Sunday, 5 November 2017
ေ
==================
==================
ရီယိုဒီဂျနေးရိုးမှာ ကျင်းပခဲ့တဲ့ ၂၀၁၆ အိုလံပစ်မှာ အားကစား သမားတွေရဲ့ နောက်ကျောတွေ မှာ အနီရောင်အကွင်းရာတွေရှိ နေတာ သတိထားမိခဲ့ကြမှာပါ။ အဲဒါကတော့ လေစုပ်ခွက်ကုထုံး ကြောင့်ဖြစ်ပြီး ကမ္ဘာတစ်လွှားက အားကစားသမားတွေကြားမှာ လေစုပ်ခွက်ကုထုံးက အသုံးများ လာနေပါတယ်။
ဒီကုထုံးဟာ တရုတ်၊ အီဂျစ် နဲ့ အရှေ့လယ်ပိုင်းဒေသတွေရဲ့ ရိုးရာကုထုံးဖြစ်ပြီး ဆီလီကွန်၊ ၀ါး၊ ဖန် (ဒါမဟုတ်) မြေထည်ခွက် တွေကို အသုံးပြုကုသတာဖြစ်ပါ တယ်။ အဓိကအားဖြင့်တော့ နာ ကျင်ကိုက်ခဲမှု၊ ရောင်ရမ်းမှုတွေ သက်သာအောင်အပြင် သွေး လည်ပတ်မှုကောင်းအောင်၊ အ ညောင်းအညာပြေအောင်လည်း လုပ်လေ့ရှိပါတယ်။
လေစုပ်ခွက်ကုထုံးက အစို နဲ့ အခြောက်ပုံစံနှစ်မျိုးရှိပြီး နှစ် မျိုးစလုံးမှာတော့ အသုံးပြုမယ့် ခွက်ထဲကို မီးလောင်လွယ်တဲ့အ ရာတွေဖြစ်တဲ့ အယ်ကိုဟော၊ ဆေးဖက်ဝင်အပင်(ဒါမှမဟုတ်) စက္ကူစတာတွေကိုခွက်ထဲထည့် မီးရှို့အပူပေးပြီး လူနာရဲ့အရေ ပြားပေါ် စုပ်ခွက်သဖွယ်ကပ်လိုက် ပြီး ကုသတာမျိုး ဖြစ်ပါတယ်။
ဗြိတိန် Cupping Society ကတော့ စုပ်ခွက်ကုထုံးဟာ သွေး အားနည်းရောဂါ၊ သွေးမတိတ် ရောဂါ၊ အဆစ်ရောင်နာ၊ ဒူလာ စွဲရောဂါ၊ မီးယပ်ရောဂါ၊ နှင်းခူ နာ၊ ၀က်ခြံ၊ ခေါင်းတစ်ခြမ်းကိုက် ခဲနာ၊ သွေးတိုးရောဂါ၊ စိတ်ဖိစီး၊ စိတ်ကျရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ဓာတ်မတည့်ရောဂါနဲ့ သွေးကြောထုံးတာတွေကို သက်သာပျောက် ကင်းစေတယ်လို့ ဆို ထားပါတယ်။
လေစုပ်ခွက်ကုထုံးမှာ တ ခြားဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်တာမို့ ကျွမ်းကျင်တဲ့ပညာရှင် နဲ့သာ လုပ်ဆောင်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ အပူလောင်တာ တို့၊ နာကျင်တာတို့၊ ပွန်းပဲ့ဒဏ် ရာနဲ့ အရေပြားပိုးဝင်တာတို့ ဖြစ် တတ်လို့ပါ။
===========
7Day News Journal
http://7daydaily.com/story/100373
Subscribe to:
Post Comments (Atom)

No comments:
Post a Comment