com/story/112130
Subscribe to:
Post Comments (Atom)

No comments:
Post a Comment