Thursday, 23 November 2017

Facebook     

================== ================== ကမ္ဘာ့လူသန်း ၂၀၀၀ နေ့ စဉ်အသုံးပြုနေတဲ့ Facebook လူမှုကွန်ရက်ဟာ features သစ်တွေ ထပ်ထည့်ဖို့ အဆက်မပြတ် စဉ်းစားနေသလို ရှိပြီးသား feature တစ်ချို့ ကိုလည်း ပြန်စိစစ်နေပါတယ်။ ဒီထဲက တစ်ခုကတော့ Facebook ပေါ် ပို့ စ်တစ်ခု တင်ပြီးတာနဲ့ ပြန်ဖျက်ခွင့်ပေးထားတဲ့ Delete option ကို ဖြုတ်ပစ်လိုက်ပြီ ဖြစ်ပါတယ်။ Facebook မှာ သုံးစွဲသူအနေနဲ့ ပို့ စ်တစ်ခု တင်ပြီးတာနဲ့ ဒီပို့ စ်ရဲ့ ညာဘက်ထောင့်နားက menu မှာ Save post ၊ Edit Post ၊ Turn off Notification for this post နဲ့ Show in tab စသည်ဖြင့် options အများကြီး ပါရှိပါတယ်။ ဒီထဲက Delete ကို ဗြိတိန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများက Facebook ကို desktop နဲ့ သုံးတဲ့ ဗားရှင်းမှာ တွေ့ လာပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ iOS နဲ့ Android သုံးသူများမှာ Delete ကို ဆက်သုံးနိုင်သေးတယ်လို့ ဆိုပေမယ့် desktop နဲ့ သုံးသူတွေမှာတော့ ဆက်သုံးလို့ မရဘူးလို့ ဆိုပါတယ်။ ဒါဟာ တကယ်ပဲ Delete feature ကို Facebook က ဖြုတ်ပစ်တာလား ။ bug အမှားလားဆိုတာ မသိရသေးပါဘူး။ Facebook ကုမ္ပဏီကိုယ်တိုင်ကလည်း ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး မှတ်ချက်ပေးမထားသေးတာကြောင့် စောင့်ကြည့်ရဦးမှာပါ။ =========== Duwun

No comments:

Post a Comment