အခြားသော အစွန်းတစ်ဖက် ဖြစ်သည့် နေလို့ မကောင်းဆုံး နိုင်ငံများ စာရင်းတွင် နိုင်ဂျာသည် ထိပ်ဆုံး ရှိနေပြီး၊ ဗဟိုအာဖရိက၊ အဲရီထရီးယားတို့က အစဉ်လိုက် ရပ်တည် နေသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က ထုတ်ပြန်သော လူသားအရင်းအမြစ် ဖွံ့ဖြိုးမှု ညွှန်းကိန်းက ကမ္ဘာ့နိုင်ငံများကို အဆင့် သတ်မှတ် ထားခြင်းဖြစ်သည်။ ညွှန်းကိန်းသည် ကမ္ဘာ့နိုင်ငံ (၁၈၈) နိုင်ငံ၏ ဘ၀သက်တမ်း၊ ပညာရေးနှင့် နိုင်ငံသား တစ်ဦးချင်း ၀င်ငွေတို့ အပေါ် အဓိက အခြေခံ တွက်ချက်ပြီး နိုင်ငံများကို အဆင့် သတ်မှတ် ထားခြင်း ဖြစ်သည်။ နော်ဝေသည် ယခု စာရင်းတွင် (၁၂) နှစ် တိုင်တိုင် ထိပ်ဆုံးမှာ ရပ်တည် ခဲ့ခြင်း ဖြစ်သည်။ နော်ဝေ နိုင်ငံသားများသည် တစ်ဦးချင်း တစ်နှစ် ပျမ်းမျှ ၀င်ငွေ ဒေါ်လာ (၆၅၀၀၀) ရှိကြောင်းလည်း သိရသည်။
နေလို့အကောင်းဆုံး ထိပ်ဆုံး ဆယ်နိုင်ငံသည် အနောက်နိုင်ငံများချည်း ဖြစ်နေကြောင်းလည်း တွေ့ရသည်။ နိုင်ငံသားများ သက်တမ်း ပိုရှည်သည်၊ ပညာရည်မြင့်မားသည်၊ ၀င်ငွေ ကောင်းကြသည်။
အမေရိကန်က အဆင့်ရှစ်၊ ဗြိတိန်က ဆွီဒင်နှင့် ပူးတွဲ အဆင့် (၁၄) ၌ ရပ်တည်သည်။ ဟောင်ကောင်သည် အဆင့် (၁၂) တွင် ရပ်တည်ပြီး တရုတ်ပြည်မကြီးမူကား ဖီဂျီ၊ မွန်ဂိုလီးယားတို့နှင့် ပူးတွဲ အဆင့် (၉၀) ၌ ရပ်တည်သည်။
ပျော်စရာ အကောင်းဆုံး နိုင်ငံ အဖြစ် ယခင်က ထိပ်ပိုင်း ရောက်ခဲ့ဖူးသော ဗန်နူယာတူသည်ကား ဆီးရီးယားနှင့် အတူ အဆင့် (၁၃၄) သို့ ရောက်ရှိနေကြောင်း တွေ့ရသည်။ ကာတာ နိုင်ငံသားများသည်သည် တစ်ဦးချင်း ပျမ်းမျှ ၀င်ငွေ တစ်နှစ် ဒေါ်လာ (၁၂၃၁၂၄) ဖြင့် အချမ်းသာဆုံး ဖြစ်ကြောင်း တွေ့ရသည်။
mizzima
No comments:
Post a Comment