Tuesday, 29 December 2015

ဒီတစ်ပတ်(၂၉.၁၂.၂၀၁၅ မှ ၄.၁.၂၀၁၆ အထိ ) ဗေဒင်

 ဗေဒင်  

 ဒေါက်တာထွန်းလင်း (ဘုတလင်) 

တနင်္ဂနွေ
စိတ်ပျော်ရွှင်မှု့ ၊ စိတ်လန်းဆန်းမှု့ များ ဖြစ်လာလိမ့်မည်။ လွတ်လပ်ပျော်ရွှင် သော ခရီးလမ်းတစ်ခု ကိုလည်း သွားဖြစ်မည်။ အမှတ်တရ လက်ဆောင်ရသော ( သို့မဟုတ်) ကောက်ရသော ထီလက်မှတ် မှ ပေါက်မဲရ၍ ထီပေါက်လိမ့်မည်။ ချစ်သူ ၂ ဦး တစ်ပြိုင်နက် ပေါ်မည်။ အထင်မြင်လွဲစရာ တစ်ခု နှင့် ပြစ်တင်ခံရမှု့ တစ်ခုတော့ ဖြစ်လာမည်။ ပြောင်းရွှေ့ မှု့ နှင့် ပြောင်းလဲမှု့ တစ်ခု မုချ ဖြစ်လာမည်။ ဒါပေမဲ့ တစ်ခုတော့ သင်ဂရုစိုက်ပါ။ တစ်ဦးတစ်ယောက် သော သူက သင့်ကို လှည့်စားမှု့ ပြုလာမည်။ သတိတော့ ထားနေပါ။
အကျိုးပေးဂဏန်း - ၁ ၊ ၆ ၊ ၈
အထူးဟော - ဤ တစ်ပတ်အတွင်း သင် အံ့သြစရာ လေးတွေ ၂ ခုမုချပေါ်မည်။
ယတြာ - တနင်္ဂနွေ နေ့ တွင် မျက်နှာစာလမ်းပေါ် ရေ ဖြန်းပေးလိုက်ပါ။

တနင်္လာ
ပျော်ရွှင်စရာများ ၀မ်းသာစရာ များ ကြုံတွေ့ရမည်။ ယာယီ ခရီးများ မကြာခဏ ဆိုသလို သွားနေရမည်။ ပလီပလာ လိမ်ညာနေသော ချစ်သူ တွေ့လိမ့်မည်။ ရည်ရွယ်တာ တစ်မျိုး လုပ်နေတာ က တစ်မျိုး ဖြစ်နေရ တတ် ပါတယ်။ ကျန်းမာရေး ကတော့ ရင်ပြည့်ရင်ကယ် လက်အောင့် လက်နာ တွေ ဖြစ်တတ်တယ်။ အလုပ် ကတော့ ရှုပ်နေမည်။ ရှုပ်သလောက် လည်း မပြီးပြတ်သလို ဖြစ်နေမည်။ ပူစရာ မရှိတာ ပူနေရတဲ့ အဖြစ်မျိုး သင်ကြုံ နေရတတ်တယ်။ စက်ပစ္စည်း (သို့မဟုတ်) ရတနာ ပစ္စည်းများ အတွက် ရင်မောရတတ်တယ်။ စနေ သားသမီး နှင့် ထီ စပ်ထိုးပါ။ သင်ပေါက်ပါလိမ့်မည်။ ဆွေမျိုးသားချင်း အတွက် စိတ်ရှုပ်ရမည်။ အမှတ်မထင် စိတ်ဆိုးစရာတွေ ဖြစ်လာမည်။ သည်းခံပေးလိုက်ပါ။
အကျိုးပေးဂဏန်း - ၅ ၊ ၆ ၊ ၈
အထူးဟော - ယုံမှားသံသယ ဖြစ်စရာတွေ ကြုံလာမည်။
ယတြာ - ငါးအရှင် (၁၅) ကောင် ၀ယ်လွှတ်ပါ။

