Tuesday, 29 December 2015

မလေးရှားနိုင်ငံ ဘန်ဒါ မန်ဂျာဟာလာ မြို့နယ် တွင် မြန်မာနိုင်ငံသား နှစ်ဦးကို သေဆုံးလျက် တွေ့ရှိ

ကွာလာလမ်ပူ ဒီဇင်ဘာ ၂၉ ။ ဒီဇင်ဘာ ၂၉ ရက်နေ့ ယနေ့တွင် မလေးရှားနိုင်ငံ ဘန်ဒါ မန်ဂျာဟာလာ မြို့နယ်ရှိ ဆိုင်ခန်းငယ်တစ်ခုတွင် ခန္ဓာကိုယ်၌ ဓါးခုတ်ခံထားရသည့် ဒဏ်ရာများစွာ ရရှိကာ သေဆုံးလျက် အနေအထားဖြင့် တွေ့ရှိခဲ့သည်ဟု သိရသည်။

ဆန်တူရဲအရာရှိ လက်ထောက်ကော်မရှင်နာမင်းကြီး အာ မူနူဆမ်မီ က သွေးအိုင်ထဲတွင် လဲနေသော အသတ်ခံရသူ နှစ်ဦးကို အနားမှ ဖြတ် သန်း သွားသူတစ်ဦးက သတိထားမိခဲ့ခြင်း ဖြစ်သည် ဟု ပြောသည်။

သူက “အသက် ၃၄ နှစ်အရွယ် ကူမာ ဟုအမည်ရသည့် ပထမအသတ်ခံရသူ မှာ အဆိုပါ မုန့်ဆိုင်ပိုင်ရှင်ဖြစ်ပြီး အခြား အသတ်ခံရသူ အသက် ၄၂ နှစ် အရွယ် ဆော ဆိုသူမှာ ဈေးဝယ်သူတစ်ဦး ဖြစ်ကြောင်း စစ်ဆေး တွေ့ ရှိချက်များ က ဖော်ပြတယ်။ မှုခင်းဆေးပညာ စစ်ဆေးတွေ့ရှိချက်များအရ ကူမာသည် ၄င်း၏ ခန္ဓာကိုယ်တွင် ထိုးသွင်းဒဏ်ရာ ၁၂ ချက် ရရှိခဲ့ပြီး ဆော မှာ ထိုးသွင်းဒဏ်ရာ ၈ ချက် ရရှိခဲ့ကြောင်း” ပြောသည်။

သို့သော် အခင်းဖြစ်ရာနေရာတွင် လူသတ်လက်နက် ရှာဖွေတွေ့ရှိ ခဲ့ခြင်းမရှိကြောင်း သိရသည်။

အလောင်းများကို ကွာလာလမ်ပူ ဆေးရုံသို့ ရင်ခွဲစစ်ဆေးရန် ပို့ဆောင်ခဲ့ သည်။ အဆိုပါ အမှုကို လူသတ်မှု ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ အောက် တွ င် ဆက်လက် စစ်ဆေးလျက်ရှိသည်။

Ref and Photo :New Straits Times

mingala247

ဒီတစ်ပတ်(၂၉.၁၂.၂၀၁၅ မှ ၄.၁.၂၀၁၆ အထိ ) ဗေဒင်

 ဗေဒင်  

 ဒေါက်တာထွန်းလင်း (ဘုတလင်) 

တနင်္ဂနွေ
စိတ်ပျော်ရွှင်မှု့ ၊ စိတ်လန်းဆန်းမှု့ များ ဖြစ်လာလိမ့်မည်။ လွတ်လပ်ပျော်ရွှင် သော ခရီးလမ်းတစ်ခု ကိုလည်း သွားဖြစ်မည်။ အမှတ်တရ လက်ဆောင်ရသော ( သို့မဟုတ်) ကောက်ရသော ထီလက်မှတ် မှ ပေါက်မဲရ၍ ထီပေါက်လိမ့်မည်။ ချစ်သူ ၂ ဦး တစ်ပြိုင်နက် ပေါ်မည်။ အထင်မြင်လွဲစရာ တစ်ခု နှင့် ပြစ်တင်ခံရမှု့ တစ်ခုတော့ ဖြစ်လာမည်။ ပြောင်းရွှေ့ မှု့ နှင့် ပြောင်းလဲမှု့ တစ်ခု မုချ ဖြစ်လာမည်။ ဒါပေမဲ့ တစ်ခုတော့ သင်ဂရုစိုက်ပါ။ တစ်ဦးတစ်ယောက် သော သူက သင့်ကို လှည့်စားမှု့ ပြုလာမည်။ သတိတော့ ထားနေပါ။
အကျိုးပေးဂဏန်း - ၁ ၊ ၆ ၊ ၈
အထူးဟော - ဤ တစ်ပတ်အတွင်း သင် အံ့သြစရာ လေးတွေ ၂ ခုမုချပေါ်မည်။
ယတြာ - တနင်္ဂနွေ နေ့ တွင် မျက်နှာစာလမ်းပေါ် ရေ ဖြန်းပေးလိုက်ပါ။

