Tuesday, 22 December 2015

အိန္ဒိယနိုင်ငံ ဒီဝါကာ ခရိုင်တွင် လေယာဉ်တစ်စင်း ပျက်ကျ လူ ၁၀ ဦးသေဆုံး


+++++++++++++++++++++++++++++++++++++++++++++++++
နယူးဒေလီ ဒီဇင်ဘာ ၂၂   ။          ။   အပေါ့စားလေယာဉ်တစ်စင်းသည် အိန္ဒိယနိုင်ငံမြို့တော် ဒေလီရှိ လေဆိပ်တစ်ခုမှ ပျံတက်စဉ် ပျက်ကျမှုကြောင့် လူ ၁၀ ဦးသေဆုံးကြောင်း သိရသည်။

အိန္ဒိယ နယ်စပ်လုံခြုံရေး တပ်ဖွဲ့မှ ဘီချာခရက် ဘုရင့်လေကြောင်းလိုင်း မှ လေယာဉ် တစ်စင်းသည် နံရံတစ်ခုနှင့် တိုက်မိပြီး ပြုတ်ကျလာခဲ့ကာ မီးတောက်များ ထွက်ပြီး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လေယာဉ်သည် နယ်စပ်ကင်းလှည့်တပ်ဖွဲ့ဝင်များကို သယ်ဆောင်လာခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။ ၂

၀၁၁ ခုနှစ် မေလတွင် ဒေလီမြို့အနီးရှိ ဖာဒရာဘတ်မြို့တွင် အဖျားရော ဂါပြင်း ထန်နေသော လူနာတစ်ဦးကို တင်ဆောင် ထားသော ဆေးကုသမှု အရေးပေါ် လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီးနောက် လူ ၁၀ ဦးသေဆုံး ခဲ့သည်။

Ref : BBC
#Democracytoday

No comments:

Post a Comment