Wednesday, 29 November 2017
ခ်င္တံုး၊ ႏုိ၀င္ဘာ - ၃၀
သတ္ေသျခင္းဟာ ရာဇ၀တ္ေၾကာင္းအရ ျပစ္မႈေျမာက္တဲ့ လုပ္ရပ္တစ္ခုျဖစ္ၿပီး မ်ားေသာအားျဖင့္ စိတ္ပုိင္းဆိုင္ရာဖိစီးမႈမ်ားမွ ထြက္ေပါက္အျဖစ္ အသံုးျပဳေလ့ရွိၾကတဲ့ လုပ္ရပ္လည္း ျဖစ္ပါတယ္။
ဒီလုိသတ္ေသရန္ ၾကံစည္မိသူအမ်ားအျပားဟာ ရံဖန္ရံခါမွာ မထင္မွတ္ထားတဲ့ ပတ္၀န္းက်င္ေၾကာင့္ ကနဦးစိတ္အားထက္သန္ျခင္း မရွိပါပဲ သတ္ေသျဖစ္သြားတယ္ဆုိတဲ့ အခ်က္ကုိ အံ့အားသင့္ဖြယ္ ေတြ႕ရပါတယ္။
သတ္ေသျခင္းမွ ျပန္လည္လြတ္ေျမာက္လာသူေတြကုိ ေမးျမန္းခ်က္မွာ သူတို႔ဟာ နာမည္ႀကီးရုပ္သံအစီအစဥ္ေတြရဲ႕ လႊမ္းမိုးမႈဒဏ္ကုိ အျပင္းအထန္ခံခဲ့ရေၾကာင္း ေျပာၾကားခဲ့ပါတယ္။
သတ္ေသျခင္း ျဖစ္စဥ္ေတြထဲက ထင္ရွားတဲ့ျဖစ္ရပ္တစ္ခုကေတာ့ တရုတ္ႏုိင္ငံ ၊ရွန္တုန္းျပည္နယ္၊ ခ်င္တံုးၿမိဳ႕မွာ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။
က်န္လို ဆိုတဲ့ အသက္ ၃၄ ႏွစ္အရြယ္ အမ်ိဳးသားဟာ အသည္းကြဲေနရံုသာမက၊ အလုပ္မွာလည္းဖိစီးမႈေတြမ်ားျပားခဲ့ၿပီး ၀င္ေငြအေျခအေနကလည္း နည္းပါးေနတာေၾကာင့္ စိတ္ဓာတ္က်ၿပီး ဘ၀ကိုအဆံုးသတ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။သူဟာ ငါးထပ္တုိက္ ျပတင္းေပါက္ေဘာင္ေပၚမွာ ကုိယ့္ကုိယ္ကုိ သတ္ေသရန္ ၿခိမ္းေျခာက္ၿပီး ႏွစ္နာရီခန္႔ ရပ္ေနခဲ့ပါတယ္။၀ုိင္း၀န္းၾကည့္ရႈေနသူမ်ားကလည္း အဆိုပါအမ်ိဳးသား တကယ္ခုန္ ခ်၊ မခ် ထင္ေၾကးေပးေနခ်ိန္ မထင္မွတ္တဲ့အျဖစ္အပ်က္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။
အဲဒါကေတာ့ ကယ္ဆယ္ေရး မီးသတ္တပ္ဖြဲ႕၀င္မ်ားက အားျပင္းတဲ့ ေရအေျမာက္အမ်ိဳးအစား မီးသတ္ပုိက္နဲ႔ ေအာက္ကလွမ္းထိုးလိုက္ျခင္းျဖစ္ၿပီး အဆိုပါ အမ်ိဳးသားဟာ ခႏၶာကုိယ္ကုိ နံရံနဲ႔ကပ္လွ်က္ တင္းခံေနကာ သိပ္မၾကာမီမွာပဲ သတ္ေသရန္ မခုန္ခ်ျဖစ္ဘဲ အခန္းတြင္းကုိ ျပန္လည္ကယ္ထုတ္ႏုိင္ခဲ့လုိက္တာပဲ ျဖစ္ပါတယ္။
သူ႕ကုိ စိတ္က်န္းမာေရးေဆးရံုကုိ ပို႔ေဆာင္ကုသေပးခဲ့ၿပီး ျပန္လည္က်န္းမာလာခ်ိန္မွာ ပတ္၀န္းက်င္ရဲ႕ဖိအားဟာ သတ္ေသရန္ ၾကိဳးပမ္းသူတစ္ေယာက္အေပၚ ႀကီးမားတဲ့သက္ေရာက္မႈရွိေၾကာင္း လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္က အဆိုပါကိုယ္ေတြ႕အျဖစ္အပ်က္ကုိ ကိုးကားၿပီး သူက ေျပာပါတယ္။
Thomas
(unicode)
【 မှုခင်း 】 အသည်းကွဲ၍ သတ်သေရန်ကြိုးစားသူ မီးသတ်ပိုက်နှင့် အထိုးခံရ၍ အိမ်ထဲပြန်ဝင်ပြေး
=================================================
Ref : People’s Daily , dailymail.co.uk