အင်္ဂါ
အတိုက်အခံ တွေရှိနေမည်။ ပြေလည်မှု့ရမည်။ အသစ်အသစ်တွေ ကြုံလာတော့မည်။ အောင်မြင်မှု့ တွေ လည်း ဆက်တိုက်ရပါမည်။ စွန့်စားမှု့ နှင့် စူးစမ်းမှု့တွေလည်း လုပ်ရမည်။ အောင်မြင်မှု့ တွေရနေမည်။ အချစ်ရေးမှာ တိတ်တိတ်ပုန်း အချစ်က ထင်ပေါ်ကျော်ကြားလာလိမ့်မည်။ လျို့ဝှက်ချက် တွေ ဖုန်းကွယ်ထား တာတွေ ဤ တပတ်အတွင်း ပေါ်လာတတ်၍ ဂရုစိုက်ပါ။ စက် ပစ္စည်း ယာဉ် ၊ မြေ ပြောင်းလဲမှု့ ရောင်းဝယ်မှု့
တွေဖြစ်လာမည်။ ခရီးဝေးယာယီ တွေရောက်မည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိနေတယ်။
အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၉
အထူးဟော - မူယာမာယာများသူနှင့် ကြုံတွေ့ရမည်။
ယတြာ - အင်္ဂါနေ့ နံနက်တွင် လမ်းပေါ်တွင် ဆွမ်းထွက်လောင်းပါ။

ဗုဒ္ဓဟူး
လှုပ်ရှားမှု့ သွားလာမှု့ ပြောင်းလဲမှု့ တိုးတက်မှု့ တွေ ရှိမည်။ အချစ်ရေးမှာ မတည်ကြည် တတ်ပါ။ ပြောင်းလဲ
မှု့နှင့် ပျက်ပြယ်မှု့ တွေ ဖြစ်လာမည်။ ငွေဝင်ငွေထွက် ကြမ်းမည်။ ငွေစုလို့မရပါ။ စကားပြောဆင်ခြင်ပါ။ အကြီးအကဲ၏ မြှောက်စားခြင်း ခံရမည်။ ကျန်းမာရေး ကောင်းမည်။ စက် ပစ္စည်း ၊ ရတနာ ပစ္စည်းပြောင်းလဲမှု့
တွေ ဖြစ်လာမည်။ ကတိမတည် ၊ သစ္စာမရှိသော သူတစ်ချို့ နှင့် တွေ့ တတ်၍ ဆင်ခြင်ပါ။ သူတပါး အရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်ပါတယ်။ တစ်ခုတော့ ဂရုစိုက်ပါ။ မမျှော်လင့်ဘဲ ရုတ်တရက်အိမ်ထောင်ကျတတ်ပါတယ်။
အကျိုးပေးဂဏန်း - ၄ ၊ ၇ ၊ ၉
အထူးဟော - သတင်းကောင်းကြားရလိမ့်မည်။
ယတြာ - ဗုဒ္ဓဟူးနေ့နံနက်တွင် တောင်အရပ် တွင် လမ်းသန့်ရှင်းရေး လုပ်လိုက်ပါ။

ကြာသပတေး
မသေချာမရေရာမှု့ များမှ ပီပြင် တိကျမှု့ တွေရပါမည်။ လွတ်လပ်စွာ လုပ်ကိုင်မှု့ ဖြင့် အောင်မြင်မှု့ ရလိမ့်မည်။ ခရီးဝေးယာယီ သွားဖြစ်မည်။ အရှုပ်အရှင်း တစ်ခု ဖြေရှင်းရမည်။ လုပ်ကိုင် ပြောင်း လဲ မှု့ တွေ ကြုံလာမည်။ ထီပေါက်ခြင်း ၊ အမွေရခြင်း ၊ မြေရောင်းခြင်း တို့ တခုခု ကြောင့် သင်ငွေစုလိုက် ပြုံလိုက် ၀င်လာမည်။ ပြည်ပခရီး နယ်စပ်ခရီး ခရီးဝေးများ ဤကာလ ပတ်ကျော်မှ သွားသင့်ပါသည်။ အနာလိုသူ ရှိပါတယ် ဂရုစိုက်ပါ။ ကတိတစ်ခု လွယ်လွယ်မပေးသင့်ပါ။ လူယုံမထားသင့်ပါ။
အကျိုးပေးဂဏန်း - ၅ ၊ ၆ ၊ ၈
အထူးဟော - ဆန္ဒမစောသင့်ပါ။
ယတြာ - ကြာသပတေးနေ့ တွင် မြတ်စွာဘုရားကို ဗယာကြော် နှင့် ဆွမ်းကပ်လိုက်ပါ။

