ကျောက်တန်းမြို့နယ် ဘန့်ဘွေးကုန်းဆည်ရှေ့ရှိ ကွမ်း ယာဆိုင်တွင် စကားများရန်ဖြစ် ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုး သားတစ်ဦး သေဆုံးခဲ့ကြောင်း ကျောက်တန်းရဲစခန်းမှ ရဲမှူးမင်း စိုးက ပြောသည်။
ဒီဇင်ဘာ ၂၅ ရက် ညနေ ၅ နာရီကျော်တွင် ဘန့်ဘွေးကုန်း ဆည်ရှေ့ရှိ ကိုမင်းသူ ကွမ်းယာဆိုင်၌ ဂစ်တာတီးသီချင်းဆိုသည့်ကိစ္စနှင့် စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြစ် မှုကျူးလွန်သူများသည် ကျောက် တန်းမြို့နယ်တွင် နေထိုင်သူများ ဖြစ်ကြောင်း အဆိုပါရဲအရာရှိက ပြောသည်။
‘‘သေဆုံးသွားတဲ့ သူနဲ့ အဖော်တစ်ယောက်ပါတယ်။ ဓားနဲ့ ထိုးတာကတော့ တစ်ယောက် တည်းပါ။ သူတို့အဖွဲ့ကတော့ အားလုံးခြောက်ယောက်ပါတယ်။ နှစ်ဖက်စလုံးကတော့ အရက်သောက်ထားတယ်။ ကျောက်တန်းဆေးရုံမှာ တစ်ယောက်ကသေတယ်။ နောက်တစ်ယောက်ကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ထားပါတယ်’’ဟု ရဲမှူးမင်းစိုးကပြောသည်။
သေဆုံးခဲ့သည့် စည်သူ အောင်(၂၆)နှစ်သည် ယာဉ်နောက်လိုက်ဖြစ်ပြီး ရင်ညွန့်နှင့်ကျောပြင်တို့တွင် ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကာ တင်မိုးဝင်း(၂၉)နှစ်မှာ ရင်ဘတ်၊ ပခုံးနှင့် ကျောပြင်တို့၌ ပြတ်ရှဒဏ်ရာများဖြင့် ရန်ကုန်ပြည်သူ့ဆေး ရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ် တက်ရောက်ကုသနေ ကြောင်း ကျောက်တန်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘နှစ်ဖက်စလုံးစကားများရန် ဖြစ်ပြီး လူသတ်မှုဖြစ်တာပါ။ လူ သတ်မှုကျူးလွန်သူတွေကိုလည်း သိပါတယ်။ လက်ရှိအချိန်အထိ တော့ သူတို့ခြောက်ယောက်စလုံး ထွက်ပြေးနေပါတယ်။ အမှုဖြစ် စဉ်တွေကိုလည်း စစ်ဆေးနေပါ တယ်။ တရားခံတွေမမိသေးတဲ့အတွက်ကြောင့် ဘာကြောင့်စဖြစ် တာလဲဆိုတာတော့ မသိရသေးပါ ဘူး’’ဟု ၎င်းကပြောသည်။
ထွက်ပြေးတိမ်းရှောင်နေသူ ခြောက်ဦးကို ကျောက်တန်းရဲစ ခန်းက ပြစ်မှုပုဒ်မ ၃၀၂/၃၂၆/၁၁၄တို့ဖြင့် အမှုဖွင့်အရေးယူ ထားပြီး တရားခံဖမ်းဆီးနိုင်ရန် လုပ်ဆောင်နေကြောင်း သိရ သည်။
7 daily
No comments:
Post a Comment