Thursday, 16 November 2017
ဇင်ပြွန်းကုန်းကျေးရွာ လမ်းမကြီးကို အယူသည်းဒေသခံတချို့၏ အသုဘချခွင့် မပေးသည့်အတွက် ရွာလမ်းမကြီးတွင် အလောင်းချထားရ
==================
(ကျုံပျော်) နိုဝင်ဘာ ၁၆
==================
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာတွင် ရွာလယ်လမ်းမကြီးကို အယူသည်းဒေသခံတချို့က အလောင်း ဖြတ်သယ်ကာ အသုဘချခွင့်မပေးသည့်အတွက် ရွာလမ်းမကြီးတွင် အလောင်းချ၍ အသုဘချခွင့်ရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် နှစ်ဘက်တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်နေရကြောင်း သိရသည်။
ဇင်ပြွန်းကုန်းကျေးရွာအရှေ့ပိုင်းမှ ကွယ်လွန်သူ ဒေါ်သန်းသန်းနွယ်၊ အသက်(၄၉) နှစ်၏ ရုပ်အလောင်းကို ရွာအရှေ့ခြမ်းမှ ဒေသခံများနှင့် မြင့်မြတ်စေတနာ နာရေးကူညီရေးအသင်းတို့ ရွာလယ်လမ်းမမှတဆင့် သုဿာန်သို့ ပို့ဆောင်ရန် သယ်ဆောင်လာစဉ် ရွာအနောက်ခြမ်းမှ ဒေသခံများကအစဉ်အလာဓလေ့ထုံးထမ်းအရ ရွာလယ်လမ်းမှ သယ်ရန် ခွင့်မပြုကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် ပိတ်ဆို့တားဆီးခဲ့သည့်အတွက် အလောင်းစင်အား ရွာလယ်လမ်းမကြီးတွင် ချထားခဲ့ရကြောင်း
သိရသည်။
ထိုသို့အသုဘချရန် အခက်အခဲဖြစ်နေသည့် အခြေအနေကြောင့် ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများရောက်ရှိလာပြီး ကျေးရွာမှတာဝန်ရှိသူများ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီးနောက် အသုဘချရာလမ်းကို ရဲတပ်ဖွဲ့ ၀င်များ ပဋိပက္ခမဖြစ်ပွားစေရေး ရွာအလယ်မှတားဆီး ထားသဖြင့် အသုဘအလောင်းကိုတော့ လမ်းမကြီးအလယ်တွင် ချထားရကြောင်း သိရှိရသည်။
ယခုဖြစ်ပွားရာနေရာတွင် အောက်တိုဘာလ ၂၇ ရက်နေ့က ရွာလည် လမ်းမကြီးကို အယူသည်းဒေသခံတချို့က အလောင်း ဖြတ်သယ်ကာ အသုဘချခွင့်မပေးသည့်အတွက် ရဲအင်အားလုံခြုံရေးတင်းကြပ်စွာ ချထားပြီး အသုဘချရမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
---
ဓါတ်ပုံ - မင်းထက်မုန်း (ပုသိမ်)
မင်းထက်မုန်း/ဧရာဝတီတိုင်းမ်
Ayeyarwaddy Times
===========
ThitHtooLwin
http://www.thithtoolwin.com/2017/11/blog-post_714.html
Subscribe to:
Post Comments (Atom)




No comments:
Post a Comment