စမ်းချောင်းမြို့နယ် မင်း လမ်းရှိ ခြောက်ထပ်တိုက်ခန်း၏ အရေးပေါ်ထွက်ပေါက်တွင် အဝတ်ထွက်လှန်းသည့် အသက်(၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပြုတ်ကျသေဆုံးမှု ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
တိုက်သည် ခုနစ်ထပ်တိုက် အမြင့်ရှိပြီး တိုက်အနောက်ရှိ အ ရေးပေါ်ထွက်ပေါက် ထားရှိသည့် နေရာတွင် အဝတ်လှန်းစဉ် ခြေ ချော်၍ ပြုတ်ကျသည်ဟု ယူဆရ ကြောင်း စမ်းချောင်းမြို့နယ်စခန်း မှူး ဒုရဲအုပ်အေးမင်းက အတည် ပြုပြောကြားသည်။
ပြုတ်ကျချိန်တွင် နောက် ဖေးပေါက်ရှိ ရေမြောင်းအတွင်းသို့ ဦးစွာပြုတ်ကျကာ ခေါင်းကို ထိ ခိုက်မိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင် စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း အဆိုပါအခန်းနှင့် အိမ်နီးချင်း များက ဆိုသည်။
သေဆုံးသူ မိန်းကလေးမှာ အဘိုး၊ အဘွားများနှင့် အတူနေ ခြင်းဖြစ်ပြီး ယခင်ကလည်း နံနက် စောစောထ၍ အဝတ်လျှော်၊ အ ဝတ်လှန်းခြင်းများ ပြုလုပ်လေ့ရှိ ကြောင်း အိမ်နီးချင်းဖြစ်သူ မအေး စံပယ်က ပြောသည်။
‘‘ကန်ထရိုက်တိုက်တွေမှာ အင်မာဂျင်စီ(အရေးပေါ်) ထွက် ပေါက်ဆိုပြီး လုပ်ပေးထားတဲ့အ နောက်ပေါက်တွေက တော်တော် ဆိုးပါတယ်။ မိုးရွာရင် ရေညှိတွေ တက်ပြီး အုတ်တွေကလည်း ဆွေးနေတာ အမျိုးမျိုးဖြစ်နိုင်တယ်။ အုတ်စီပြီး ပြန်ကာလိုက်တာပဲ ကောင်းပါတယ်’’ဟု ၎င်းက ပြောသည်။
အဆိုပါအမှုနှင့် ပတ်သက် ၍ စမ်းချောင်းမြို့နယ် ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း စုံစမ်းသိရသည်။
7Day News Journal
No comments:
Post a Comment