Tuesday, 29 December 2015

မလေးရှားနိုင်ငံ ဘန်ဒါ မန်ဂျာဟာလာ မြို့နယ် တွင် မြန်မာနိုင်ငံသား နှစ်ဦးကို သေဆုံးလျက် တွေ့ရှိ

ကွာလာလမ်ပူ ဒီဇင်ဘာ ၂၉ ။ ဒီဇင်ဘာ ၂၉ ရက်နေ့ ယနေ့တွင် မလေးရှားနိုင်ငံ ဘန်ဒါ မန်ဂျာဟာလာ မြို့နယ်ရှိ ဆိုင်ခန်းငယ်တစ်ခုတွင် ခန္ဓာကိုယ်၌ ဓါးခုတ်ခံထားရသည့် ဒဏ်ရာများစွာ ရရှိကာ သေဆုံးလျက် အနေအထားဖြင့် တွေ့ရှိခဲ့သည်ဟု သိရသည်။

ဆန်တူရဲအရာရှိ လက်ထောက်ကော်မရှင်နာမင်းကြီး အာ မူနူဆမ်မီ က သွေးအိုင်ထဲတွင် လဲနေသော အသတ်ခံရသူ နှစ်ဦးကို အနားမှ ဖြတ် သန်း သွားသူတစ်ဦးက သတိထားမိခဲ့ခြင်း ဖြစ်သည် ဟု ပြောသည်။

သူက “အသက် ၃၄ နှစ်အရွယ် ကူမာ ဟုအမည်ရသည့် ပထမအသတ်ခံရသူ မှာ အဆိုပါ မုန့်ဆိုင်ပိုင်ရှင်ဖြစ်ပြီး အခြား အသတ်ခံရသူ အသက် ၄၂ နှစ် အရွယ် ဆော ဆိုသူမှာ ဈေးဝယ်သူတစ်ဦး ဖြစ်ကြောင်း စစ်ဆေး တွေ့ ရှိချက်များ က ဖော်ပြတယ်။ မှုခင်းဆေးပညာ စစ်ဆေးတွေ့ရှိချက်များအရ ကူမာသည် ၄င်း၏ ခန္ဓာကိုယ်တွင် ထိုးသွင်းဒဏ်ရာ ၁၂ ချက် ရရှိခဲ့ပြီး ဆော မှာ ထိုးသွင်းဒဏ်ရာ ၈ ချက် ရရှိခဲ့ကြောင်း” ပြောသည်။

သို့သော် အခင်းဖြစ်ရာနေရာတွင် လူသတ်လက်နက် ရှာဖွေတွေ့ရှိ ခဲ့ခြင်းမရှိကြောင်း သိရသည်။

အလောင်းများကို ကွာလာလမ်ပူ ဆေးရုံသို့ ရင်ခွဲစစ်ဆေးရန် ပို့ဆောင်ခဲ့ သည်။ အဆိုပါ အမှုကို လူသတ်မှု ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ အောက် တွ င် ဆက်လက် စစ်ဆေးလျက်ရှိသည်။

Ref and Photo :New Straits Times

mingala247

No comments:

Post a Comment