တနင်္လာ
ပျော်ရွှင်စရာများ ၀မ်းသာစရာ များ ကြုံတွေ့ရမည်။ ယာယီ ခရီးများ မကြာခဏ ဆိုသလို သွားနေရမည်။ ပလီပလာ လိမ်ညာနေသော ချစ်သူ တွေ့လိမ့်မည်။ ရည်ရွယ်တာ တစ်မျိုး လုပ်နေတာ က တစ်မျိုး ဖြစ်နေရ တတ် ပါတယ်။ ကျန်းမာရေး ကတော့ ရင်ပြည့်ရင်ကယ် လက်အောင့် လက်နာ တွေ ဖြစ်တတ်တယ်။ အလုပ် ကတော့ ရှုပ်နေမည်။ ရှုပ်သလောက် လည်း မပြီးပြတ်သလို ဖြစ်နေမည်။ ပူစရာ မရှိတာ ပူနေရတဲ့ အဖြစ်မျိုး သင်ကြုံ နေရတတ်တယ်။ စက်ပစ္စည်း (သို့မဟုတ်) ရတနာ ပစ္စည်းများ အတွက် ရင်မောရတတ်တယ်။ စနေ သားသမီး နှင့် ထီ စပ်ထိုးပါ။ သင်ပေါက်ပါလိမ့်မည်။ ဆွေမျိုးသားချင်း အတွက် စိတ်ရှုပ်ရမည်။ အမှတ်မထင် စိတ်ဆိုးစရာတွေ ဖြစ်လာမည်။ သည်းခံပေးလိုက်ပါ။
အကျိုးပေးဂဏန်း - ၅ ၊ ၆ ၊ ၈
အထူးဟော - ယုံမှားသံသယ ဖြစ်စရာတွေ ကြုံလာမည်။
ယတြာ - ငါးအရှင် (၁၅) ကောင် ၀ယ်လွှတ်ပါ။

အင်္ဂါ
အတိုက်အခံ တွေရှိနေမည်။ ပြေလည်မှု့ရမည်။ အသစ်အသစ်တွေ ကြုံလာတော့မည်။ အောင်မြင်မှု့ တွေ လည်း ဆက်တိုက်ရပါမည်။ စွန့်စားမှု့ နှင့် စူးစမ်းမှု့တွေလည်း လုပ်ရမည်။ အောင်မြင်မှု့ တွေရနေမည်။ အချစ်ရေးမှာ တိတ်တိတ်ပုန်း အချစ်က ထင်ပေါ်ကျော်ကြားလာလိမ့်မည်။ လျို့ဝှက်ချက် တွေ ဖုန်းကွယ်ထား တာတွေ ဤ တပတ်အတွင်း ပေါ်လာတတ်၍ ဂရုစိုက်ပါ။ စက် ပစ္စည်း ယာဉ် ၊ မြေ ပြောင်းလဲမှု့ ရောင်းဝယ်မှု့
တွေဖြစ်လာမည်။ ခရီးဝေးယာယီ တွေရောက်မည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိနေတယ်။
အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၉
အထူးဟော - မူယာမာယာများသူနှင့် ကြုံတွေ့ရမည်။
ယတြာ - အင်္ဂါနေ့ နံနက်တွင် လမ်းပေါ်တွင် ဆွမ်းထွက်လောင်းပါ။

ဗုဒ္ဓဟူး
လှုပ်ရှားမှု့ သွားလာမှု့ ပြောင်းလဲမှု့ တိုးတက်မှု့ တွေ ရှိမည်။ အချစ်ရေးမှာ မတည်ကြည် တတ်ပါ။ ပြောင်းလဲ
မှု့နှင့် ပျက်ပြယ်မှု့ တွေ ဖြစ်လာမည်။ ငွေဝင်ငွေထွက် ကြမ်းမည်။ ငွေစုလို့မရပါ။ စကားပြောဆင်ခြင်ပါ။ အကြီးအကဲ၏ မြှောက်စားခြင်း ခံရမည်။ ကျန်းမာရေး ကောင်းမည်။ စက် ပစ္စည်း ၊ ရတနာ ပစ္စည်းပြောင်းလဲမှု့
တွေ ဖြစ်လာမည်။ ကတိမတည် ၊ သစ္စာမရှိသော သူတစ်ချို့ နှင့် တွေ့ တတ်၍ ဆင်ခြင်ပါ။ သူတပါး အရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်ပါတယ်။ တစ်ခုတော့ ဂရုစိုက်ပါ။ မမျှော်လင့်ဘဲ ရုတ်တရက်အိမ်ထောင်ကျတတ်ပါတယ်။
အကျိုးပေးဂဏန်း - ၄ ၊ ၇ ၊ ၉
အထူးဟော - သတင်းကောင်းကြားရလိမ့်မည်။
ယတြာ - ဗုဒ္ဓဟူးနေ့နံနက်တွင် တောင်အရပ် တွင် လမ်းသန့်ရှင်းရေး လုပ်လိုက်ပါ။