ချင်တုံး၊ နိုဝင်ဘာ - ၃၀
သတ်သေခြင်းဟာ ရာဇဝတ်ကြောင်းအရ ပြစ်မှုမြောက်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများမှ ထွက်ပေါက်အဖြစ် အသုံးပြုလေ့ရှိကြတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။
ဒီလိုသတ်သေရန် ကြံစည်မိသူအများအပြားဟာ ရံဖန်ရံခါမှာ မထင်မှတ်ထားတဲ့ ပတ်ဝန်းကျင်ကြောင့် ကနဦးစိတ်အားထက်သန်ခြင်း မရှိပါပဲ သတ်သေဖြစ်သွားတယ်ဆိုတဲ့ အချက်ကို အံ့အားသင့်ဖွယ် တွေ့ရပါတယ်။
သတ်သေခြင်းမှ ပြန်လည်လွတ်မြောက်လာသူတွေကို မေးမြန်းချက်မှာ သူတို့ဟာ နာမည်ကြီးရုပ်သံအစီအစဉ်တွေရဲ့ လွှမ်းမိုးမှုဒဏ်ကို အပြင်းအထန်ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
သတ်သေခြင်း ဖြစ်စဉ်တွေထဲက ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုကတော့ တရုတ်နိုင်ငံ ၊ရှန်တုန်းပြည်နယ်၊ ချင်တုံးမြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကျန်လို ဆိုတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားဟာ အသည်းကွဲနေရုံသာမက၊ အလုပ်မှာလည်းဖိစီးမှုတွေများပြားခဲ့ပြီး ဝင်ငွေအခြေအနေကလည်း နည်းပါးနေတာကြောင့် စိတ်ဓာတ်ကျပြီး ဘဝကိုအဆုံးသတ်ဖို့ ကြိုးစားခဲ့ပါတယ်။သူဟာ ငါးထပ်တိုက် ပြတင်းပေါက်ဘောင်ပေါ်မှာ ကိုယ့်ကိုယ်ကို သတ်သေရန် ခြိမ်းခြောက်ပြီး နှစ်နာရီခန့် ရပ်နေခဲ့ပါတယ်။ဝိုင်းဝန်းကြည့်ရှုနေသူများကလည်း အဆိုပါအမျိုးသား တကယ်ခုန် ချ၊ မချ ထင်ကြေးပေးနေချိန် မထင်မှတ်တဲ့အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အဲဒါကတော့ ကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များက အားပြင်းတဲ့ ရေအမြောက်အမျိုးအစား မီးသတ်ပိုက်နဲ့ အောက်ကလှမ်းထိုးလိုက်ခြင်းဖြစ်ပြီး အဆိုပါ အမျိုးသားဟာ ခန္ဓာကိုယ်ကို နံရံနဲ့ကပ်လျှက် တင်းခံနေကာ သိပ်မကြာမီမှာပဲ သတ်သေရန် မခုန်ချဖြစ်ဘဲ အခန်းတွင်းကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့လိုက်တာပဲ ဖြစ်ပါတယ်။
သူ့ကို စိတ်ကျန်းမာရေးဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ပြီး ပြန်လည်ကျန်းမာလာချိန်မှာ ပတ်ဝန်းကျင်ရဲ့ဖိအားဟာ သတ်သေရန် ကြိုးပမ်းသူတစ်ယောက်အပေါ် ကြီးမားတဲ့သက်ရောက်မှုရှိကြောင်း လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က အဆိုပါကိုယ်တွေ့အဖြစ်အပျက်ကို ကိုးကားပြီး သူက ပြောပါတယ်။
Thomas
Subscribe to:
Post Comments (Atom)



No comments:
Post a Comment