******************************************************************************************
ဒီဇင်ဘာ ၂၇
မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းမှပေးပို့သော အိတ်ဖွင့်ပေး စာအပေါ် ထိုင်းနိုင်ငံသတင်းစာဆရာအသင်း၏ ပြန်ကြားချက် အပြည့်အစုံ ကို အောက်တွင်ဖော်ပြလိုက်ပါသည်။
၂၆ ရက်၊ ဒီဇင်ဘာ ၂၀၁၅
ထိုင်းနိုင်ငံ သတင်းစာဆရာအ သင်း၏ ရည်မှန်းချက်တစ်ခုမှာ သ တင်းစာအတတ်ပညာ မြှင့်တင်ရေး ဖြစ်ပါသည်။
သတင်းစာဆရာများ၏ တာဝန် ဟူသည် တရားမျှတမှုနှင့် အမှန်တရား ရှာဖွေဖော်ထုတ်ခြင်းဖြစ်သည်ဟူ သော မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းမှဖော်ပြထားသည်ကို ကျွန်ုပ် တို့ကလည်း သဘောတူညီကြပါသည်။
မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းနှင့် ထိုင်းနိုင်ငံ သတင်းစာ ဆရာအသင်းကြား၌သာမက ထိုင်း- မြန်မာနှစ်နိုင်ငံပြည်သူများ အကြား ချစ်ကြည်ရေးခိုင်မြဲကြရမည်ဖြစ်ပြီး ကော့တောင်ကျွန်း ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်များကဲ့သို့ အငြင်းပွားဖွယ်ရာ ဖြစ်ရပ် များအပေါ် တရားမျှတမှုနှင့် အမှန်တရားကို ကျွန်ုပ်တို့ရှာဖွေကြ ရမည်ဖြစ်ပါသည်။
မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ် ဦးအပေါ် ပြစ်မှုကျူးလွန်သည်ဟု ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က တရားရုံးမှ ပြစ်ဒဏ်ချ မှတ်ခြင်းသည် အပြီးတိုင်ဆုံးဖြတ်ခြင်းမဟုတ်သေးဘဲ တရားခံများအနေနှင့် အယူခံတက် ရောက်ခွင့်ရှိနေကြပါသည်။
ထိုင်းမီဒီ ယာများအနေနှင့် စုံစမ်းစစ်ဆေးမှု များမှရရှိသော အချက်အလက်သက် သေခံများကို အများပြည်သူသို့ဖော် ပြရန် အသင့်ရှိနေကြပါသည်။
ထိုင်း မီဒီယာများသည် အဖြစ်အပျက်အ ပေါ် တရားရုံးဆောင်ရွက်ချက်များ မှသာ ရရှိသတင်းများအရ ဖော်ပြခဲ့ ရပါသည်။
မြန်မာသတင်းစာဆရာအသင်း မှ တွေ့ရှိသောအမှန်တရားနှင့် တ ရားမျှတမှုအတွက် ဖော်ပြချက်များ အား လူ့အခွင့်အရေးနှင့် ဒီမိုကရက် တစ်တန်ဖိုးများအဖြစ် ကျွန်ုပ်တို့မှ ပူး ပေါင်းဆောင်ရွက်လိုပါသည်။
လူသားချင်းစာနာထောက်ထား မှုတွင် အမြင့်မားဆုံးတန်ဖိုးတစ်ခုဖြစ် သော တရားမျှတမှုအတွက် နှစ်နိုင်ငံ ပြည်သူများအကြား ပိုမိုနားလည်ကာ အမှု၏နောက်ကွယ်မှ အမှန်တရား အပေါ် သုံးသပ်ဖော်ပြခြင်းအပေါ် တွင် နှစ်နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက်စေနိုင်ရန်အ တွက် နီးကပ်စွာပူးပေါင်းဆောင်ရွက် နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ အသေအ ချာ ယုံကြည်ထားပါ သည်။
ထိုင်းသတင်းစာဆရာအသင်း
#Democracytoday
No comments:
Post a Comment