Wednesday, 29 November 2017

   

နယူးယောက် ၊ နိုဝင်ဘာ ၂၉ နယူးယောက်မြို့မှာရှိတဲ့ ပြည့်တန်ဆာတစ်ယောက်ဟာ မျှော်လင်မထားတဲ့ ဧည့်သည်တစ်ယောက်တွေ့ရအပြီးမှာ ပြတင်းပေါက်က ခုန်ချသွားတာကြောင့် အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။ အရာရှိတစ်ဦးက ကွင်းစ်၊ လမ်း ၄၀ ၊ ၁၃၅ - ၃၂ မှာ ပြည့်တန်ဆာတစ်ယောက်ကို အသွင်ယူချဉ်းကပ်ပြီးပြီဖြစ်ကြောင်း အကြောင်းကြားကာ အခြားရဲအရာရှိများကို အကူတပ်ဖွဲ့ဝင်များထပ်မံ တောင်းခံခဲ့ပါတယ်။ ဒါပေမယ့် ရဲအရာရှိများရဲ့ ဖမ်းဆီးမှုကိုမခံဘဲ သုံးထပ်တိုက် ပြတင်းပေါက်က ခုန်ချသွားခဲ့တယ်လို့ New York Post မှာဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ဝင်များက New York Presbyterian ဆေးရုံကိုတင်ပေးခဲ့ချိန်မှာ သူမရဲ့ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်စွာရရှိနေခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ပြည့်တန်ဆာ သေဆုံးမှုဟာ ယမန်နေ့ ည ၇ နာရီ ၃၀ ၀န်းကျင်မှာဖြစ်ပွားခဲ့ပြီး သူမရဲ့သေဆုံးမှုကို စုံစမ်းစစ်ဆေးမှုများထပ်မံဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။ အချို့ကလည်း ရဲအရာရှိရဲ့အစီရင်ခံစာတစ်ခုတည်းကို အတည်မယူသင့်ဘဲ မိမိကိုယ်ကိုသတ်သေသည်အထိ ဖြစ်ပွားခဲ့ရခြင်းကို သေချာစွာစစ်ဆေးသင့်တယ်လို့ ယူဆနေကြပါတယ်။ ပြည့်တန်ဆာဖြစ်သူဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ Thomas

No comments:

Post a Comment