Saturday, 25 November 2017
လန္ဒန္၊ ႏုိ၀င္ဘာ - ၂၅
ၿဗိတိန္ႏုိင္ငံမွ ငယ္ရြယ္တဲ့ မိခင္တစ္ေယာက္ဟာ အသက္ ၈ ရက္သာ ရွိေသးတဲ့ ကေလးကုိ ခ်ီထားရင္း ပင္ပန္းလြန္းလို႔ အိပ္ေပ်ာ္သြားခဲ့ရာမွာ ေၾကကြဲဖြယ္ျဖစ္ရပ္နဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။
Chelsea Love ဟာ အသက္ ၂၄ ႏွစ္အရြယ္ ရွိၿပီျဖစ္ၿပီး သူမရဲ႕ ကေလးငယ္ Leo ဟာ အိပ္ေပ်ာ္ေနၿပီဆိုတာကုိ သတိျပဳမိခဲ့ပါတယ္။ပင္ပန္းလြန္းေနတဲ့ မိခင္ဟာ ကေလးငယ္ကုိ ရင္ဘတ္ေပၚမွာထားရင္း သူမပါ ေခတၱအိပ္ေပ်ာ္သြားခဲ့တယ္လို႔ Hull Daily Mail အရ သိရပါတယ္။
တစ္နာရီခန္႔ၾကာေတာ့ သူမရဲ႕ ခင္ပြန္းျဖစ္သူ ၊ ကေလးငယ္ရဲ႕ ဖခင္က Sam Coles က ကေလးငယ္မွာ အေရာင္ေျပာင္းေနၿပီျဖစ္ေၾကာင္း ႏိႈး၍ေျပာၾကားခဲ့ပါတယ္။ေနာက္ဆံုးမွာေတာ့ ကေလးငယ္ ေသဆံုးသြားခဲ့ပါတယ္။
Weill Cornell မွ Pediatric Sleep Center အရ အဆိုပါကေလးငယ္ဟာ Sudden Infant Death Syndrome (SIDS) ဆိုတဲ့ ေရာဂါခံစားေနရၿပီး မိဘမ်ားဟာ ကေလးငယ္နဲ႔အတူ အတူတူအိပ္လို႔မျဖစ္ႏုိင္တဲ့ ေ၀ဒနာလို႔ သိရပါတယ္။
ဒီေရာဂါလကၡဏာရွိတဲ့ ကေလးငယ္မ်ားကုိ မိဘေတြနဲ႔အတူ တစ္ႏွစ္မျပည့္မျခင္း အိပ္စက္ခုိင္းလို႔ မရဘူးလို႔သိရၿပီး ကေလးငယ္မ်ား ရုတ္တရက္ေသဆံုးျခင္းကုိျဖစ္ေစတဲ့ လကၡဏာလည္း ျဖစ္ပါတယ္။
Thomas
(unicode)
【 Odd News 】 ရှစ်ရက်သားကလေးကိုချီရင်း အိပ်ပျော်သွားမိတဲ့ မိခင်ရဲ့ ကြေကွဲဖွယ်အဖြစ်အပျက်
=================================================
Ref : ntd.tv
လန်ဒန်၊ နိုဝင်ဘာ - ၂၅
ဗြိတိန်နိုင်ငံမှ ငယ်ရွယ်တဲ့ မိခင်တစ်ယောက်ဟာ အသက် ၈ ရက်သာ ရှိသေးတဲ့ ကလေးကို ချီထားရင်း ပင်ပန်းလွန်းလို့ အိပ်ပျော်သွားခဲ့ရာမှာ ကြေကွဲဖွယ်ဖြစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
Chelsea Love ဟာ အသက် ၂၄ နှစ်အရွယ် ရှိပြီဖြစ်ပြီး သူမရဲ့ ကလေးငယ် Leo ဟာ အိပ်ပျော်နေပြီဆိုတာကို သတိပြုမိခဲ့ပါတယ်။ပင်ပန်းလွန်းနေတဲ့ မိခင်ဟာ ကလေးငယ်ကို ရင်ဘတ်ပေါ်မှာထားရင်း သူမပါ ခေတ္တအိပ်ပျော်သွားခဲ့တယ်လို့ Hull Daily Mail အရ သိရပါတယ်။
တစ်နာရီခန့်ကြာတော့ သူမရဲ့ ခင်ပွန်းဖြစ်သူ ၊ ကလေးငယ်ရဲ့ ဖခင်က Sam Coles က ကလေးငယ်မှာ အရောင်ပြောင်းနေပြီဖြစ်ကြောင်း နှိုး၍ပြောကြားခဲ့ပါတယ်။နောက်ဆုံးမှာတော့ ကလေးငယ် သေဆုံးသွားခဲ့ပါတယ်။
Weill Cornell မှ Pediatric Sleep Center အရ အဆိုပါကလေးငယ်ဟာ Sudden Infant Death Syndrome (SIDS) ဆိုတဲ့ ရောဂါခံစားနေရပြီး မိဘများဟာ ကလေးငယ်နဲ့အတူ အတူတူအိပ်လို့မဖြစ်နိုင်တဲ့ ဝေဒနာလို့ သိရပါတယ်။
ဒီရောဂါလက္ခဏာရှိတဲ့ ကလေးငယ်များကို မိဘတွေနဲ့အတူ တစ်နှစ်မပြည့်မခြင်း အိပ်စက်ခိုင်းလို့ မရဘူးလို့သိရပြီး ကလေးငယ်များ ရုတ်တရက်သေဆုံးခြင်းကိုဖြစ်စေတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။
Thomas
Subscribe to:
Post Comments (Atom)




No comments:
Post a Comment