ကြာသပတေး
မသေချာမရေရာမှု့ များမှ ပီပြင် တိကျမှု့ တွေရပါမည်။ လွတ်လပ်စွာ လုပ်ကိုင်မှု့ ဖြင့် အောင်မြင်မှု့ ရလိမ့်မည်။ ခရီးဝေးယာယီ သွားဖြစ်မည်။ အရှုပ်အရှင်း တစ်ခု ဖြေရှင်းရမည်။ လုပ်ကိုင် ပြောင်း လဲ မှု့ တွေ ကြုံလာမည်။ ထီပေါက်ခြင်း ၊ အမွေရခြင်း ၊ မြေရောင်းခြင်း တို့ တခုခု ကြောင့် သင်ငွေစုလိုက် ပြုံလိုက် ၀င်လာမည်။ ပြည်ပခရီး နယ်စပ်ခရီး ခရီးဝေးများ ဤကာလ ပတ်ကျော်မှ သွားသင့်ပါသည်။ အနာလိုသူ ရှိပါတယ် ဂရုစိုက်ပါ။ ကတိတစ်ခု လွယ်လွယ်မပေးသင့်ပါ။ လူယုံမထားသင့်ပါ။
အကျိုးပေးဂဏန်း - ၅ ၊ ၆ ၊ ၈
အထူးဟော - ဆန္ဒမစောသင့်ပါ။
ယတြာ - ကြာသပတေးနေ့ တွင် မြတ်စွာဘုရားကို ဗယာကြော် နှင့် ဆွမ်းကပ်လိုက်ပါ။

သောကြာ
စွန့်စားမှု့ တဇွတ်ထိုး လုပ်ကိုင်မှု့ တယူဿန် စိတ်ထားရှိမှု့ ဖြင့် လုပ်ဆောင်မှု့ များ ဆင်ခြင်ပါ။ လွတ်လပ်စွာ လုပ်ဆောင်မှု့ နှင့် လျို့ဝှက် စွာ လုပ်ဆောင်သွားလာမှု့ ကို သင်လုပ်ဆောင်ရမှု့ ၀ါသနာပါသူဖြစ်ပါတယ်။ သို့သော် သင့်ရဲ့ စိတ်ကိုထိန်းပါ။ မစဉ်းစားဘဲ လုပ်ဆောင်ပါက မှားယွင်းမှု့ နှင့် လွဲချော်မှု့ ဖြစ်တတ်ပါတယ်။ ပြောင်းလဲမှု့များနှင့် ပြောင်းရွှေ့မှု့ တို့ သင်ဖြစ်ကိန်းရှိသည်။ ရုန်းထွက်ချင်နေသည်။ အထင်မြင်လွဲမှားမှု့ နှင့် အပြစ်တင်ဝေဖန်မှု့ တွေ ဖြစ်မည်။ ရုတ်တရက် အိမ်ထောင်ကျမည်။ နေအိမ်မှ ခိုးထွက်ခြင်းတို့ဖြစ်တတ်တယ်။ မသွားသင့်ပါ။
အကျိုးပေးဂဏန်း - ၁ ၊ ၆ ၊ ၈
အထူးဟော - ကာလတစ်ခု အထိ စောင့်ပေးပါ။ သင်ကံကောင်းသွားပါလိမ့်မည်။
ယတြာ - သောကြာနေ့ နံနက်တွင် ထီးဖွင့်၍ အိမ်ဘုရားကို ကပ်လှူပါ။

စနေ
ရည်ရွယ်ချက်များ ရည်မှန်းချက်များ အကောင်အထည် ဖော်ဖြစ်မည်။ သင့်ဆန္ဒ တွေ အောင်မြင်မည်။ ရည်ရွယ်တာ မဟုတ် သော်လည်း ရည်ရွယ်ချက်ချက်တူတာ ဖြစ်လာပါမည်။ မိတ်ဆွေ အပေါင်းအသင်းတို့ရဲ့ အကူအညီ ရမည်။ စုပေါင်း စပ်ပေါင်း အလုပ်တွေ လုပ်ရမည်။ အချစ်ရေးမှာ အဆင်ပြေမည်။ စီးပွားရေး ၀င်ငွေကောင်းလာမည်။ စက် ၊ ယာဉ် ၊ မြေ အပြောင်းအလဲ ဖြစ်မည်။ ထီထိုးပါ။ ထီပေါက်မည်။ မိသားစု ကံကောင်း မည်။
အကျိုးပေးဂဏန်း - ၇ ၊ ၀ ၊ ၎
အထူးဟော - ကံကောင်းပြီ။
ယတြာ - စနေနေ့ နံနက်တွင် အိမ္ဘုရားကိုေ အာင်သပြေ (၁၉) ညွန့် ကပ်လှူပါ။

