Saturday, 25 November 2017

မုဒိန်းကျင့်ဖို့ ဓါးထောက်ခြိမ်းခြောက်တဲ့ အမျိုးသားကိုပြန်လည်အဓမ္မပြုကျင့်ခဲ့တဲ့ မိန်းကလေး

အမေရိကန်က အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ အမျိုးသားတစ်ဦးကို အဓမ္မပြုကျင့်မှုခဲ့နဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ မီချီဂန်ပြည်နယ်မှာနေထိုင်တဲ့ မိန်းကလေး လက်စ်တီနာ မာရင်းစမတ်ဆိုသူမှာ အသက် ၁၉ နှစ်အရွယ် အမျိုးသားကို သူ့ရဲ့ကားအတွင်းမှာပဲ လိင်အဓမ္မပြုကျင့်ခဲ့တယ်လို့ စစ်ဆေးချက်ဝန်ခံထားပါတယ်။အများတစ်ဦးကို အဓမ္မပြုကျင့်စော်ကားမှုကျူးလွန်ရတဲ့အကြောင်းအရင်းကို စစ်ဆေးမေးမြန်းမှုမှာ တော့ အဆိုပါ တရားခံမိန်းကလေးက ပြီးခဲ့တဲ့ ဇန်နဝါရီလလောက်တုန်းက သူမကိုဓါးထောက်ပြီး အဓ္မပြုကျင့်က ညစ်ညမ်းတိပ်ခွေရိုက်ကူးဖို့ ခြိမ်းခြောက်ခဲ့တာကြောင့် ပြန်လည်လက်စားချေခဲ့ခြင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။ အဆိုပါ မိန်းကလေးမှာ အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားလုပ်ကိုင်တဲ့ ပြည့်တန်ဆာ အမည်စာရင်းမှာ စာရင်းသွင်းထားတယ်လို့လည်း သိရပါတယ်။သူတို့နှစ်ဦးဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက ဆုံတွေ့ခဲ့ကြဖူးပြီးတော့ အဓမ္မပြုကျင့်မှု အခင်း ဖြစ်ပွားချိန်မှာဆိုရင် စမစ်ရဲ့ အစ်မဖြစ်သူ နေအိမ်သွားရာလမ်းမှာ ညစ်ညမ်းရုပ်သံတိပ်ခွေရိုက်ကူးမှုနဲ့ ပတ်သက်ပြီးတော့ အချင်းချင်းအဓမ္မပြုကျင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ စမတ်ရဲ့ရှေ့နေက ဆိုထား ပါတယ်။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသားမှာလည်း ညစ်ညမ်းခွေရိုက်ကူးမှုနဲ့ ဆိုရှယ်တင်အသုံးပြုမှု တွေ ကျူးလွန်ထားတယ်လို့ သိရပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မိန်းကလေးမှာ ညစ်ညမ်း ခွေရိုက်ကူးဖို့ စေခိုင်းခြင်းခံထားရတဲ့အပြင်ကို အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသားကိုယ်ပါ လိင်ပိုင်းဆိုင်ရာ ပြုစုမှုတွေပြုလုပ်ပေးဖို့ ဓါးထောက်ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ထွက်ဆိုထားပါတယ်။ဖမ်းဆီးထိန်းသိမ်းခံထားရဲ့ မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျူးလွန်မှုနဲ့ ညစ်ညမ်းခွေ များရိုက်ကူးမှု အမှုဒဂရီတွေနဲ့ တရားစွဲဆိုထားကာ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရဖို့ရှိနေတယ် လို့ သိရပါတယ်။ ဒါ့အပြင် ဓါးထောက်ခြိမ်းခြောက်ခဲ့တဲ့အမျိုးသားကို ထောင်ဒဏ် တစ်နှစ်နီးပါး ချမှတ် သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။သဒ္ဒါချို(ရွှေအင်းလေး)သဒ္ဒါချို(ရွှေအင်းလေး)

No comments:

Post a Comment