သောကြာ
စွန့်စားမှု့ တဇွတ်ထိုး လုပ်ကိုင်မှု့ တယူဿန် စိတ်ထားရှိမှု့ ဖြင့် လုပ်ဆောင်မှု့ များ ဆင်ခြင်ပါ။ လွတ်လပ်စွာ လုပ်ဆောင်မှု့ နှင့် လျို့ဝှက် စွာ လုပ်ဆောင်သွားလာမှု့ ကို သင်လုပ်ဆောင်ရမှု့ ၀ါသနာပါသူဖြစ်ပါတယ်။ သို့သော် သင့်ရဲ့ စိတ်ကိုထိန်းပါ။ မစဉ်းစားဘဲ လုပ်ဆောင်ပါက မှားယွင်းမှု့ နှင့် လွဲချော်မှု့ ဖြစ်တတ်ပါတယ်။ ပြောင်းလဲမှု့များနှင့် ပြောင်းရွှေ့မှု့ တို့ သင်ဖြစ်ကိန်းရှိသည်။ ရုန်းထွက်ချင်နေသည်။ အထင်မြင်လွဲမှားမှု့ နှင့် အပြစ်တင်ဝေဖန်မှု့ တွေ ဖြစ်မည်။ ရုတ်တရက် အိမ်ထောင်ကျမည်။ နေအိမ်မှ ခိုးထွက်ခြင်းတို့ဖြစ်တတ်တယ်။ မသွားသင့်ပါ။
အကျိုးပေးဂဏန်း - ၁ ၊ ၆ ၊ ၈
အထူးဟော - ကာလတစ်ခု အထိ စောင့်ပေးပါ။ သင်ကံကောင်းသွားပါလိမ့်မည်။
ယတြာ - သောကြာနေ့ နံနက်တွင် ထီးဖွင့်၍ အိမ်ဘုရားကို ကပ်လှူပါ။

စနေ
ရည်ရွယ်ချက်များ ရည်မှန်းချက်များ အကောင်အထည် ဖော်ဖြစ်မည်။ သင့်ဆန္ဒ တွေ အောင်မြင်မည်။ ရည်ရွယ်တာ မဟုတ် သော်လည်း ရည်ရွယ်ချက်ချက်တူတာ ဖြစ်လာပါမည်။ မိတ်ဆွေ အပေါင်းအသင်းတို့ရဲ့ အကူအညီ ရမည်။ စုပေါင်း စပ်ပေါင်း အလုပ်တွေ လုပ်ရမည်။ အချစ်ရေးမှာ အဆင်ပြေမည်။ စီးပွားရေး ၀င်ငွေကောင်းလာမည်။ စက် ၊ ယာဉ် ၊ မြေ အပြောင်းအလဲ ဖြစ်မည်။ ထီထိုးပါ။ ထီပေါက်မည်။ မိသားစု ကံကောင်း မည်။
အကျိုးပေးဂဏန်း - ၇ ၊ ၀ ၊ ၎
အထူးဟော - ကံကောင်းပြီ။
ယတြာ - စနေနေ့ နံနက်တွင် အိမ္ဘုရားကိုေ အာင်သပြေ (၁၉) ညွန့် ကပ်လှူပါ။

သုတ

No comments:

Post a Comment