သုတ

Sunday, 27 December 2015

ထိုင်းနိုင်ငံ သတင်းစာဆရာအသင်းက မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှပေးပို့သော အိတ်ဖွင့်ပေးစာအပေါ် ပြန်ကြားချက်ပြန် လည်ပေးပို့


******************************************************************************************

ဒီဇင်ဘာ ၂၇
မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းမှပေးပို့သော အိတ်ဖွင့်ပေး စာအပေါ် ထိုင်းနိုင်ငံသတင်းစာဆရာအသင်း၏ ပြန်ကြားချက် အပြည့်အစုံ ကို အောက်တွင်ဖော်ပြလိုက်ပါသည်။

၂၆ ရက်၊ ဒီဇင်ဘာ ၂၀၁၅
ထိုင်းနိုင်ငံ သတင်းစာဆရာအ သင်း၏ ရည်မှန်းချက်တစ်ခုမှာ သ တင်းစာအတတ်ပညာ မြှင့်တင်ရေး ဖြစ်ပါသည်။

သတင်းစာဆရာများ၏ တာဝန် ဟူသည် တရားမျှတမှုနှင့် အမှန်တရား ရှာဖွေဖော်ထုတ်ခြင်းဖြစ်သည်ဟူ သော မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းမှဖော်ပြထားသည်ကို ကျွန်ုပ် တို့ကလည်း သဘောတူညီကြပါသည်။

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းနှင့် ထိုင်းနိုင်ငံ သတင်းစာ ဆရာအသင်းကြား၌သာမက ထိုင်း- မြန်မာနှစ်နိုင်ငံပြည်သူများ အကြား ချစ်ကြည်ရေးခိုင်မြဲကြရမည်ဖြစ်ပြီး ကော့တောင်ကျွန်း ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်များကဲ့သို့ အငြင်းပွားဖွယ်ရာ ဖြစ်ရပ် များအပေါ် တရားမျှတမှုနှင့် အမှန်တရားကို ကျွန်ုပ်တို့ရှာဖွေကြ ရမည်ဖြစ်ပါသည်။

မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ် ဦးအပေါ် ပြစ်မှုကျူးလွန်သည်ဟု ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က တရားရုံးမှ ပြစ်ဒဏ်ချ မှတ်ခြင်းသည် အပြီးတိုင်ဆုံးဖြတ်ခြင်းမဟုတ်သေးဘဲ တရားခံများအနေနှင့် အယူခံတက် ရောက်ခွင့်ရှိနေကြပါသည်။

ထိုင်းမီဒီ ယာများအနေနှင့် စုံစမ်းစစ်ဆေးမှု များမှရရှိသော အချက်အလက်သက် သေခံများကို အများပြည်သူသို့ဖော် ပြရန် အသင့်ရှိနေကြပါသည်။

ထိုင်း မီဒီယာများသည် အဖြစ်အပျက်အ ပေါ် တရားရုံးဆောင်ရွက်ချက်များ မှသာ ရရှိသတင်းများအရ ဖော်ပြခဲ့  ရပါသည်။

မြန်မာသတင်းစာဆရာအသင်း မှ တွေ့ရှိသောအမှန်တရားနှင့် တ ရားမျှတမှုအတွက် ဖော်ပြချက်များ အား လူ့အခွင့်အရေးနှင့် ဒီမိုကရက် တစ်တန်ဖိုးများအဖြစ် ကျွန်ုပ်တို့မှ ပူး ပေါင်းဆောင်ရွက်လိုပါသည်။

လူသားချင်းစာနာထောက်ထား မှုတွင် အမြင့်မားဆုံးတန်ဖိုးတစ်ခုဖြစ် သော တရားမျှတမှုအတွက် နှစ်နိုင်ငံ ပြည်သူများအကြား ပိုမိုနားလည်ကာ အမှု၏နောက်ကွယ်မှ အမှန်တရား အပေါ် သုံးသပ်ဖော်ပြခြင်းအပေါ် တွင် နှစ်နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက်စေနိုင်ရန်အ တွက် နီးကပ်စွာပူးပေါင်းဆောင်ရွက် နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ အသေအ ချာ ယုံကြည်ထားပါ သည်။

ထိုင်းသတင်းစာဆရာအသင်း

#Democracytoday

ကျောက်တန်းမြို့နယ်တွင် ကွမ်းယာဆိုင်၌ စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးမှုကြောင့် လူတစ်ဦးသေဆုံး

 ကျောက်တန်းမြို့နယ် ဘန့်ဘွေးကုန်းဆည်ရှေ့ရှိ ကွမ်း ယာဆိုင်တွင် စကားများရန်ဖြစ် ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုး သားတစ်ဦး သေဆုံးခဲ့ကြောင်း ကျောက်တန်းရဲစခန်းမှ ရဲမှူးမင်း စိုးက ပြောသည်။

