Saturday, 25 November 2017
Viber
ဗိုက်ဘာကို အပ်ဒိတ်လုပ်ထားတဲ့သုံးစွဲသူတွေအနေနဲ့ အသုံးဝင်တဲ့ ဖီးချားတွေကို ဖော်ပြလိုက်ပါတယ်။
ဗိုက်ဘာမှာဆိုရင် နာမည် ကြီး အနုပညာရှင် celebrity တွေနဲ့ သတင်းမီဒီယာတွေကို public account မှာ follow လုပ်ထားနိုင်ပါတယ်။ Follow လုပ်ထားတဲ့ public အကောင့်တွေမှာ အပ် ဒိတ်ဖြစ်တဲ့သတင်းတွေ ဝင်ဖတ်နိုင်သလို follow လုပ်ထားတဲ့ နာ မည်ကြီးတွေရဲ့ ပိုစ့်တွေကိုပါဝင်ကြည့်လို့ရမှာ ဖြစ်တယ်။
Public chat တွေကို ဗိုက်ဘာရဲ့ home စခရင်အပေါ်ထောင့် logo ကိုနှိပ်ပြီး ကြိုက်ရာကို follow လုပ်နိုင်ပါတယ်။
နောက်တစ်ခုဖီးချားကတော့ ပက်စ်ဝပ်ခ်ထားပြီး မက်ဆေ့ခ်ျတွေကိုဖျောက်ထားနိုင်တာဖြစ်တယ်။မိမိနဲ့ တခြားသူတွေ ဗိုက်ဘာမှာ ပြောထား ချက်စ်ထားတာတွေ မက်ဆေ့ခ်ျတွေကို ဘယ်သူမှဝင်ကြည့်လို့မရအောင် လုပ်ပေးထားတာ ဖြစ်တယ်။
hide လုပ်ထားလို့ရ
ကိုယ့်ရဲ့ဖုန်းထဲက ဗိုက်ဘာအကောင့်ထဲမှာ ပြောထား တဲ့ မက်ဆေ့ခ်ျတွေကိုလည်း ပက်စ်ဝပ်ခ်နဲ့ hidden ဖုံးထားလို့ ရတယ်။ ဥပမာ -ဗိုက်ဘာအကောင့်ထဲမှာတစ် ယောက်ယောက်နဲ့ပြောထားတာတွေကို လျှို့ဝှက်နံပါတ်ထား ပြီး hidden ဆိုတာနှိပ် လိုက် ရင် ပြော ထားတဲ့ message conservation list တွေပျောက်သွားမယ်။ လျှို့ဝှက်နံပါတ်ရိုက်မှသာ ပေါ် လာအောင် လုပ်ဆောင်ပေးတာ ကြောင့် ဗိုက်ဘာကို လုံခြုံအောင် သုံးနိုင်တယ်လို့ South East Asia, Viber အရှေ့တောင် အာရှနယ် ပယ်ရဲ့ အကြီးအကဲဖြစ်သူ Mr. Anubhav Nayyar ရဲ့ပြောပြချက်အရ သိရပါတယ်။
Hidden chat listလုပ်ထား ဖို့အတွက် မိမိနဲ့ chat ထားတဲ့ chat box ပေါ်ကို ဖိထားရင် hide ဆိုတာ ပေါ်လာပါလိမ့်မယ်။ အဲသည်မှာ လှို့ဝှက်နံပါတ်ကိုမိမိကြိုက်တဲ့ နံပါတ်ပေးထားပါ(ဥပမာ-၁၂၃၄) ဆိုပြီးပေးလိုက်တာနဲ့ chat list က ပျောက်သွားပါမယ်။ ကိုယ် chat ချင်တဲ့အချိန်မှသာ ဗိုက်ဘာရဲ့ search list မှာ ၁၂၃၄ ဆိုပြီး ရိုက် လိုက်ရင် အဲသည်ဖျောက်ထား တဲ့ chat list ပေါ်လာမှာဖြစ်ပါတယ်။
Viber out ဆိုတဲ့ ဖီးချားဆိုတာကတော့ ဗိုက်ဘာသုံးတဲ့သူ အချင်းချင်း ဖြစ် စေ၊ဗိုက်ဘာ မသုံးတဲ့ သူဖြစ်စေဖုန်း ခေါ်လို့ရတာဖြစ်ပါတယ်။ သူက ဗိုက်ဘာမသုံးတဲ့ဖုန်းတွေကို ဗိုက် ဘာ အကောင့်ရှိတဲ့ သူတွေဘက် က viber out ဆိုတာနှိပ် လိုက်တာနဲ့ ဗိုက်ဘာအပြင်ဘက် ဖုန်းခေါ် ဆိုမှု ပုံစံ ဖြစ်သွားပါတယ်။ ဖုန်းခေါ်ဆိုမှုအပြင်ဘက် ရောက်နေပေမဲ့လည်း ခေါ်ဆိုခနှုန်း ထားကတော့ ဗိုက်ဘာ ခေါ်ဆိုမှု နှုန်း နဲ့ပဲ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။
နောက်ထပ်ဖီးချားကတော့ entertainment သဘောမျိုး ဖြစ် တယ်။ ဗိုက်ဘာမှာ chat နေရင်း ဒေါင်း လုပ်ဒ်လုပ်စရာမလိုဘဲစတစ်ကာတွေကို search လုပ်ပြီး ပို့နိုင်မှာပါ။ Search မှာHi လို့ ရိုက်လိုက်တာနဲ့ စတစ်ကာမှာ Hi နဲ့ ပတ်သက်တဲ့စတစ်ကာအရုပ်လေးတွေ ပေါ်လာမယ်၊ ခရီးသွားနေတာနဲ့ ပတ်သက်တဲ့ travel လို့ ရှာ လိုက်တာနဲ့ travel ပုံစံစတစ်ကာ အရုပ်အမျိုးမျိုးကျလာပြီး စိတ်ကြိုက်ရွေးချယ် ပို့နိုင်ပါတယ်။ ဒါ့ အ ပြင်ဗီဒီယိုအတိုတွေ ချက်ချင်း ခေါ် လို့ရတဲ့ဖီးချားလည်း ပါတယ်။ မိမိရောက် ရာအရပ်ကို တစ်ဖက်လူ ကို ပြစေဖို့ instant ချက်ချင်း ဖြစ်တဲ့ ဗီဒီယိုအတိုကိုလည်း chat box ကနေပို့နိုင်ပါတယ်။
Author / မေဘယ်လ်
===========
Kumudra
Subscribe to:
Post Comments (Atom)

No comments:
Post a Comment