Thursday, 10 December 2015

ကလဲ့စားချေတတ်တဲ့ ခွေး


တရုတ်ပြည် မြောက်ပိုင်း Hebei ခရိုင် Shijiazhuang မြို့မှာ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်လေးတခုပါ။

ဒီဓာတ်ပုံထဲက ကားရဲ့ပိုင်ရှင်ဟာ သူ့အိမ်ရှေ့ကားပါကင်မှာ အိပ်ပျော်နေတဲ့ အိမ်ယာမဲ့ ခွေးလေခွေးလွင့် တကောင်ကို မောင်းထုတ်ခဲ့တဲ့အတွက်ကြောင့် အဲ့ဒီခွေးဟာ ပြန်လည်လက်စားချေတဲ့အနေနဲ့ ကားကို ဖျက်ဆီး ကိုက်ဖျက်နေတာပါတဲ့။


အဲ့ဒီလို မောင်းထုတ်ခံလိုက်ရတဲ့ ခွေးဟာ တခြားသော ခွေးတွေနဲ့အတူ ပြန်လာပြီး ပုံမှာမြင်တွေ့ရတဲ့ကားရဲ့ ဘော်ဒီကို ကိုက်ဖျက်ဖျက်ဆီးပစ်ခဲ့ပါတော့တယ်။ ဒါကိုကြည့်ပြီး ကားပိုင်ရှင်ဟာ အတော်လေး အံ့သြနေခဲ့ရပါတယ်တဲ့။ ဒီလို ခွေအမြောက်အများ ကိုက်ဖျက် ဖျက်ဆီးပစ်ခဲ့တဲ့အတွက် အဆိုပါကားလည်းတော်တော်လေး ပျက်ဆီးခဲ့ပါတယ်

ဧရာဝတီ

No comments:

Post a Comment