ဒီဇင်ဘာ ၂၅ ရက် ညနေ ၅ နာရီကျော်တွင် ဘန့်ဘွေးကုန်း ဆည်ရှေ့ရှိ ကိုမင်းသူ ကွမ်းယာဆိုင်၌ ဂစ်တာတီးသီချင်းဆိုသည့်ကိစ္စနှင့် စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြစ် မှုကျူးလွန်သူများသည် ကျောက် တန်းမြို့နယ်တွင် နေထိုင်သူများ ဖြစ်ကြောင်း အဆိုပါရဲအရာရှိက ပြောသည်။

‘‘သေဆုံးသွားတဲ့ သူနဲ့ အဖော်တစ်ယောက်ပါတယ်။ ဓားနဲ့ ထိုးတာကတော့ တစ်ယောက် တည်းပါ။ သူတို့အဖွဲ့ကတော့ အားလုံးခြောက်ယောက်ပါတယ်။ နှစ်ဖက်စလုံးကတော့ အရက်သောက်ထားတယ်။ ကျောက်တန်းဆေးရုံမှာ တစ်ယောက်ကသေတယ်။ နောက်တစ်ယောက်ကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ထားပါတယ်’’ဟု ရဲမှူးမင်းစိုးကပြောသည်။

 သေဆုံးခဲ့သည့် စည်သူ အောင်(၂၆)နှစ်သည် ယာဉ်နောက်လိုက်ဖြစ်ပြီး ရင်ညွန့်နှင့်ကျောပြင်တို့တွင် ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကာ တင်မိုးဝင်း(၂၉)နှစ်မှာ ရင်ဘတ်၊ ပခုံးနှင့် ကျောပြင်တို့၌ ပြတ်ရှဒဏ်ရာများဖြင့် ရန်ကုန်ပြည်သူ့ဆေး ရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ် တက်ရောက်ကုသနေ ကြောင်း ကျောက်တန်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘နှစ်ဖက်စလုံးစကားများရန် ဖြစ်ပြီး လူသတ်မှုဖြစ်တာပါ။ လူ သတ်မှုကျူးလွန်သူတွေကိုလည်း သိပါတယ်။ လက်ရှိအချိန်အထိ တော့ သူတို့ခြောက်ယောက်စလုံး ထွက်ပြေးနေပါတယ်။ အမှုဖြစ် စဉ်တွေကိုလည်း စစ်ဆေးနေပါ တယ်။ တရားခံတွေမမိသေးတဲ့အတွက်ကြောင့် ဘာကြောင့်စဖြစ် တာလဲဆိုတာတော့ မသိရသေးပါ ဘူး’’ဟု ၎င်းကပြောသည်။

ထွက်ပြေးတိမ်းရှောင်နေသူ ခြောက်ဦးကို ကျောက်တန်းရဲစ ခန်းက ပြစ်မှုပုဒ်မ ၃၀၂/၃၂၆/၁၁၄တို့ဖြင့် အမှုဖွင့်အရေးယူ ထားပြီး တရားခံဖမ်းဆီးနိုင်ရန် လုပ်ဆောင်နေကြောင်း သိရ သည်။

7 daily

Saturday, 26 December 2015

သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း ကားမှန်ခွဲ ပစ္စည်းခိုးယူမှုဖြစ်ပွား

 

ကမ္ဘာ့အမွေနှစ်စာရင်းဝင် သရေခေတ္တရာရှေးဟောင်းဇုန်အတွင်း၌ လာရောက်လေ့လာသူတို့၏ ကားကို  မှန်ခွဲကာ ကားအတွင်း၌ ထားခဲ့သည့်ပစ္စည်းများနှင့် ငွေ စုစုပေါင်း သိန်းသုံးဆယ်ကျော်ဖိုး အခိုခံရ ကြောင်း သိရသည်။

ပြီးခဲ့သည့် ကြာသာပတေးနေ့က ပြည်မြို့ခံ အပျော်တမ်းဓာတ်ပုံဆရာ တစု သရေခေတ္တရာရှေးဟောင်းဇုန် အတွင်းရှိ လေးမျက်နှာဘုရားတွင် ကားရပ်ကာ ဘုရားပေါ်၌ ဓါတ်ပုံရိုက်ကူးနေစဉ် ကားမှန်အားရိုက်ခွဲကာပစ္စည်းများခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း ဓါတ်ပုံဆရာကိုရဲစွမ်းက ဧရာဝတီကိုပြောသည်။

“ကျနော်တို့ နေ့လည် ၁၁ နာရီခွဲမှာရောက်တယ် ၁၂ ခွဲလောက်မှာ ရိုက်ပြီးလို့ ကားဆီပြန်လာတော့ ကားမှန်အခွဲ ခံရပြီး ကားထဲက ဖုန်းရယ်၊ လက်ဝတ်ရတနာတွေရယ် သိန်းသုံးဆယ်ကျော်ဖိုးလောက်ပါသွားတယ်” ဟု ကိုရဲစွမ်းက ပြောသည်။

