ကမ္ဘာ့အမွေနှစ်စာရင်းဝင် သရေခေတ္တရာရှေးဟောင်းဇုန်အတွင်း၌ လာရောက်လေ့လာသူတို့၏ ကားကို မှန်ခွဲကာ ကားအတွင်း၌ ထားခဲ့သည့်ပစ္စည်းများနှင့် ငွေ စုစုပေါင်း သိန်းသုံးဆယ်ကျော်ဖိုး အခိုခံရ ကြောင်း သိရသည်။
ပြီးခဲ့သည့် ကြာသာပတေးနေ့က ပြည်မြို့ခံ အပျော်တမ်းဓာတ်ပုံဆရာ တစု သရေခေတ္တရာရှေးဟောင်းဇုန် အတွင်းရှိ လေးမျက်နှာဘုရားတွင် ကားရပ်ကာ ဘုရားပေါ်၌ ဓါတ်ပုံရိုက်ကူးနေစဉ် ကားမှန်အားရိုက်ခွဲကာပစ္စည်းများခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း ဓါတ်ပုံဆရာကိုရဲစွမ်းက ဧရာဝတီကိုပြောသည်။
“ကျနော်တို့ နေ့လည် ၁၁ နာရီခွဲမှာရောက်တယ် ၁၂ ခွဲလောက်မှာ ရိုက်ပြီးလို့ ကားဆီပြန်လာတော့ ကားမှန်အခွဲ ခံရပြီး ကားထဲက ဖုန်းရယ်၊ လက်ဝတ်ရတနာတွေရယ် သိန်းသုံးဆယ်ကျော်ဖိုးလောက်ပါသွားတယ်” ဟု ကိုရဲစွမ်းက ပြောသည်။
ခိုးယူသွားသူများအား စုံစမ်းဖေါ်ထုတ်ပေးရန် ပြည်မြို့ အမှတ်(၃) ရဲစခန်းတွင် ကိုရဲစွမ်းမှ ဒီဇင်ဘာ ၂၄ ရက်နေ့က အဆိုပါရဲစခန်းတွင် (ပ) ၂၈၈ \ ၁၅ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်တိုင်းကြားထားသည်။
အမှတ်(၃) ရဲစခန်းမှတ်တမ်းများ အရ သရေခေတ္တရာ ရှေးဟောင်းဇုန်းအတွင်း ယခုကဲ့သို့ လာရောက် လည်ပတ်သူများထံမှ ပစ္စည်းပျောက်ဆုံးခြင်းနှင့် အခိုးခံရခြင်းမှာ ပထမဆုံးအကြိမ်းဖြစ်ကြောင်း ရှေးဟောင်းဇုန်းနယ်မြေအပိုင်း သိရသည်။
ကောင်းမြတ်မင်း ပေးပို့သည်။
ရှေးဟောင်းဇုန်း လေးမျက်နှာဘုရား အနီးရပ်ထားစဉ် အခွဲခံရသည့် ကားမှန် (ဓာတ်ပုံ – ကိုရဲစွမ်း)
By ဧရာဝတီ
No comments:
Post a Comment