22, 2015
တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုက လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်သမားများအတွက်ကျပ် တစ်ရာတန် တန်ဖိုးနည်းဟင်းလျာများကို ဒီဇင်ဘာ ၂၁ ရက်မှစတင် ကာ ရောင်းချပေးနေကြောင်း သတင်းရရှိသည်။
ဟင်းတစ်မျိုးလျှင် ကျပ် တစ် ရာဖြင့် ရောင်းချပြီး စတင်ရောင်း ချသည့် ပထမဆုံးနေ့ ဒီဇင်ဘာ ၂၁ရက်တွင် သီးစုံပဲကုလားဟင်း၊ ငါးနီတူကြော်၊ ပလာတူးငါးကြော်၊ ကင်းမွန်ချက်စသည့် ဟင်းလေး မျိုးကို ရောင်းချခဲ့သည်ဟု ဦးဝင်း ချိုက ပြောသည်။
‘‘ဟင်းအမျိုးအမည်များများ ရောင်းမယ့် စနစ်မဟုတ်ပါဘူး။ အရေအတွက်များများရောင်းမယ့် စနစ်ပါ’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။
တန်ဖိုးနည်းဟင်းလျာများကို လှိုင်သာယာစက်မှုဇုန် (၂)နှင့် စက်မှုဇုန် (၃) အနီးတစ်ဝိုက်တွင် ထော်လာဂျီဖြင့် လှည့်လည်ရောင်းချ ခြင်းဖြစ်ပြီး အလုပ်သမားများအ လုပ်ဆင်းသည့် စက်ရုံဖွင့်ရက်များ သာမက စနေ၊ တနင်္ဂနွေရက်များ တွင်လည်း ရောင်းချသွားရန် စီစဉ်ထားကြောင်း သိရသည်။
‘‘ဒီနေ့ နည်းနည်းနောက်ကျ သွားတယ်။ ရှစ်နာရီခန့်က စနိုင်တယ်။ နောက်နေ့တွေမှာ မနက် ၆ နာရီနဲ့ ၁၂ နာရီတစ်ကြိမ် စက်ရုံပတ်ဝန်းကျင်တွေမှာ အလုပ်သမားတွေ အဆင်ပြေဖို့ရောင်းချသွားမယ်’’ ဟု ဦးဝင်းချိုက ပြောသည်။
လှိုင်သာယာစက်မှုဇုန်များရှိ အချို့စက်ရုံများသည် နေ့လယ်စာစီ စဉ်ပေးသော်လည်း အချို့မှာ စီစဉ်ပေးထားခြင်းမရှိ၍ ဟင်းတစ်ထုပ် လျှင် တစ်ရာကျပ်ဖြင့် ရောင်းချပါ က အလုပ်သမားများအတွက် အ ဆင်ပြေကြောင်းနှင့် ရေရှည်ရောင်းချရန်လည်း လိုအပ်ကြောင်း အ ထည်ချုပ်စက်ရုံအလုပ်သမား ကို ၀င်းဇော်က မှတ်ချက်ပြုသည်။
ပထမနေ့အတွက် သီးစုံပဲကု လားဟင်းပွဲ ငါးရာခန့်၊ ငါးကြော် ပွဲ နှစ်ရာကျော်၊ ငါးနီတူကြော်ပွဲ ရှစ်ရာခန့်စီစဉ်ရောင်းချခဲ့ကြောင်း ရောင်းချရာတွင် ပါဝင်ခဲ့သူတစ်ဦး က ပြောသည်။
ဦးဝင်းချိုနှင့် သူ၏ဟင်းလျာများ(ဓာတ်ပုံ - ဦးဝင်းချိုဖေ့စ်ဘွတ်ခ်)
7day
No comments:
Post a Comment