ခိုးယူသွားသူများအား စုံစမ်းဖေါ်ထုတ်ပေးရန် ပြည်မြို့ အမှတ်(၃) ရဲစခန်းတွင် ကိုရဲစွမ်းမှ ဒီဇင်ဘာ ၂၄ ရက်နေ့က အဆိုပါရဲစခန်းတွင် (ပ) ၂၈၈ \ ၁၅ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်တိုင်းကြားထားသည်။

အမှတ်(၃) ရဲစခန်းမှတ်တမ်းများ အရ သရေခေတ္တရာ ရှေးဟောင်းဇုန်းအတွင်း ယခုကဲ့သို့ လာရောက် လည်ပတ်သူများထံမှ ပစ္စည်းပျောက်ဆုံးခြင်းနှင့် အခိုးခံရခြင်းမှာ ပထမဆုံးအကြိမ်းဖြစ်ကြောင်း ရှေးဟောင်းဇုန်းနယ်မြေအပိုင်း သိရသည်။

ကောင်းမြတ်မင်း ပေးပို့သည်။

ရှေးဟောင်းဇုန်း လေးမျက်နှာဘုရား အနီးရပ်ထားစဉ် အခွဲခံရသည့် ကားမှန် (ဓာတ်ပုံ – ကိုရဲစွမ်း)

By ဧရာဝတီ

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းက လူသတ်မှုရဲ့ အဂတိတရားကို ဖေါ်လိုက်ပြီ


 

အခု တလော ထိုင်းနိုင်ငံ ကော့တောင်လို့ခေါ်တဲ့ လိပ်ကျွန်းပေါ်က ဗြိတိသျှလူမျိုးနှစ်ဦး အဓမ္မ အကြမ်းဖက် သတ်ဖြတ်ခံရမှုက ကမ္ဘာကျော် သတင်းကြီးဖြစ်နေခဲ့ပြီး လူသန်းပေါင်းများစွာ စိတ်ဝင်စားနေခဲ့ကြပါတယ်။
သတ်ခံခဲ့ရသူတွေကို မြန်မာပြည်သားနှစ်ဦးက စနစ်တကျ စီမံသတ်ဖြတ်ခဲ့တယ်လို့ အချို့သော ထိုင်းသတင်း မီဒီယာတွေမှာ တဖက်သတ် ဖေါ်ပြနေသလို အလယ်ကျကျ ဖေါ်ပြတတ်ကြတဲ့ မတီချွန် ထိုင်းသတင်းစာကြီးမှာတော့ တရာခံ ဘယ်သူဘယ်ဝါဆိုတာ စွပ်စွဲဖို့ မဖြစ်နိုင်သေးကြောင်းကို သေမှုသေခင်း ဆောင်းပါးရှည်ကြီးကို အပိုင်း(၇) ပိုင်းခွဲခြားပြီး ဆက်တိုက်ဖေါ်ပြနေခဲ့ပြန်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စာရေးသူလဲ မြန်မာပြည်ဖွား မြန်မာပြည်သားတစ်ယောက်ဖြစ်နေခဲ့တာမို့ ယခုကိစ္စကိုတော့ လက်ပိုက်ပြီး ကြည့်နေလို့ မဖြစ်တဲ့အဆုံး နီးနီးစပ်စပ် ဖြစ်နိုင်ချေ မဖြစ်နိုင်ချေတွေကို စုံစမ်းဖို့ လွန်ခဲ့တဲ့ အောက်တိုဘာ (၄) ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်တဲ့ အမေရိကန် လူ့အခွင့်ရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က အာရှရေးရာ ဆိုင်ရာ သောမတ် ကိုအကူညီတောင်းခံပြီး ထိုင်းနိုင်ငံမှာ ၇ှိတဲ့ သက်ဆိုင်ရာ သေမှုသေခင်းတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်လှတဲ့ ထိုင်းမှုခင်း ဆရာဝန်မကြီး “ ဒေါက်တာ ပွန်သစ်” ကို စကိုက်ပေါ်ကနေ မေးမြန်းပြီး အနီးစပ်ဆုံးခန့်မှန်းချေကို ရယူကြည့်ခဲ့ကြောင်း ကို တင်ပြပါရစေ..

ဒေါက်တာ ပွန်သစ် ဆိုတဲ့ ဆရာဝန်အမျိုးသမီးဟာ ထိုင်းနိုင်ငံတင်မက အခြားသော နိုင်ငံတွေရဲ့ သေမှုသေခင်းတွေကို လက်ခံပြီး ဆန်းစစ်၍ အမှုမှန်ဖေါ်ထုတ်ခဲ့တာမို့ ထိုင်းနိုင်ငံမှတင်မကပဲ ပတ်ဝန်းကျင် အာစီယံနိုင်ငံတွေမှာလည်း အတော် ထင်ရှားခဲ့တဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်နေပါတယ်။
အခု ဒေါက်တာ ပွန်သစ် ပြောဆိုချက်လေးကို ကြည့်ပြီး မာဖီးယား ခရိုနီတို့ အားကောင်းကောင်းနဲ့ လွှမ်းမိုးထားတဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေ၀န်ထမ်းလို့ခေါ်တဲ့ ရဲအရာ၇ှိတွေ ၇ဲတပ်ဖွဲ့ဝင်တွေ၇ဲ့ လုပ်ပုံကိုင်ပုံအမှားယွင်းတွေကို ထောက်ပြထားပါတယ်။

ဒေါက်တာ ပွန်သစ် အကျယ်တ၀င့် ထောက်ပြလိုက်တာက အမှုစတင်ဖြစ်ပေါ်လာချိန်ကစပြီး ယနေ့အချိန်ထိ အမှုနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းအရ ထိုင်းနိုင်ငံ ရဲချုပ်အပါဝင် သက်ဆိုင်ရာ ရဲအရာရှိတွေ အားလုံး တစ်ဦးတစ်ယောက်မှ မှုခင်း ဆရာဝန်တွေကို ခေါ်ယူပြီး စစ်ဆေးမှု ပြုလုပ်ခဲ့တာ မရှိပါဘူးလို့ ဆိုပါတယ်။

ပြီးတော့ သင်ကာမကင်းတဲ့ တရာခံတွေကို စစ်ဆေးရာမှာ ဥပဒေအရ ခွင့်ပြုထားတဲ့ သက်ဆိုင်ရာ ဥပဒေကွပ်ကဲမှု အဖွဲ့တွေ မပါဝင်ခဲ့ပါဘူး ဆိုလိုချင်တာက သက်ဆိုင်ရဲ ရဲတပ်ဖွဲ့ ၊ မှုခင်း ဆရာဝန်များ ပြီးတော့ သက်သေ အထောက်ထား စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်းသော မှုခင်း မှတ်တမ်းအရာ၇ှိအဖွဲ့ စတာတွေ မပါပဲ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ် လို့ ဆရာဝန်ကြီး ဒေါက်တ ပွန်သစ်က ပြတ်ပြတ်သားသားပင် ပြောဆိုပါတယ်။

ဒေါက်တာပွန်သစ်ပြောဆိုပုံက………
“နောက်ပြီး အမှုကို လူတွေ အများကြီးလိုက်ဖမ်းပြီး ကြောက်၇ွံ့တတ်သူ မျက်နှာငယ်သူ နောက်ခံ အသိုင်းဝိုင်းအားနည်းသူတွေကို ဖိအားပေး စစ်ဆေးပြီး ဒီလူတွေပါလို့ ထုတ်ပြခဲ့တယ် ခိုင်လုံတဲ့ သက်သေ အချက်လက် ဆိုတာ ရေရေရာရာ မရှိဘူး”

“အနီးစပ်ဆုံးဖြစ်နိုင်တဲ့ DNA စစ်ဆေးချက်ဆိုတာကလည်း သတ်မှတ်ထားတဲ့ မှုခင်းဆိုင်ရာ ဆေးစစ်မှု လုပ်ထုံးလုပ်နည်းတွေနဲ့ လားလားကြီး မကိုက်ညီပဲ လုပ်ခဲ့ကြတယ် ..ဆိုလိုချင်တာက သွေးစစ်တယ်ဆိုတာတခုတည်းနဲ့ လက်ခံရမလား အလောင်းက အဓမ္မပြုကျင့်ခံရတာလဲ ပါဝင်ပတ်သက်နေတော့ ဆီး သလိပ်နဲ့ သုတ်ရည် ပြီးတော့ အသားစ အပါဝင် အားလုံးကို စစ်ရမယ် ကျမ ချင်တာက အချို့အမှုတွေမှာ တကယ် သတ်ဖြတ်တာ မလုပ်တဲ့သူကခံ၇တဲ့ အကြောင်းတရားတွေ၇ှိဘူးတယ် သတ်သူက သတ်သွားပြီး အဲဒီအသေကောက်ဆီကနေ ကျလာတဲ့သွေးတချို့ ဘေးက လူဆီကို သွယ်ဝိုက်တဲ့နည်းတွေနဲ့ ရောက်ရှိသွားတာမျိုးတွေ တွေ့ဘူးပါတယ် ဥပမာအရ ပြောရရင် သေသူရဲ့သွေးစတွေ ရေးထဲမှာမျောလာပြီး ခပ်လှမ်းလှမ်းက မသက်ဆိုင်သူမှာ အဲဒီရေကို သောက်တာ မျက်နှာ သစ်တာ ချေဆေးမိတာ ကနေပြီး သတ်တဲ့တရားခံ အဖြစ်စွပ်စွဲခံရတာတွေလဲ ကျမ တို့ အများကြီး ကြုံခဲ့ဘူးပြီးပါပြီ”

“အခုက မှုခင်းဆရာဝန်တွေ၇ဲ့ ခွင့်ပြုချက်မပါပဲ အလောင်းကို နေရာရွေ့ပြောင်းတာ အလောင်းကို ဆေးကြော သန့်ရှင်းမှု လုပ်ခဲ့တာတွေကို ကျမကတော့ လက်မခံနိုင်ပါဘူး။
အခု ဖမ်းဆီးခံထားရတဲ့ တရားခံလို့ဆိုပြီး ရဲအဖွဲ့တစ်ခုတည်းကနေ စွပ်စွဲပြောဆိုနေတဲ့အချက်နဲ့ သူတို့နှစ်ဦးရဲ့ ထုတ်ဖေါ်ပြဆိုချက်တွေကို တိတိပပ ဖွင်ချမပြပဲ မှုခင်းဖွင့်ပြီး တရားရုံးကို တင်သွင်းဖို့ သတင်းစာရှင်းလင်းပွဲလုပ်တာကိုက ကလိမ်ကကျစ် မမှန်မကန်တဲ့ လုပ်ထုံးလုပ်နည်းဖြစ်နေပါတယ်..

သတင်းစာရှင်းလင်းပွဲကလဲ အတော်ကို ရီစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပြောသလိုမျိုးလို့ ကျမ ထင်ပါတယ် အကြောင်းက ရဲတဖွဲ့တည်းကပဲ အမှုလိုက် ရဲတဖွဲ့တည်းကပဲ အမှုမှန်တယ်ဆိုပြီး ဖေါ်ပြ ရဲတစ်ဖွဲ့တည်းကပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အဲဒီရဲတဖွဲ့တည်း ပြောတာကိုပဲ လိုက်ပြီး အတည်ပြုပြောဆို ရေးသားနေကြတဲ့ သတင်းမီဒီယာတွေကိုလဲ ကျမ အံသြရပါတယ်။ “အမှန်ပြောရရင် အခုလိုမှုခင်းဟာ ရဲတစ်ဖွဲ့တည်း လုပ်လို့မရဘူး မှုခင်းဆိုင်ရာ စစ်ဆေးတဲ့ တာဝန်ခံ ဆရာဝန်ပါရမယ် ပြီးတော့ မှုခင်းဆိုင်ရာ မှတ်တမ်းသိမ်းယူတဲ့ မှတ်တမ်းထိန်း အရာ၇ှိနဲ့ သူ့ရဲ့သတ်မှတ်လက်ခံတွေ့ရှိတဲ့ သက်သေ အထောက်ထားတွေကိုလဲ တင်ပြရမှာ ဖြစ်ပါတယ်။။။”

“ကျမ အရေးကြီးဆုံး ဟာနေတဲ့ ဟာကွက်တခုကို ပြောချင်တာက မှုခင်းဖြစ်ပွားရာနဲ့ ပတ်သက်တဲ့ (ဘားဆိုင်) ပိုင်ရှင်နဲ့ သူ့ရဲ့ မိသားစုကို စစ်ဆေးဖို့လိုပါတယ် အခု မျက်မြင်တချို့ တင်ပြလာတဲ့ အချက်အရ (အဲဒီဘားဆိုင်) ပိုင်ရှင်သားက ကောင်မလေးကို လိုက်ပိုးပြီး အတင်းချစ်ကြိုက်ချင်နေတာ လွန်ခဲ့တဲ့ (၂)ရက်လောက်ကတည်းကပါတဲ့…ဒါကိုလဲ မှန်မမှန် ကျမပြောခဲ့တဲ့ သက်ဆိုင်ရာ အဖွဲ့တွေ အားလုံး စုပေါင်းပြီး စစ်ဆေးရမှာဖြစ်ပါတယ် …ခုတော့ အဲဒီအချက်ကြီးကို ချန်ခဲ့ပြီး သန့်ရှင်းရေးသမားလေး ပြီးတော့ တောက်တိုမယ်ရ ကူလုပ်နေတဲ့ ခလေးတွေကို နမော်နမဲ့စွဲချက်တင်တာကတော့ ရီစရာဇာတ်လမ်းတပုဒ်ကို ဖန်တီးထုတ်လုပ်လိုက်ပါတယ်လို့ပဲ နောက်ဆုံးပြောပါရစေ”

စာဖတ်သူများ အားလုံး ရှင်းသွားမည်ထင်ပါသည်…စာရေးသူအဖို့မှာလည်း အထက်ဖေါ်ပြပါ နည်းလမ်းမှလွဲ၍ ထိုထက် ခိုင်လုံသော အချက် လက် အကြောင်းကျိုးဆက်စပ်မှုများအား ကြိုးစားအားထုတ်၍ တင်ပြရန် အခွင့်မသာသေးပါကြောင်း …………

မှတ်ချက် စာရေးသူ ထိုင်းစကား ထိုင်းသဒ္ဒါကို ကောင်းစွာတတ်မြောက်ကြောင်း ပြောပါရစေ….

စာဖတ်သူများအား ကျေးဇူးတင်ပါသည်

နှစ်သက်လျင် ရှယ်သွားနိုင်ကြပါသည်

ဟီးဟီးဟားဟား